သမိုင်း
Theme images by Storman. Powered by Blogger.
Text Widget
Sports
Gadgets
Blog Archive
Travel
Definition List
Friday, August 24, 2018
Falam ထဲ ရှိ Buannel
Falm peng Buannel by Chinland Herald
Zawgyi Version:
Unicode Version:
ဖလမ်းမြို့နယ် ထဲတွင်ပါဝင်သော Buannel ဒေသအား တိကျသော အသိအမှတ် ပြုခြင်း ရယူနိုင်ရန် လူထုကနေ အစိုးရ ထံ တင်ပြ လျှောက်ထား သွားမည် ဖြစ်ကြောင်း ကို CH မှ သိရှိရပါ သည်။
၎င်း Buannel သည် ဖလမ်း နှင့် တီးတိန် စပ်ကြားတွင် တည်ရှိပြီး အင်္ဂလိပ်ခေတ် အချိန်တုန်းက နာမည် သတ်မှတ်ခြင်းသာ ရှိ ၍ နယ်မြေ နယ်နိမိတ် ကို မြေစရင်း ဌါန မှ တာဝန်ယူ ကွင်းဆင်း တိုင်းထွာခြင်းများ ပြုလုပ် သွား ရန် လျောက်ထားဖို့ အစီအစဉ် ရှိသည်။
ဇူလိုင်လ (၇)ရက်နေ့တွင် ကျင်းပ သွားသော Falam Prospect Workshop အစည်းအဝေး တွင် Tuicirh ကျေးရွာ ဥက္ကဌ ဖြစ်သည့် Pu Hram Kung က "ဘိုးဘေး ခေတ် ကတည်းက နာမည် သာ ရှိပြီး မြေစရင်း ရုံးကနေ နယ်နိမိတ် တိုင်ထွာခြင်း ပြုလုပ် သွားတာ ကို တော့ မသိခဲ့ ဘူး"လို့ ဆိုသွား ပါသည်။ ထို workshop တွင် ချင်း ပြည်နယ် သစ်တော ဝန်ကြီး တာဝန် ယူနေသည့် Pu Mang Hen Dal က "မကြာခင် မှာ ဖလမ်း မြို့နယ်ထဲ မှာ ရှိသော Buannel နှင့် Zatual ဒေသ တွေကို မိုးကြိုး ဝိုင်း(Reserved Forest) အဖြစ် ပြုလုပ် သွား မယ်" ဟု ပြောကြား သွား ခဲ့ ပါသည်။
ထိုသိ့ု့ မိုးကြိုး ဝိုင်း အဖြစ် ပြုလုပ် နိုင် ဖို့ရန် သစ်တော ဌါန ကနေ အနီး အနား ရှိ ကျေးရွာ များ ကနေ လူထုထံ သဘောတူကြောင်း နာမည် စရင်း ကောက်ယူပြီး လက်မှတ် ရေးထိုး နေတုံး ဖြစ်ပြီး Zatual ဒေသ(အုပ်စု) က လူထု တွေကတော့ လက်မှတ် ထိုး ရန် ညင်းဆန် နေ ကြကြောင်း သိရပါ သည်။ ချင်း ပြည်နယ် သစ်တော ဌါန ကတော့ Buannel ကနေ ဧက ၁၂,၀၀၀ နှင့် Zatual ကနေ ဧက ၃၈,၀၀၀ တို့ကို မိုးကြိုးဝိုင်း အဖြစ် ပြုလုပ် သွားရန် အစီအစဉ် ရှိ ပါသည်။
ဒီ ကိစ္စနှင့် ပတ်သက်ပြီး လူကြီးတစ်ဦး က "Bualpi ဖြစ် စေ၊ Angteng ဒေသ မှာ ဖြစ်စေ သစ်တော ဌါန က မိုးကြိုး ဝိုင်း တွေ ပြုလုပ် ပြီး ဒေသခံ လူထု မဟုတ်သော  ဗမာ တွေက ဒေသခံ ပြည်သူ အစုအဖွဲ့ ပိုင် သစ်တော(Community Forest) တည်ဆောက် ရန် လာရောက် လျှောက်ထား ခြင်း ဟာ ကျွန်တော် တို့ရဲ့ နယ်မြေတွေ ဆုံးရှုံးရာ ရောက် တယ်" လို့ ပြော သွား ပါသည်။
ဖလမ်း သစ်တော ဦးစီးမှူး က "မိုးကြိုးဝိုင်း ပြုလုပ် သွား ပြီ ဆိုရင် မြို့ခံ လူထု က Community Forest တည်ဆောက် ရန် လျှောက်ထား လို့ ရတဲ့ အတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက် ဖို့ အတွက် ကောင်းတဲ့ အကြံအစည် တစ်ခု ပါ" လို့ သုံးသပ် သွား ပါသည်။ Buannel အနီး ၌ ရှိသော Khuaimual ကျေးရွာ ဥက္ကဌ Pu Kam Khaw Tuan ကတော့ "ကျွန်တော် တို့ ကတော့ လက်မှတ် လာ ကောက်တာ ဟာ ကောင်း သလား၊ ဆိုး သလား တော့ မသိဘူး။ ဒီကို လာပြီး လက်မှတ် ထိုး ခိုင်း လို့ လက်မှတ် ရေးထိုး တာ ပါဘဲ" ဟု CH ကို ပြောကြား သွား ပါသည်။
သို့ဖြစ် ၍ Global Chin(Falam) Organization, ဖလမ်း မြို့မိ မြို့ဖ များ နှင့် ဖလမ်း မြို့ ထိန်းသိမ်း စောင့်ရှောက် ရေး အဖွဲ့ တို့ ပူးပေါင်းပြီး ဖလမ်း နယ်နိမိတ် ကော်မတီ(Falam Ramri Committee) ကို ဖွဲ့စည်း ၍ လုပ်ငန်း အစီ အစဉ် များ ကို ဆောင်ရွက် သွားမှာ ဖြစ် ပါ သည်။
July 10 ရက်နေ့ က Chinland Herald က ရေးသွား တဲ့ Falam peng sung ih Buannel ram cu tahfel a si ding ကို Len Nupa page မှ အဆီလျော်ဆုံး မြန်မာ လို ပြန်ဆို ထား ပါ သည်။
Wednesday, August 8, 2018
Benifits of Sex life
#Unicode Version#
လိင်ဆက်ဆံခြင်းဆိုတာ တကယ်ပဲ ကျန်းမာရေးကို ထူးခြားကောင်းမွန်စေပါသလား။ အိပ်ရာထဲက အချစ်မေတ္တာတွေရဲ့ နောက်ကွယ်မှာ အံ့ဖွယ်ကောင်းကျိုးတွေ ရှိနေပါတယ်။
●        ပုံမှန် လိင်ဆက်ဆံသူတွေ အဖျားအနာ ကင်းပါတယ်။  ကိုယ်ခံအားစနစ်ကို မြင့်တက်စေပြီး စိတ်ရောကိုယ်ပါ လန်းသွားတဲ့အတွက် အဖျားအနာ နည်းပါသတဲ့။
●        အိပ်ရာထဲမှာ အဖော်လေးနဲ့ ပွဲကြမ်းနေလိုက်မယ်ဆိုရင် တစ်မိနစ်လျှင် ၅ ကယ်လိုရီ ကျဆင်းပြီး မိနစ်သုံးဆယ် ချစ်ပွဲဝင်ခြင်းဖြင့် ၁၅၀ ကယ်လိုရီ ကျစေပါသတဲ့။
●        သွေးတိုး ကျစေသတဲ့။ နက်နက်နဲနဲ ချစ်ကြပြီဆိုတာနဲ့ သွေးကြောလေးတွေကို ကျယ်ပြန့်သွားစေပြီး သွေးတိုးကို ကျဆင်းစေပါသတဲ့။
●        ချစ်သူနဲ့မနေချင် အားကုန်နေသလို ခံစားနေရပါသလား။ အသက်ကြီးလာလို့ မိန်းမကိုယ် ခြောက်သွေ့နေတဲ့အတွက် စိတိမပါတော့ဘူးလား။ စိတ်ရှည်လက်ရှည်လေး နှူးနှပ်ပြီး ထွေးပွေ့ယုယကာ စိတ်ပါလာအောင် ကြိုးစားကြည့်လိုက်ပါ။ အစပဲ ခက်ပေမယ့် ပုံမှန်လေး ကြိုးစားကြည့်ခြင်းဖြင့် သာယာလှပတဲ့ လိင်မှုဘဝကို ထိန်းထားနိုင်မှာပါ။ အသက်ကြီးတောင် မပျက်စီးဘူးပေါ့။
●        လိင်ဆက်ဆံခြင်းဖြင့် ဝက်ခြံထွက်တာ အနည်းနဲ့အများဆိုသလို လျော့နည်းစေပါသတဲ့။  အရေပြားကို သွေးစီးဆင်းမှု တိုးတက်ကောင်းမွန်လာပြီး အဆိပ်တွေ ကင်းစင်သွားကာ အရေပြားကို စင်ကြယ်သွားစေပါတယ်။
●        ရာသီလာစဉ် အမြဲကိုက်ခဲတတ်တဲ့ အမျိုးသမီးတွေဟာ မိမိကိုယ်မိမိ စိတ်ဖြေတာမျိုး လုပ်ကြည့်ခြင်းဖြင့် နာကျင်မှုတွေကို အများကြီး သက်သာလျော့ပါးစေပါတယ်။
●        ကောင်းကောင်း အိပ်စေပါတယ်။ မိန်းမအစေ့၊ ယောကျာ်းအဂါၤဟာ အော်ဂဆင်အနေနဲ့ တောင့်တင်းလာပြီးတဲ့အခါ ပရိုလက်တင်ဟော်မုန်း ထွက်လာတဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်စေပါတယ်။
●        လိင်ဆက်ဆံနေစဉ်မှာ တစ်ယောက်နဲ့တစ်ယောက် ထွေးပွေ့ယုယတာ ဖက်ရမ်းနမ်းရှုံတာတွေကြောင့် စိတ်ဖိစီးမှုတွေကနေ သက်သာမှုရစေပါတယ်။
●        ဦးနှောက်အာရုံကြောစွမ်းအား တိုးတက်လာပါတယ်။  ဦးနှောက်ထဲက နူရုန်းဆဲလ်တွေကို တိုးပွားစေတဲ့အတွက် အတွေးအခေါ်တွေ ရှင်းလင်းထက်မြက်လာကြပါတယ်။
●        နုပျိုတဲ့အသွင် ရရှိစေပါသတဲ့။ လိင်ဆက်ဆံပြီး ၄၈ နာရီအတွင်းမှာ အသားအရေနဲ့ မျက်နှာဟာ သိသိသာသာ ကြည်လင်တောက်ပလာပြီး နုပျိုလန်းဆန်းတဲ့အသွင်ကို ထိန်းထားနိုင်ပါတယ်။
Credit: မာလာခင် (စိန်ပန်း) (www.drmyanmar.com)