ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရလိုပဲ hacking ဆိုတဲ့ ဝေါဟာရကလည်း တစ်ချိန်က လိုဆွဲပြီး ပုံဖျက်တာခံခဲ့ရတယ်။ ဒါကြောင့် hacking ဆိုတာ အဖျက်လုပ်ရပ်၊ hacker ဆိုတာ လူဆိုးဆိုပြီး လူအများစု စိတ်ထဲမှာ စွဲနေတယ်။ တကယ်တော့ hacking ဆိုတာ ပညာရပ်နယ်ပယ်တစ်ခုကို တစ်ဖက်ကမ်းခတ်တတ်မြောက် တယ်ဆိုတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ အခုတင်ပြမယ့် ဆောင်းပါးကလည်း အွန်လိုင်းမှာ ကျွန်တော်တို့သုံးနေကျ Website တွေကို သုံးလို့ပိုကောင်းအောင် နည်းပညာနဲ့ ပြုပြင်ယူမယ့် အကြောင်းဖြစ်ပါတယ်။ ဒါကြောင့် လာခြင်းကောင်း တဲ့ hacking လို့ နာမည်ပေးလိုက်ပါတယ်။Website တွေက သူ့ထက်ငါ ကောင်းအောင်ကြိုးစားကြတာပါပဲ။ ဒါပေမယ့် အကောင်းဆိုတဲ့ website တွေတောင် စိတ်ကသိကအောက်ဖြစ်စရာ အစိတ်အပိုင်းတွေရှိနေတတ်ပါ တယ်။ Page loading သိပ်နှေးတာမျိုးတွေ၊ အရောင်ကြောင်တဲ့ အတွက် စာသားဖတ်ရခက်တာမျိုးတွေ၊ ကြော်ငြာတွေက webpage ရဲ့ အဓိကအစိတ် အပိုင်းကို ပိတ်ဆို့နေတာမျိုးတွေ၊ option ကို ရှာရခက်တာမျိုးတွေ စသည် စသည်ဖြင့် အများကြီး တွေ့ရတတ်ပါတယ်။ ကံကောင်းတာ Webpage တွေရဲ့ ပြဿနာတွေကို ပြုပြင်ပေးပြီး ကိုယ့် စိတ်တိုင်းကျ အနေအထားနဲ့ ကြည့်နိုင်အောင် ဆောင်ရွက်ပေးမယ့် free tool တွေရှိနေတာပါ။ သ...