Skip to main content
Len Nupa is being attacked!
Len Nupa is being attacked!
&&&&&&&&&&&&&&&&&&&&&
၎. ဒုတိယကမ္ဘာ စစ်ကြီး အတွင်း ၁၉၄၄ ခုနှစ်တွင် Commissioner ပူ ထောင်းကျင့်ထန် (Pu Thawng Cin Thang) နှင့် Mr NW Kelly တို့ ဦးဆောင်ပြီး Sukte Independent Army ကို ဖွဲ့စည်း ၍ ဂျပန်စစ်သားတွေကို တိုက်ထုတ်နေစဉ် "ကပ်တဲလ် မြေ Len Nupa ဒေသတွင်" နေရာယူထား ကြောင်း Pu Tual Khaw Mang က Buannel မှ Len Nupa သို့ အမည်ပေးထား သော Teeltui Zingsol, Vol 2, p. v တွင် ဖော်ပြထား သည်။
Unicode:
[Zawgyi]
&&&&&&&&&&&&&&&&&&&&&
၎. ဒုတိယကမ္ဘာ စစ်ကြီး အတွင်း ၁၉၄၄ ခုနှစ်တွင် Commissioner ပူ ထောင်းကျင့်ထန် (Pu Thawng Cin Thang) နှင့် Mr NW Kelly တို့ ဦးဆောင်ပြီး Sukte Independent Army ကို ဖွဲ့စည်း ၍ ဂျပန်စစ်သားတွေကို တိုက်ထုတ်နေစဉ် "ကပ်တဲလ် မြေ Len Nupa ဒေသတွင်" နေရာယူထား ကြောင်း Pu Tual Khaw Mang က Buannel မှ Len Nupa သို့ အမည်ပေးထား သော Teeltui Zingsol, Vol 2, p. v တွင် ဖော်ပြထား သည်။
[Unicode]
Len Nupa ကို ခိုးယူရန်ကြံစည်ခြင်း
&&&&&&&&&&&&&&&&&&&&&
 ကမ္ဘာ့ နေရာ အနှံ့အပြား၌ တွေ့ရသော လူထုနှင့် ဆိုင်သော သစ်တော (Community Forest)လို့ ပြောဆို ခေါ်ဝေါ်ကြသော တောအုပ် တောနက်၊ သစ်ပင် ထူထပ်သော အရပ် နှင့် ရှုခင်းလှပပြီး ရာသီဥတုကို ထိန်းချုပ် ပေးသော နေရာ အချို့ ကို ထိန်းသိမ်း စောင့်ရှောက် ရန် အရေးကြီးကြောင်း ကိုနားလည် သဘောပေါက် ပါသည်။
Falam Prospect Workshop လို့ အမည် တပ်ခေါ် ထား တဲ့ အစည်းအဝေး ကို ဇူလိုင်လ ၇ ရက်နေ့က ပြုလုပ် ကျင်းပခဲ့ရာ ဖလမ်းလူထု က "ဖလမ်း မြို့နယ်အတွင်း ၌ တည်ရှိနေသော Buannel ကို ထိန်းချုပ်ထားတဲ့ သစ်တော (reserved forest) လုပ်ဖို့ ရန် အစိုးရ ထံ တောင်းလျှောက် သွားရန် အစီအစဉ် ရှိကြေကြာင်း" ဇူလိုင်လ ၁၀ရက်နေ့တွင် the Chinland Herald ဝဘ်ဆိုဒ် စာမျက်နှာ တွင် ဖော်ပြထား ပါသည်။ သူတို့ စာမျက်နှာ ထဲမှာ ချင်းပြည်နယ် သစ်တော ဝန်ကြီး ဦးမန်ဟင်းဒါလ်း က "မကြာခင်မှာပဲ ဖလမ်းမို့နယ်ထဲ၌ ရှိသော Buannel နှင့် Zatual ဒေသ ကိုလည်း Reserved Forests အဖြစ် ပြုလုပ်သွား မည်လို့ ပြောကြားကြောင့်" http://www.chinlandherald.com/2018/07/10/falam-peng-sungih-buannel-ram-cu-tahfel-a-si-ding/ ၌ ရေးသားထား ပါသည်။
Buannel လို့ ဖလမ်း နှင့် တခြား ဘာသာစကားသုံးသော လူမျိုး အချို့ကသာ ခေါ်ဆို ကြတာ ဖြစ် ပေမဲ့ သူ့ အနီး တစ်ဝိုက် က ဒေသခံတွေ ကတော့ Len Nupa လို့ ခေါ်ဆို ကြတာ ဘိုးဘေး ဘေဘင်ခေတ် ကတည်း က ဖြစ်ပါသည်။ Buannel က ဖလမ်း မြို့နယ် ထဲတွင် တည်ရှိသည် ဟု အထက်က Chinland Herald ကဆိုထား ပါသည်။ သို့သော်လည်း ၎င်းသည် တီးတိန်မြို့နယ် အတွင်း၌တည်ရှိကြောင်း ကို ဖေါ်ပြသွားမှာ ဖြစ် ပြီး ပြယ်နယ်အစိုးရထံမှ တောင်းယူလို့ အလကား ရယူလို့ ရတဲ့နေရာ အဟုတ်ကြောင်း သိစေအပ် ပါသည်။
၁. ကပ်တဲလ်ကျေးရွာ ကို ခရစ်နှစ် ၁၈၆၇ ခုနှစ်တွင် တည်ထောင်ပြီး နယ်စားနယ်ခံ ပူ ထွမ်းထောင်း (Pu Thuam Thawng) က စိုးစံ အုပ်စိုးကွပ်ကဲခဲ့ သည်။ ဤကပ်တဲလ် ကျေးရွာ ကို မတည်ထင်မှာ ပူထွမ်းထောင်း က ဖလမ်း နယ်စားနယ်ခံ ဖြစ်တဲ့ တာရှွန်း စော်ဘွား ပူ ကြွမ်ဘိ (Con Bik) ထံ၌ နွားနောက် ကောင်ရေ ၁၂၀ အစား တူမီးသေနတ် ၁၇လုံး၊ ဆင်စွယ် တစ်စုံ၊ မောင်း (အကြီး) တစ်ခု၊ ရိုးရာမောင်း(Daak) တစ်စုံ၊ နွားနောက် ၁ ကောင်၊ ပြောင် အရှင် တစ်ကောင်၊ နှင့် အရှင် ဖမ်းထားတဲ့ Khuangleng သူကြီးရဲ့ သမီးတော် Vansing(Vanchhingi) တို့ကို ယူဆောင်သွားပြီး ကပ်တဲလ်နယ်မြေကို တရားဝင် ဝယ်ထားပါသည်။ ထိုသို့ ဝယ်ယူရာတွင် ပါဝင်သော Len Nupa တည်ရှိရာ နေရာ ဖြစ်သည့် Ailam တောင်ကြောတစ်လျှောက် ဆင်းသွားပြီး Innbuk တောင် အထိ ပါဝင်ပါသည်။ Teeltui Zingsol Vol 1, pp. 9-12.
၂. ၁၉၁၀ ခုနှစ်တွင် ဗိုလ်မှူးကြီး Brigate Luife က ကပ်တဲလ် နယ်မြေသတ်မှတ်ခြင်းကို ပြန်လည်ပြုပြင်၍ "Pangding တောင်မှဆင်းသွား ၍ Ailam တောင်ကြော (Len Nupa တည်ရှိရာ)သို့ ဆင်းလာကာ Tuipi ချောင်း ကို လိုက်ကာ မဏိပူရမြစ်သို့ ထိုးဆင်းသွားသည်။" Teeltui Zingsol, Vol 2, page 19.
၃.  Appointment Order of Chin Headmen Under Provision of Section 5 of the Chin Hills Regualtion -1896 အရ Deputy Commissioner တာဝန်ထမ်းဆောင်သည့် Lt. Col. LE Burne က သြဂုတ်လ ၅၊ ၁၉၃၀ ရက်စွဲပါ ထုတ်ပြန်ချက်အရ ပူထွမ်းထောင်း ၏ မြေးဖြစ်သူ ပူထောင်းခိုလျန်း (Pu Thawng Khua Lian) အုပ်ချူပ်ရန် (jurisdiction) "Ailam တောင်ကြောမှ Ailam lui (Len Nupa မှ စီးလာသော ချောင်း ဖြစ်သည့် Lua lui) အရင်းအထိ၊ Ailam lui မှ ဆင်းကာ Tuipi ချောင်းနှင်း ဆုံကာ မဏိပူရမြစ်သို့ ဆင်းသွားသည်။ (The ridge of Ailam mwell(Mual), to the source of Ailam Lui, (Lua Lui which is the water from Len Nupa) then down Ailam Lui to its confluence with the Tuipi Lui to its confluence with the Manipur River.)" ဟု တိတိကျကျ မျတ်တမ်းတင်ခဲ့သည်။ Teeltui Zingsol, Vol 2, p. 5, 18.
၄. ဒုတိယကမ္ဘာ စစ်ကြီး အတွင်း ၁၉၄၄ ခုနှစ်တွင် Commissioner ပူ ထောင်းကျင့်ထန် (Pu Thawng Cin Thang) နှင့် Mr NW Kelly တို့ ဦးဆောင်ပြီး Sukte Independent Army ကို ဖွဲ့စည်း ၍ ဂျပန်စစ်သားတွေကို တိုက်ထုတ်နေစဉ် "ကပ်တဲလ် မြေ Len Nupa ဒေသတွင်" နေရာယူထား ကြောင်း Pu Tual Khaw Mang က Buannel မှ Len Nupa သို့ အမည်ပေးထား သော Teeltui Zingsol, Vol 2, p. v တွင် ဖော်ပြထား သည်။
၅. Commissioner Pu Tual Khaw Mang (BA.; BL. Advocate) က "Len Nupa ဆိုတဲ့ နာမည်ကျော် ဒေသ ဟာ ပူ ထွမ်းထောင်း က ပူ ကြွမ်ဘိ ထံမှ ဝယ်ယူထားသော နေရာ တွေထဲ အပါအဝင်ဖြစ်သည်" ဟု Teeltui Zingsol, Vol 2 တွင်ရှင်းပြထားသည်။
၆. ရှေ့နေ ပူ လျန်းဇကမ်း (Pu Lian Za Kam) က "ဂျပန်စစ် (ဒုတိယကမ္ဘာစစ်) တုံးက ဝန်ထောက် NW Kelly, ပူ ထောင်းကျင့်ထန် နှင့် လူ တစ်ချို့တို့သည် မတ်လ ၁၄၊ ၁၉၄၄ နေ့တွင် ကပ်တဲလ် နယ် Len Nupa မှ Saiek သို့ ပြောင်းကာ စစ် ဌါန (HQ) ထားသည်" ဟု SuangSuang Magazine စာမျက်နှာ ၁၅၂ တွင် မှတ်တမ်းတင်ထားလေ၏။
၇. ပူထွမ်းထောင်း ၏ မြစ်(great-grandson)ဖြစ်သူ ကလေးမြို့ရှိ Leipi Baptist Church မှာ အသင်းအုပ် ဆရာအဖြစ် အမှုတော် ဆောင်ရွက်နေသော Rev Sian Za Mung ကလည်း Len Nupa သည် တီးတိန်မြို့နယ် ကပ်တဲလ် ကျေးရွာ ၏ နယ်နိမိတ် တွင်း တည်ရှိတာမှန်ကန်ကြောင်း Teeltui Zingsol Vol 2, p. iv တွင်အတိအလင်း ဖော်ပြထားပါသည်။
၈. အုပ်ချုပ်ရေး ဆိုင်ရာ ကိစ္စ တိုင်းမှာ လက်စွဲ အနေနှင့် အသုံးပြုသည့် တီးတိန်မြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံး လက်အောက်ရှိ နယ်မြေစရင်း အရ Len Nupa သည် တီးတိန်မြို့နယ် ကပ်တဲလ် ကျေးရွာအုပ်စု ၏ နယ်ပယ်အတွင်းတွင် တည်ရှိကြောင်း တိတိကျကျ ဖော်ညွန်းထား ပါသည်။
Buannel ဟု ပြောကြသော Len Nupa ကို မြို့နယ် နယ်နိမိတ် ကို ကျော်လွန်ကာ ဖလမ်းတို့က ချင်းပြည်နယ်အစိုးရထံမှ အနိင်အထက် ပြခိုးယူရန် ကြိုးစားပြီး တောင်းလျှောက်ရန် စီစဉ်သည် ဟု သုံးသပ် ပါသည်။
ဒီ Len Nupa ကို အစိုးရ နှင့် အပစ်အခတ် ၇ပ်စဲရေး စာချူပ် ချူပ်ဆိုထားသော ချင်း အမျိးသား တပ်မတော် (CNF) က ၂၀၁၃ ခုနှစ်တွင် ပိုက်ဆံနှင့် ဝယ်ယူရန် ချင်းပြည်နယ် အစိုးရထံ စာပို့ ခဲ့ကြောင်း https://sianzun.blogspot.com/2014/09/lennupa-leh-cnf.html မှာ ဖတ်ရှူလေ့လာ နိုင်ပါသည်။
https://sianzun.blogspot.com/2018/07/len-nupa-is-being-attacked.html
Comments
Popular posts from this blog
Zomi: Who They Are
Zomi Total population ca. 2,500,000 Languages Various Kuki , Mizo , Chin , Naga , Paite Religion Christianity , Animism , Buddhism , Laipian Related ethnic groups Naga , Meitei , Hmar , Mizo , Kuki Zomi [1] is the name of a major tribe found in various parts of South and South East Asia. The term Zomi meaning, Zo People [2] is derived from the generic name 'Zo', the progenitor of the Zomi. They are found in northwestern Myanmar, northeastern India and Bangladesh. Anthropologists classify them as Tibeto-Burman speaking member of the Mongoloid race. In the past they were little known by this racial nomenclature. They were known by the non-tribal plain peoples of Myanmar, Bangladesh and India as Chin, Kuki, or Lushai. Subsequently the British employed these terms to christen those 'wild hill tribes' living in the "un-admiral. They are Zomi not because they live in the highlands or hills, but are Zomi and call the...
CHIN, ZOMI, MIZO, ZO cihtawh kisai Debate
CHIN, ZOMI, MIZO, ZO cih minvai tawh kisai India gam aom ih mipihte kikupna, Debate bawlna hi. Sausimsim in alunglut velvelte bekin atawpdong simzo bekding hi. This is the outcome of the debate about our nomenclatures like Chin-Kuki-Mizo-Zomi on FaceBook – Zolengthe Group. The debate Vaphual shows that every one of us clearly know who we are – We are Zo, but some opined that Kuki nomenclature should be used as it is recognised nationaly and internationally. This is the starting point of the debate: Dear friends, MIZO=ZOMI, then is it something like both side of a coin? If it is so, then there is no chance of sitting under one administrative umbrella. Another Point: Mizo or Zomi ~ Which one should be the right word? I know You will say both. But according to Pu T. Gougin, Founder President of Zomi National Congress, “The land come first and then the people” therefore, it should be Zo… Mi….. that means Zo = Land and Mi = People. He further argued that MIZO is a wrong word; ...
Zawgyi KeyBoard Installer For Windows 7
Zawgyi Font for Bit 64 1. Firstly, install the file. The File is Zawgyi Font for Windows 7 . 2. Download this software, its a keyboard for  Zawgyi. 3. Go to "Text Services and Input Language" in Control Panel >>Fonts; and Select "Zawgyi Myanmar Unicode L" Then all will be ok! If you still have some problems on Bit 64, you can run Alpha Zawgyi and then, run the given file from Mediafire . That is "ZawGyil_amd64.msi, ZawGyil_i386.msi and ZawGyi_ia64.msi". Among all these three, you can choose whatever u wanna install, which of them is ok, that means you run one ".msi" file from the downloaded file. It will solve your problems. If you still have problem on installing Zawgyi keyboard on Windows 7, You add this IEZawgyiGtalkFont . Download this and run it. There will be ok! Zawgyi Keyboard Installer for Bit 32. Zawgyi Keyboard Installer for Bit 32 is to run Alphazawgyi only. If you run Alpha Zawgyi , everything is ok.