Skip to main content

Marshmallow သို့ အဆင့်မြင့်သည့်အခါ ANDROID 6.0

Sianzun: Marshmallow
Marshmallow

Marshmallow လို့ခေါ်ပြီး Android 6.0 လို့လည်း လူသိများတဲ့ OS ကို စမတ်ဖုံးသုံးစွဲသူတွေရော တက်ဘလက်သုံးစွဲတဲ့လူတွေပါသဘောကျပါတယ်။ ဒါပေမဲ့ စမတ်ဖုန်းတော်တော်များများမှာ Android 6.0 ထည့်မပေးသေးဘူး။ Android 5.1 နဲ့ပဲ စခန်းသွားနေကြပါတယ်။ ဟန်းဆက်လုပ်တဲ့ လူတွေကတော့ ပြောတာချည်းပဲဗျ။ သူတို့ဖုန်းတွေက Andrid 6 upgradable တဲ့၊ သွားပြီး မယုံစားလိုက်ပါနဲ့။ မြန်မာပြည်က စမတ်ဖုန်းတွေက ဟန်းဆက်တစ်သက်မှာ မူရင်းပါလာတဲ့ OS Version နဲ့ပဲ ကိစ္စပြတ်တာများပါတယ်။
ကျွန်ုပ်တို့ကုမ္ပဏီထုတ် ဟန်းဆက်ဝယ်ထားသူများ ခင်ဗျာ၊ OS Version အသစ်ကို အခမဲ့ upgrade လုပ်ပေးနေပါတယ်။ မိမိတို့ရဲ့ ဟန်းဆက်ကိုယူလာပြီး upgrade အခမဲ့လုပ်နိုင်ပါတယ်လို့ ပြောသံ တစ်ခါမှ မကြားမိပေါင်။ သူတို့လုပ်မပေးရင် ကိုယ့်ဖာသာ လုပ်ယူရပါလိမ့်မယ်။ တစ်ခုတော့ ရှိသပေါ့ဗျာ။ ကိုယ့်ဟန်းဆက်ထုတ်တဲ့ကုမ္ပဏီက အမှန်ကန်ထုတ်ပေးတဲ့ Stock ROM ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။ Android အပိုင်းသက်သက် ဖိုင်အရွယ်သိပ်မကြီးပါဘူး။ MB ရာဂဏန်းလောက်ရှိတာ၊ ကုမ္ပဏီက Android နဲ့အတူ သူတို့ထည့်ချင်တာတွေ ရောထည့်လိုက်တော့ ဖိုင်အရွယ်အစားက 1 Gb ၀န်းကျင်ဖြစ်သွားပါတယ်။ နိုင်ငံခြားသားကွန်ရက်ကနေ မနက် ၅ နာရီလောက်ထဆွဲရင် ၆ နာရီလောက်ဆို ကိစ္စပြတ်ပါတယ်။ upgrade က ပါးစပ်ပြောလွယ်ပေမယ့် ပြဿနာလေးတွေ ရှိတယ်ဗျ။ ဘာပြဿနာတွေလဲ။
* Marshamallow upgrade နှင့် ပြဿနာများ *
ရှေ့မှာကျွန်တော်ပြောခဲ့ပြီးပါပြီ။ ကိုယ့်ဟန်းဆက်နဲ့ လုံးဝဥဿုံ ကိုက်ညီမဲ့ stock ROM ရမှာဖြစ်မယ်ဆိုတာ။ ဒီတော့ ကိုယ့်ဟန်းဆက်အတွက် မူရင်းကုမ္ပဏီထုတ် stock ROM အွန်လိုင်းမှာ ရပြီလားဆိုတာ အရင်စစ်ကြပါမယ်။ ရှာပုံရှာနည်းကတော့ တူပါတယ်။ setting > about phone > system update ကနေ ၀င်ပြီးရှာရပါမယ်။ System update ထဲဝင်ပြီးရင်တော့ ဟန်းဆက်ကိုလိုက်ပြီး ပြပုံပြနည်းက ကွဲသွားပြီ။ တချို့မှာက CHECK FOR UP DATE တဲ့၊ တချို့မှာက DETECT တဲ့၊ တချို့ကတော့ ONLINE / LOCAL Update တဲ့ အဆင်ပြေတာတစ်ခုကြည့်ပြီး ရွေးပါ။
မူရင်းကုမ္ပဏီကိုယ်တိုင်က stock ROM ထုတ်မပေးသေးဘူးဆိုရင်ဖြင့် ဘာမှမတတ်နိုင်ဘူးပေါ့။ ကံဆိုးချင်ရင် လချီကြာတတ်တယ်။ တစ်လတစ်ခါလောက် အွန်လိုင်းတက်ကြည့်ပေါ့ဗျာ။ စောင့်ရတာ သိပ်ကြာတယ်ထင်ရင် Marshmallow system image ကို download ဆွဲပြီး Manual update လည်းလုပ်နိုင်ပါတယ်။ OS upgrade လုပ်ရတဲ့အလုပ်က အဆင့်များပြီး နည်းနည်းရှုပ်ပါတယ်။ ဟန်းဆက်ကိုလိုက်ပြီး လုပ်ထုံးလုပ်နည်းတွေကွာပါတယ်။ကျွမ်းကျင်သူရဲ့အကူအညီရရင် ပိုကောင်းပါတယ်။ဒီလိုမရနိုင်ရင် Google search ကတစ်ဆင့် ကိုယ့်ဟန်းဆက်အတွက် update လုပ်ထုံးလုပ်နည်းတွေကို အပင်ပန်းခံရှာပြီး လုပ်ရပါမယ်။ 
OS upgrade လုပ်တယ်ဆိုတာ အတွေ့အကြုံတစ်ခုလိုပါတယ်။ မှန်းရမ်းပြီး upgrade လုပ်တဲ့အခါ မအောင်မြင်တာမျိုးတွေရှိတယ်။ မှန်းရမ်းပြီး upgrade လုပ်တဲ့အခါ မအောင်မြင်တာမျိုးရှိတယ်။ နဂိုလ် OS လည်းသုံးမရ၊ OS အသစ်လည်း သုံးမရဖြစ်တတ်တယ်။ upgrade မအောင်မြင်ရင် မူလအခြေအနေအတိုင်း ပြန်ရအောင်လုပ်နိုင်မှာလား။ အဲဒါက ဘယ်အခြေအနေထိလောက်ပဲ မှားတယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ တကယ်လို့များ မူလအခြေအနေအတိုင်း ပြန်ရမယ်ဆိုရင် စိတ်မပျက်ပါနဲ့ ။ လုပ်ထုံးလုပ်နည်းတွေကို အသေအချာ ပြန်လေ့လာလာပြီး နောက်တစ်ခေါက်ကြိုးစားပါ။ OS upgrade လုပ်တဲ့အခါ အွန်လိုင်းကို အားကိုးရတာမို့ အင်တာနက်လုံးဝမပြတ်တာ သေချာရမယ်။ တစ်နာရီဝန်းကျင်ကြာမယ့်ကိစ္စအတွက် ဖုန်းဘက်ထရီ ၅၀ ရာခိုင်နှုန်းအထက်ရှိရမယ်။ ၉၀ ရာခိုင်နှုန်းဆို ပိုကောင်းတာပေါ့။ မသေချာရင် ဖုန်းကို ပါဝါကြိုးထိုးထားလိုက်ပါ။ ဟဲ ……ဟဲ ပြောသာပြောရတယ် လိုင်းမီးကလည်း စိတ်မချရဘူးဗျ။
သူများတိုင်းပြည်က လူတွေ OS upgrade လုပ်တဲ့အခါ Wi-Fi က တစ်ဆင့် အင်တာနက်ချိတ်ပြီးလုပ်ကြပါတယ်။ ပိုမြန်ပြီး ဈေးသက်သာလို့ပါ။ ကျွန်တော်တို့ဆီမှာကတော့ လူအများစုအတွက် မိုဘိုင်းအင်တာနက် သုံးနေရဦးမှာပါပဲ။ အင်တာနက်လိုင်းနဲ့ လျှပ်စစ်မီးသေချာဖို့ရယ် လုပ်ထုံးလုပ်နည်းအဆင့်မှန်ဖို့ရယ် လိုတယ်။ မဟုတ်ရင် System Crash ဖြစ်ပြီး screen သေသွားတယ်။ ဘယ်မှဆက်မတတ်ဘူး။ ပါဝါခလုတ်နဲ့ အသံလျှော့ခလုတ်ကို တွဲပြီး ဆယ်စက္ကန့်ထက်မနည်း နှိပ်ထားရင် reset လုပ်လို့ရပါတယ်။ ဒီနည်းနဲ့ ဘာမှလုပ်ရမဘူးဆိုရင် ဖုန်းဆားဗစ်လောကမှာ Bricked ဖြစ်သွားတယ်လို့ ပြောကြပါတယ်။ Recovery mode ကနေ boot တက်လို့ရအောင် ကြိုးစားရပါတော့မယ်။
Recovery mode ထဲဝင်တဲ့နည်းက ဟန်းဆက်ကိုလိုက်ပြီး ကွဲလွဲတတ်ပါတယ်။ အသုံးများတဲ့နည်းက အသံတိုးအကျယ် ခလုတ်နှစ်ခုလုံးနဲ့ ပါဝါခလုတ်ကို တွဲပြီး ငါးစက္ကန့်လောက်နှိပ်ထားတဲ့ နည်းပါ။ graphical user interface ပ်ါလာမှာမဟုတ်ပါဘူး။ text based interface ပေါ်လာမှာပါ။ ကွန်ပျူတာပေါ်က Command Line နဲ့တူပါတယ်။ အပေါ်တက်အောက်ဆင်းကို အသံတိုးကျယ် ခလုတ်နှစ်ခုနဲ့ လုပ်ရပါမယ်။ enter အတွက်က ပါဝါခလုတ်ပါ။ ဒီနေရာကနေပြီး ကိုယ့်ဟန်းဆက်ကို reboot လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် Factory setting ရောက်အောင် လုပ်ပစ်နိုင်တယ်။ ဟန်းဆက်ကိုလိုက်ပြီး လုပ်ထုံးလုပ်နည်းတွေ ကွာပါတယ်။ ကြိုတင်လေ့လာထားဖို့ လိုပါတယ်။
* Marshmallow မှာ Notification ကောင်းကောင်း အလုပ်မလုပ်ဘူး *
ဒီပြဿနာကိုတွေ့ရင် စဉ်းစားစရာရှိလာတယ်။ Marshmallow မို့လို့ notification တွေက ကောင်းကောင်းအလုပ်မလုပ်တာလား။ ဒီလိုတော့ မဟုတ်ဘူး။ Marshmallow မှာ ဘက်ထရီကို အကောင်းဆုံးချွေတာပေးတဲ့ Doze ကြောင့် ပြဿနာတက်တာပါ။ သူက ဘက်ထရီကိုချွေတာတဲ့အခါ တချို့ app တွေအလုပ်လုပ်တာ ရပ်သွားပါတယ်။ ဘေးထွက်ဆိုးကျိုးလို့ပြောရမလားဘဲ။ ဒါကြောင့် Calendar app လိုဟာမျိုးမှာ notification မတတ်တာတွေ ရှိနိုင်ပါတယ်။
ဒီကိစ္စကိုဖြေရှင်းဖို့ home screen ကိုဝင်ပါ။ setting > Battery ထဲသွားပါ။ ပြီးရင် menu အပေါ်အောက်ဆင့်ထားတဲ့ အစက်လေးသုံးစက်နေရာမှာ နှိပ်ပါ။ ပြီးရင် Battery Optimized ကို ရွေးပါ။ ကြီးရင် Not Optimized ကို နှိပ်ပါ။ All apps ကို ရွေးပေးပါ။ ပေါ်လာတဲ့ app တွေထဲက notification အလုပ်မလုပ်ဖြစ်နေတဲ့ app ကို ရွေးပါ။ ပြီးရင် Don’t Optimize ကို နှိပ်ပေးပါ။ ပြီးရင် Done ကို နှိပ်ပါ။
* 3G / 4 G နဲ့ Wi-Fi ချိတ်လို့မရတဲ့ ပြဿနာ *
Wireless connection မရတာဟာ Android တွေအတွက် အထူးအဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ Marshmallow က ဒီပြဿနာကို လွယ်လွယ်ရှင်းလို့ရအောင် လုပ်မပေးထားပါဘူး။ ဖုန်း signal မမိဘူးလား။ လိုင်းဖြုတ်ကြည့်လိုက် ပြန်ဆက်ကြည့်လိုက် လုပ်ရုံပဲရှိတယ်။ အဲဒီအလုပ်ကို တချို့ဖုန်းတွေမှာ Taskbar ကနေ လွယ်လွယ်လုပ်လို့ရပြီး တချို့ဖုန်းတွေမှာ setting ကနေ အဆင့်ဆင့်ဝင်လုပ်ရပါတယ်။ အလွယ်နဲ့လုပ်လို့ရရင် screen အပေါ်ဘက်ကနေ အောက်ကိုပွတ်ဆွဲလိုက်ပါ။ Android quick setting ကျလာပါမယ်။
ပြီးရင် Wi-Fi ဒါမှမဟုတ် mobile connection icon တစ်ခုခုကို ဆန္နရှိသလို ခေါက်လိုက်ပါ။ နှစ်စက္ကန့်လောက်စောင့်လိုက်ပါ။ function off ဖြစ်သွားပါမယ်။ နောက်ထပ်နှစ်စက္ကန့်ကြာရင် အဲဒီ icon ကို တစ်ခါထပ်နှိပ်ပါ။ fuction ပြန်တာသွားပါလိမ့်မယ်။ ဒီနည်းနဲ့ နှစ်ကြိမ် သုံးကြိမ်လောက်စမ်းကြည့်ပါ။ တစ်ခါတစ်လေမှာ OS ကြာင့် လိုင်းမမိတာ မဟုတ်ဘဲ ကိုယ်နေတဲ့အရပ်က လိုင်းမမိဘူးဆိုတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကိုယ့်အိမ်မှာ လိုင်းမမိတာသေချာရင်ဖြင့် ဒီနည်းနဲ့ အလုပ်မဖြစ်ရင် ပါဝါခလုတ်ကိုတွဲပြီး ဆယ်စက္ကန့်လောက်နှိပ်ထားပါ။ ဒါတောင်မှ အလုပ်မဖြစ်သေးရင် setting > Backup and reset > Network setting reset အတိုင်း ၀င်ပါပြီးရင် Reset setting ကို ရွေးပေးလိုက်ပါ။
* USB အလုပ်မလုပ်တဲ့ ပြဿနာ *
PC နဲ့ဖုန်းကို USB ကြိုးနဲ့ ချိတ်ရတာ အရင် Android version တွမှာလွယ်တယ်ဆိုပေမယ့် Marshmallow မှာတော့ အရင်ကထက် အလုပ်ပိုလေးတွေ လုပ်ရနိုင်ပါတယ်။ Home screen ကိုသွားပါ။ အပေါ်ဘယ်ဘက်ခြမ်းကနေ အောက်ကိုပွတ်ဆွဲလိုက်ပါ။ ပြီးရင် ကျလာတဲ့အကွက်ထဲကနေ USB for Charing Only နဲ့ Transfer File ဒါမှမဟုတ် Transfer Photo တစ်ခုခုကို ရွေးပေးပါ။ USB ဟာ အရင်လိုဘဲ power အတွက်ရော data အတွက်ပါ အလုပ်လုပ်ပါမယ်။
နောင်စိုး (ထားဝယ်) 
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

Credit To Pyaephyo

Comments

Popular posts from this blog

Zomi: Who They Are

Zomi Total population ca. 2,500,000 Languages Various Kuki , Mizo , Chin , Naga , Paite Religion Christianity , Animism , Buddhism , Laipian Related ethnic groups Naga , Meitei , Hmar , Mizo , Kuki Zomi [1] is the name of a major tribe found in various parts of South and South East Asia. The term Zomi meaning, Zo People [2] is derived from the generic name 'Zo', the progenitor of the Zomi. They are found in northwestern Myanmar, northeastern India and Bangladesh. Anthropologists classify them as Tibeto-Burman speaking member of the Mongoloid race. In the past they were little known by this racial nomenclature. They were known by the non-tribal plain peoples of Myanmar, Bangladesh and India as Chin, Kuki, or Lushai. Subsequently the British employed these terms to christen those 'wild hill tribes' living in the "un-admiral. They are Zomi not because they live in the highlands or hills, but are Zomi and call the...

CHIN, ZOMI, MIZO, ZO cihtawh kisai Debate

CHIN, ZOMI, MIZO, ZO cih minvai tawh kisai India gam aom ih mipihte kikupna, Debate bawlna hi. Sausimsim in alunglut velvelte bekin atawpdong simzo bekding hi. This is the outcome of the debate about our nomenclatures like Chin-Kuki-Mizo-Zomi on FaceBook – Zolengthe Group. The debate Vaphual shows that every one of us clearly know who we are – We are Zo, but some opined that Kuki nomenclature should be used as it is recognised nationaly and internationally. This is the starting point of the debate: Dear friends, MIZO=ZOMI, then is it something like both side of a coin? If it is so, then there is no chance of sitting under one administrative umbrella. Another Point: Mizo or Zomi ~ Which one should be the right word? I know You will say both. But according to Pu T. Gougin, Founder President of Zomi National Congress, “The land come first and then the people” therefore, it should be Zo… Mi….. that means Zo = Land and Mi = People. He further argued that MIZO is a wrong word; ...

Dr. Chin Do Kham Tangthu

Dr. Chin Do Kham Biography Education     Scholar in Residence for Ph.D. Educational Studies Program at Trinity International University, Chicago, USA, May 2003-August 2005.D., Intercultural Studies, Trinity Evangelical Divinity School of Trinity International University, Chicago, 1998.Min.(Doctor of Ministry in Pastoral Leadership), Oral Roberts University, Tulsa, OK, 1994.Special Study Program at Jerusalem Center for Biblical Studies, Israel, 1996. Educational Administrative and Teaching Experiences Adjunct Professor of Missions and Leadership at Myanmar Evangelical Graduate School of Theology (MEGST), Myanmar since Fall 2008 to PresentAssociate Adjunct Professor of Graduate School of Theology at Global University, Springfield, MO, USA 1996-present.Professor and Director of M.A. Missions Program and taught Leadership and Missions courses for M.A./M.Div./D.Min. courses at Oral Roberts University (2006-2008)Dean of Students and Professor of Missions/Leadership at Asia Pacific T...