မြန်မာ Mobile App က User များကို Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free call ခေါ်လို့ရတဲ့ ၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်ရှင်။ နိုင်ငံခြား မှာတင်သုံးလို့ရတာမဟုတ်ဘဲ ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ရတာကိုတွေ့ ရပါတယ်။ ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ချိတ်ဆက်ထားရပါ မယ်။ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကိုအောက်မှာရယူလိုက်ပါ။ (မိမိတို့ဖုန်းနဲ့ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ) Viber for iPhone အားရယူရန် Viber for Android အားရယူရန် Viber for Nokia အားရယူရန် download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။ နိုင်ငံ ရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင် Myanmar (+95) ကိုရွေးချယ်ပေးပါ။ အောက်က TextBox မှာ မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ဖုန်းနံပါတ်က 09-2016878 ဆိုရင် ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။ (ဥပမာ- 92016878) ။ ပြီးရင...