Programming Languages Programming Language တစ်ခုခုကိုသင်မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင် လူတိုင်းအရင်ဆုံးစတွေ့ရတဲ့အခက်အခဲကတော့ဘယ် language ကိုသင်ရမလဲဆိုတာပါပဲ။ ဒီ article ကိုရေးရတဲ့အကြောင်းကတော့ ဘယ် field တွေအတွက် ဘယ် language တွေလိုအပ်တယ် ဘာတွေကိုသိထားသင့်တယ် ဘယ်မှာသင်လို့ရတယ်ဆိုတာကို အကြမ်းဖျင်းရှင်းပြချင်လို့ပဲဖြစ်ပါတယ်။ ရွေးချယ်တဲ့နေရာမှာ အထောက်အကူပြုစေမှာကတော့ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကိုသိတာပါပဲ။ ဥပမာ android ဖုန်းအတွက် application ရေးချင်တာပဲဖြစ်ဖြစ်၊ ဝဘ်ဆိုက်ရေးချင်လို့ပဲဖြစ်ဖြစ်ရည်ရွယ်ချက်ကိုသိရင်တော့အစပြုရတာပိုပြီးတော့လွယ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ကျွန်တော်ကိုယ်တိုင်လဲ language တစ်ခုကိုကျွမ်းကျွမ်းကျင်ကျင်ကြီးမတက်ပါဘူး။ ဝါသနာအရလေ့လာရင်းအခြေခံလောက်အနည်းငယ်သာသိတာပါ။ Programming Language တွေကိုယေဘူယျအားဖြင့် dynamically typed(not compiled) နဲ့ statically typed(compiled) ဆိုပြီး၂မျိုးခွဲနိုင်ပါတယ်။ ပထမအမျိုးအစားကတော့ run ဖို့ကို compile လုပ်စရာမလိုလို့ lightweight apps/web applications တွေမှာအသုံးများပါတယ်။ ဥပမာ – Javascript, Ruby, Python, PHP။ ဒုတိယကတော့ compile လုပ်...