မြန်မာယူနီကုဒ်နှင့် ဇော်ဂျီဖောင့်ဖြင့် ရေးသားထားသည့်စာလုံးများကို အမြင်အာရုံချို့တဲ့သူများ ဖတ်ရှုနိုင်စေမည့် မျက်မမြင်စာသို့ အလွယ်တကူပြောင်းလဲနိုင်မည့်ဆော့ဖ်ဝဲကို
မြန်မာတစ်နိုင်ငံလုံးရှိ မျက်မမြင် စာသင်ကျောင်းများသို့ အခမဲ့ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။ Myanmar Braille Translator အမည်ရှိ အဆိုပါဆော့ဖ်ဝဲကို မျက်မမြင်တစ်ဦးဖြစ်သည့် ကိုအောင်လွင်ဦးက ဖန်တီးရေးသားခဲ့ခြင်းဖြစ်ပြီး TLMI က အဓိကကူညီပံ့ပိုးခဲ့သည်။ အဆိုပါဆော့ဖ်ဝဲသည် မြန်မာယူနီကုဒ်နှင့် ဇော်ဂျီဖောင့်ဖြင့် ရေးသားထားသည့်စာများကို မျက်မမြင်စာသို့လည်းကောင်း၊ မျက်မမြင်စာဖြင့် ရေးသားထားသည့်စာများကို မြန်မာယူနီကုဒ်နှင့် ဇော်ဂျီဖောင့်သို့လည်းကောင်း အလွယ်တကူ ပြောင်းလဲနိုင်မည်ဖြစ်သဖြင့် သင်ရိုးညွှန်းတမ်းနှင့် အခြားအထွေထွေ ဗဟုသုတစာအုပ်များကို မျက်မမြင်များဖတ်ရှုနိုင်ရန်အတွက် လျင် မြန်စွာပြောင်းလဲပေးနိုင်ရန် အထောက်အကူပြုမည်ဖြစ်သည်။ ထို့ပြင် မျက်မမြင်စာလက်ကွက်ဖြင့် ရိုက်ထားသည့်စာများကို မြန်မာယူနီကုဒ်နှင့် ဇော်ဂျီဖောင့်သို့ ပြောင်းလဲပေးနိုင်သည့်အတွက် မျက်မမြင်များကို အင်တာနက်မှတစ်ဆင့် အခြားသူများနှင့်ဆက်သွယ်နိုင်ရန်လည်း ကူညီနိုင်မည်ဖြစ်သည်။ အဆိုပါဆော့ဖ်ဝဲကို ရေးသားခဲ့သည့် ကိုအောင်လွင်ဦးက “ဒီဆော့ဖ်ဝဲက မြန်မာတစ်နိုင်ငံလုံးက မျက်မမြင်များအတွက် ဖြစ်ပါတယ်။ ပရိုဂရမ်းမင်းသင်တန်းတက်နေရင်းနဲ့ ရေးဆွဲခဲ့တာပါ။ ရေးတုန်းကြုံတွေ့ရတဲ့ အခက်အခဲတွေကတော့ အများကြီးပါ။ အဓိကကြုံရတာက ဖောင့်တွေကို အတွဲလိုက်ဖမ်းယူပေးတဲ့အပိုင်းပါ။ တစ်လုံးချင်း ဖမ်းယူပြောင်းလဲတာက လွယ်ပါတယ်။ အခုတော့အားလုံး အဆင်ပြေသွားပါပြီ။ အသုံးပြုကြတဲ့အခါ အဆင်မပြေတဲ့အပိုင်းတွေရှိရင် ပြန်ပြီးပြုပြင် ပေးသွားမှာဖြစ်ပါတယ်” ဟုပြောသည်။ ထိုဆော့ဖ်ဝဲသည် မြန်မာနိုင်ငံတွင် မျက်မမြင်တစ်ယောက်က ကိုယ်တိုင်ရေးသားသည့် ပထမဦးဆုံးဆော့ဖ်ဝဲဖြစ်ပြီး ကိုအောင်လွင်ဦးအနေဖြင့် မျက်မမြင်အသုံးပြု သင်္ချာဆော့ဖ်ဝဲတစ်ခုကိုလည်း ထပ်မံရေးဆွဲရန်အစီအစဉ်ရှိကြောင်း သိရသည်။
ရေးသားသူ - ကျော်မျိုးဦး
Tuesday, March 29, 2011
မြန်မာယူနီကုဒ်နှင့် ဇော်ဂျီဖောင့်များကို မျက်မမြင်စာသို့ ပြောင်းလဲနိုင်မည့်ဆော့ဖ်ဝဲကို အခမဲ့ဖြန့်ချိမည်
Similar Posts
About Sianzun
Dei Gratius
Subscribe to:
Post Comments (Atom)
No comments:
Write comments