Skip to main content

Posts

Showing posts with the label History

ဂဠာန်ဦးစော ကိုယ်တိုင် ဖွင့်ဟခဲ့သော အကြောင်းများ

Galone U Saw was hanged! ဂဠာန်ဦးစော ဟု ဆိုလိုက်လျှင် ကလေးလူကြီး မရွေး အားလုံးသိပြီးလိမ့်မည်ဟု ထင်ပါသည်။ ဂဠာန်ဦးစောသည် အာဇာနည် ခေါင်းဆာင်ကြီးများအား လုပ်ကြံမှုဖြင့် ၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကြိုးပေးခံရတော့မည်ဖြစ်သည်။ ဦးစောသည် သူ၏ လွတ်မြောက်ရေးကို နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သေးသည်။ အသနားခံစာများ ၊ အယူခံစာများဆင့်ဆင့် တစ်မျိုး ၊ နိုင်ငံခြားသံရုံးတစ်ရုံးသို့ လျို့ဝှက် အကူအညီတောင်းခံသည့် စာက တစ်ဖုံ ၊ နောက်ဆုံး သူ့ကိုယ်သူ လုပ်ကြံရန်ပင် တစ်နည်း ကြိုးစား ကြံစည်ခဲ့သေးသည်။ သူ၏ အကြံအစည်အားလုံး မအောင်မြင်ခဲ့သည့် အတွက် ဦးစောသည် အချက်တချို့ကို တောင်းဆိုခဲ့သေးသည်။ လက်ထိပ် မခတ်ပဲ ကြိုးစင်သို့ခေါ်ရန် ၊ သူ့ကို ပထမဆုံးကြိုးပေးရန် နှင့် ဘဝကူးကောင်းရန် စိတ်ငြိမ်စွာနေခွင့်ပြုရန် ၊လယ်တီဆရာတော် ဘုရားကြီး၏ တရားစာအုပ်များ ဝယ်ပေးရန် တောင်းဆိုခဲ့သည်။ နောက်ဆုံးအချိန်များတွင် ဦးစောသည် သူ့အကြောင်းကို ဖွင့်ဟ ဝန်ခံခဲ့သည်။ ” ကျုပ် တစ်သက်လုံး ဗုဒ္ဓဘာသာလို့ ပြောခဲ့တာပဲ ၊ တကယ်တော့ ကျုပ်ဟာ မိရိုးဖလာ သာမန်ဗုဒ္ဓဘာသာမျှသာဖြစ်ခဲ့တာကို တရားစာပေတွေလေ့လာပြီးမှ ပိုပြီးသိရတယ် ၊ မကောင်းမှုမှန်သမျ...

No student at History Department

History of Burma မြန်မာနိုင်ငံသမိုင်း ပုံပါသတင်းကို အခုပဲတွေ့ရလို့ အံ့သြတုန်လှုပ်မိပါတယ်။ သမိုင်းမေဂျာနဲ့အောင်ခဲ့တဲ့ဇနီးကိုပြောတော့ သူ့ဆရာ ဒေါက်တာသန်းထွန်းကို အမှတ်ရမိတယ်တဲ့။ သမိုင်းသင်တာက မ,အအောင်လို့ပြောခဲ့တဲ့ဆရာ။ အခု သမိုင်းကို မသင်ကြတော့တာက အ,ချင်လို့မဟုတ်မှန်းသိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းကို စဉ်းစားကြရတာဖြစ်နိုင်ပါတယ်။ ပညာရေးဆိုတာ တိုင်းပြည်ရဲ့လိုအပ်ချက်အရ သင်ပေးနိုင်ရင်ကောင်းတယ်။ ကျွန်တော်ကတော့ (၉) တန်းအထိသာ သမိုင်းသင်ခဲ့ရပါတယ်။ သိနေအောင်တော့ ဆက်လုပ်နေရတုန်းပဲ။ မြန်မာနိုင်ငံသမိုင်း ပြည်ထောင်စုမြန်မာနိုင်ငံဟာ ယဉ်ကျေးမှုနဲ့ ဖြစ်ထွန်းမှုတွေ နှစ်ပေါင်းထောင်နဲ့ချီပြီးရှိတယ်။ သမိုင်းမတင်မီကတည်းက မြစ်ကြီးတွေနဲ့ တောင်ကြားလွင်ပြင်တွေမှာ လူတွေနေထိုင်ခဲ့ကြတယ်။ အိမ်နီးချင်း တရုပ်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ ကူးလူး ဆက်ဆံခဲ့ကြတယ်။ သီရိလင်္ကာကုန်သင်္ဘောတွေရောက်တယ်။ တခြားဒေသတွေကနေ မလေးကျွန်းဆွယ်ကြား ခရီးတထောက်နားရာအရပ်ဖြစ်ခဲ့တယ်။ အိန္ဒိယတိုက်ကနေ ဘာသာရေး၊ နိုင်ငံရေးနဲ့ တရားစီရင်ရေး၊ အနုပညာ၊ လက်မှုပညာတွေ၊ အယူအဆတွေရခဲ့တယ်။ ဒါပေမယ့် အိန္ဒိယယဉ်ကျေးမှုလွှမ်းတာ မသိသာပဲ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းထားနိုင်တာက တခြ...

မင်းတုန်းမင်း

မင်းတုန်းမင်း ===================  မင်းတုန်းမင်းသည် မန္တလေး ရတနာပုံ ပထမမြို့တည် နန်းတည်မင်းဟူ၍လည်းကောင်း၊ ပဉ္စမသင်္ဂါယနာတင်မင်းဟူ၍ လည်းကောင်း၊ ဆဒ္ဒန်ဆင်မင်းသခင် ဘဝရှင်မင်းတရားဟူ၍ လည်းကောင်း ထင်ရှားသည်။ နိုင်ငံချင်းချင်းဆက်ဆံရေး၊  နိုင်ငံ တွင်း စီးပွားရေး၊ အုပ်ချုပ်ရေး၊ သာသာနာရေးစသည်တို့၌ အမြော်အမြင်ကြီးစွာ ဆောင်ရွက်ခဲ့သည်။ ငြိမ်းချမ်းရေးကို အထူးမြတ်နိုးသော မင်းတရားကြီးဖြစ်သည်။ မင်းတုန်းမင်း(မြန်မာ ၁၁၇၆-၁၂၄ဝ) မင်းတုန်းမင်းသည် ကုန်းဘောင်ဆက် ဒုတိယ နောက်ဆုံး ဘုရင်ဖြစ်၍ အင်္ဂလန်နိုင်ငံ ဝိတိုရိယဘုရင်မကြီးနှင့် နန်းပြိုင်ဖြစ်သည်။ မန္တလေး ရတနာပုံ နေပြည်တော်ကြီးကို တည်ထောင်တော်မူသဖြင့် မန္တလေး ရတနာပုံ ပထမမြို့တည် နန်းတည်မင်းဟူ၍လည်းကောင်း၊ ပဉ္စမသင်္ဂါယနာ တင်တော်မူ သည်ကိုစွဲ၍ ပဉ္စမသင်္ဂါယနာတင် မင်းဟူ၍လည်းကောင်း၊ စော်ဘွားများကဆက်သသော ဆင်ဖြူတော်များကို ခံယူရသဖြင့် ဆဒ္ဒန်ဆင်မင်းသခင် ဘဝရှင်မင်းတရား ဟူ၍လည်းကောင်း၊ ငယ်စဉ်က မင်းတုန်းမြို့ကိုစားရသဖြင့် မင်းတုန်းမင်းဟူ၍လည်း ကောင်း ထင်ရှားသည်။ ငယ်မည်မှာ မောင်လွင်တည်း။ အမရပူရ ဒုတိယမြို့တည် နန်းတည် သာယာဝတီမင်း နှင့် တောင်ဆောင်တော် ကျောက်မော်မြို့စား မိဖုရားသီရိ...

ရဲဘော်ရဲဘက်

  မြန်မာသက္ကရာဇ် ၈၈၉ ခုနှစ်၊ အင်းဝခေတ်ပတ်ဝန်းကျင်တွင် ရှင်အဂ္ဂသမာဓိက “ ရဲဘော် ” ဝေါဟာရကိုဖွင့်ဆိုပြီး နောက် နှစ်နှစ်အကြာမှာ ရှင်မဟာရဌသာရ၏ သံဝရပျို့ စာပိုဒ် ၁၇၃ မှာ အောက်ပါ အတိုင်းတွေ့ရပေသည်။ “ ဆွေစစ်မျိုးစစ်၊ ကျေးနှစ်ကျွန်ရင်း၊ ရဲဘော်ချင်းနှင့် ရဲတင်းလက်နက်၊ ရဲဘက်မှူးမတ်၊ ရဲညီညွတ်လျက်၊ မချွတ်သစ္စာ၊ ပညာလုံ့လ၊ စွန့်ထပေးကမ်း၊ ပြည်လုံးမွမ်း၍၊ တတ်စွမ်းနိုင်ရေး၊ ရှင့်ညီထွေး ကား၊ ရှေးထောက်နောက်ငဲ့၊ ကိုယ်ကြပ်ဖွဲ့သော်၊ ကိုးဆယ့်ကိုးထပ်၊ နားပန်းထပ်မှု၊ ချည်းကပ်မြို့ပါး၊ နောင် တော်များ၏၊ စွမ်းအားကြီးထူ၊ ရဲမက်ဟူသား၊ ရန်သူမှန်တိုင်း၊ လှိုင်း၍လှုပ်ဖြို၊ စိတ်မပြိုသည်၊ မြင်းမိုရ်တောင် နှယ်ခိုင်သတည်း ” ရှင်မဟာရဌသာရသည် အင်းဝခေတ်၏ ရှေ့ဆောင်ပုဂ္ဂိုလ်စာဆိုအရှင်ဖြစ်ပေသည်။ စာဆို၏ကိုးခန်းပျို့ဘူရိဒတ်လင်္ကာကြီး၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့၊ ဂမ္ဘီသာရပျို့များမှာ ထင်ရှားပြီး အားထား မှီခိုရာဖြစ်ပေသည်။ အထက်ဖော်ပြပါ သံဝရပျို့လာ ရဲဘော်ချင်း၊ ရဲတင်းလက်နက်၊ ရဲဘက်မှူးမတ်၊ ရဲညီညွတ်၊ ရဲမက်စသည်ဖြင့် စစ်ဝေါဟာရများစွာကို ဖွင့်ဆိုထားပေသည်။ သံဝရပျို့ကို ပြည်ဘုရင်ထွေးက တောင်းပန်သဖြင့် ပြည်မြို့မှာ ရှင်မဟ...

Kawlgam President Thak Liklek U Htin Kyaw Taangthu

Kum 70 a upa, Kawlgam President Thak likkek U Htin Kyaw pen Mon sisan leh Kawl sisan kihel khat hi-in 1946 July 20 in Yangon Division,Kungyangon Myo ah suak hi.Apa U MinThu Wun pen Kawlgam sung ah (Poet) laigelh siam in a minthang khat a hihi.Apa MinThu Wun pen 1990 kum kiteelna ah NLD Party te ii Kungyangon Myone Pyituh Luatdaw Kusale a hihi. U Htin Kyaw pen Pi Aung San Suh Kyi tawh akibang in English Methodist Missionary High School Yangon ah Highschool na kah khawm ngei uh aa,1962 kum in Yangon University ah pilna sim in 1968 Kum tak ciang in Sipuazi buaih M.Econ tawh sang hong man hi. 1971-1972 Kum in Institute of Computer Science, University of London England gam ah sangvakah in Computer Science tawh sang hong man in,1973 Kum tak ciang in azi Daw Su Su Lwin tawh hong kiteeng hi. 1974 Kum in Japan gam Tokyo khuapi ah Asia Electronics Union ah Computer lam tawh kisai pilna sim in sang vakah hi.1974-75 Kum in Yangon University pan in M.Sc Computer Science tawh sang hong man hi. 1975...

Zomite minam nasepna tangthu tomkim

Minam khat in ka gam ka lei a cih ding gam khat neih ding pen baih het lo hi. A neisate in zong a gam a lei uh it in, gal leh sa lakah a khahsuah lohna dingin ahih theih zahun keem tek uh hi. Tua mah bangin I pu I pate in zong I gam I lei hu a, a khang a khanga gal leh sa a dona uh gen ding tampi om hi. Zogam la dinga British galkapte hong kuan lai taka I pu I pate in a hih zawh zahun Mikang galkapte nangin, a do mah bangun, Mikang ten Zogam hong lak khit ciangin zong Zogam pan Mikang galkapte nohkhiat kik sawmin hih theihnana pan do tawntung uh hi. Tua hanga Mikangte khut thuak minthang masa pen Pu Thuam Thawng leh a tapa Tg. Pau Dal, Pu Kai Tuah leh Pu Khai Kamte hi a, 1898 kuma Mikangte phualpi Thuamvum (Kennedy peak/ Fort White) a simna uh pan Mikang galkapte in man in, Pu Thuam Thawng leh tapa Pau Dal pen Kendat thongah puak uh a, hih thongah a pata-un si uh hi. Pu Kai Tuah leh Pu Khai Kam pen khantawn gotna kipia a, Pu Kai Tuah pen Myingyan thongah, Pu Khai Kam pen Andaman tuikul...