သမိုင်း

Theme images by Storman. Powered by Blogger.

Text Widget

Sports

Gadgets

Blog Archive

Travel

Definition List

Wednesday, November 23, 2011

ဇော်ဂျီ နဲ့  window ပြဿနာ.....

အဓိကပြဿနာတက်တာတော့ window 7 နဲ့  64 bits တွေကိုကိုင်တဲ့လူတွေမှာ
အဆင်မပြေတာတွေများပါတယ် ..တကယ်လို့  အဆင်မပြေတဲ့လူတွေရှိရင် အောက်ပါအတိုင်းလေးလုပ်လိုက်ပါ..ကဲစရအောင်ဗျာ..
တခါတလေ စက်ထဲမှာဇော်ဂျီတွေတင်တာများလို့  ရှုပ်ကုန်ပြီး အဆင်မပြေဖြစ်နေတတ်ပါတယ်..အဲ့ဒီတော့ ပထမဆုံး ကျနော်ပေးချင်တဲ့ဆော့ဝဲလ်လေးက AlphaZawgyiRemover ဆိုတာလေးပါ...အဲ့ဒီကောင်လေးကို run လိုက်တာနဲ့    စက်ထဲကဇော်ဂျီတွေကို ဖျက်ပေးသွားပါလိမ့်မယ်...ပြီးတာနဲ့  စက်ကို restart ချပေးပါလိမ့်မယ်..
AlphaZawgyiRemover2.zip ဒီမှာဒေါင်းပါ....
ပြီးသွားပြီဆိုရင်တော့ ဒီမှာပေးထားတဲ့Alpha zawgyi unicode font ကိုဒေါင်းလိုက်ပါ...ပြီးတာနဲ့  install လုပ်လိုက်ပါ ပြီးရင်စက်ကို restart ချလိုက်ပါ...ဒါဆိုရင် အဆင်ပြေပါပြီ...
ဒီလိုလုပ်ပြီးမှ မြင်ပဲမြင်ရပြီး စာရိုက်လို့ မရသေးဘူး ၊ taskbar မှာလည်း keyboard icon လေးမပေါ်ဘူးဆိုရင်တော့ နောက်ထပ် software လေးထပ်ပေးပါမယ်
ယူပြီးသွားတာနဲ့  rar ဖိုင်လေးကိုဖြည်လိုက်ရင် zawgyi folder လေးထွက်လာပါမယ်...ဖိုင်ကိုဖွင့်လိုက်ပါ ပြီးရင်setup ဆိုတာလေးကို run လိုက်ပါ... loading တို့  install လုပ်တာတို့ မပြပဲ ခဏကြာတာနဲ့  အောက်မှာပြထားတဲ့ပုံလေးအတိုင်း box လေးတစ်ခုပေါ်လာပါလိမ့်မယ်...

ပေါ်လာပြီဆိုတာနဲ့  close ကိုနှိပ်လိုက်တာနဲ့  taskbar မှာ keyboard icon လေးပေါ်နေမှာပါ..စမ်းရိုက်ကြည့်ပါ ...မြန်မာစာ (ဇော်ဂျီ)ကို အဆင်ပြေစွာ ရိုက်လို့ ရတာ တွေ့  ရပါမယ်..
နောက်ထပ်ပြောချင်တာလေးက IE9 ကို update လုပ်လိုက်ရင် gtalk မှာ အကွက်ထဲမှာ စာရိုက်ရင် မြင်ရပြီး enter ခေါက်လိုက်ရင် အကွက်လေးတွေပဲပေါ် ပြီး မြန်မာစာကို မမြင်ရတော့ပဲ ဖြစ်တတ်ပါတယ်..
အဲ့ဒီလိုဆိုရင်.. IE ရဲ့ Tools > Internet Options > Fonts မှာ Zawgyi-One ကိုရွေးပေးလိုက်ရင် ရပါပြီ..