ချင်းအမျိုးသားရေးအတွက် ရှိနေဆဲ ချင်းနိုင်ငံရေးပါတီတွေရဲ့ လုပ်ဆောင်မှုနဲ့ မလုံလောက်တာကြောင့် ၁၉၉ဝပြည့် ရွေးကောက်ပွဲဝင်ခဲ့တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဟောင်းတွေ၊ ဥပဒေပညာရှင်တွေနဲ့ လူငယ်တွေပေါင်းပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ် CLD ကို ဖွဲ့စည်းလိုက်ပါပြီ။ ချင်းအဖွဲ့ချုပ်က ဘာတွေလုပ်မှာလဲ။ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့အတူ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသားတွေ လိုလားတဲ့ စစ်မှန်တဲ့ပြည်ထောင်စုစနစ် တည်ဆောက်ရေး ဦးတည်ဆောင်ရွက်သွားမှာဖြစ်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်မယ်လို့ ပါတီအဖွဲ့ချုပ်ဥက္ကဌက ပြောပါတယ်။ ပါတီမှတ်ပုံတင်ရထားတာ...