ZawGyi မလေးရှးတွင် ဇိုမီးအမျိုးသမီးတစ်ဦး အသတ်ခံရ ------------------------------- မလေးရှားနိုင်ငံ ကွာလာလွမ်ပူမြို့က စားသောက်ဆိုင် တစ်ခုမှာ အလုပ်လုပ်ကိုင်နေသည့် ဇိုမီးအမျိုးသမီး ဒေါ် ထန် ရှင်း ဒိမ့် ခေါ် ဒီဒိမ်း သည် လည်ပင်း၌ ဓါးဒာဏ်ရာနှင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု သိရပါသည်။ သေဆုံးသူ မှာ အသက် ၂၂နှစ်သာ ရှိပြီး အိမ်ထောင်သည်တစ်ဦးဖြစ်သည်ဟုလည်း သိရပါသည်။ သေဆုံးချိန်မှာ သူ့ဘေး၌ မီးဖိုချေင်ဓါးနှစ်လက်ကို တွေ့ရှိခဲ့ပြီး အသက်ထွက်သွားပြီဖြစ်ကြောင်း လည်း သိရှိရပါသည်။ သေဆုံးသူ အမျိုးသမီး ၏ခင်ပွန်းသည် သည် အလုပ်ဆင်းနေချိန် ဖြစ်ကြောင်း နီးစပ်သူ အတိုင်းအဝိုင်းက သိရပါသည်။ တရားခံ လူသတ်သမားဟု ယူဆရသူ အမျိုးသားမှာ သေဆုံးသူနှင့် စားသောက်ဆိုင်တစ်ခုတည်းက အလုပ်သမားဖြစ်မည်ဟု သံသယ ရှိနေကြပါသည်။ လူသတ်သမားဟု သံသယ ရှိသူမှာ ဗမာ ဖြစ်ပြီး သူ့နာမည်မှာ Thet Wai လို့ facebook မှာတွေ့ရထားပါသည်။ သေဆုံးသူရဲ့ ဆွေမျိုးတွေက မလေးရှားရဲတွေကို တိုင်ကြားခဲ့ သော်လည်း အခုချိန်ထိ အဖမ်းအဆီး ဘာမှ မရှိသေးကြောင်းလည်း နီးစပ်သူ ဆွေမျိုးတွေက ပြောကြားခဲ့ ပါသည်။ လူလူချင်း ရန်ငြိုးပွါးသော သတ်ဖြတ်မှုကို ကျနော်တို့ ဇိုမီးတွေ က အပြင်းအထန် ကန...