သမိုင်း

Theme images by Storman. Powered by Blogger.

Text Widget

Sports

Gadgets

Blog Archive

Travel

Definition List

Thursday, June 23, 2016

Which Programming Language You Should Choose?

Programming Languages
Programming Languages

Programming Language တစ်ခုခုကိုသင်မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင် လူတိုင်းအရင်ဆုံးစတွေ့ရတဲ့အခက်အခဲကတော့ဘယ် language ကိုသင်ရမလဲဆိုတာပါပဲ။ ဒီ article ကိုရေးရတဲ့အကြောင်းကတော့ ဘယ် field တွေအတွက် ဘယ် language တွေလိုအပ်တယ် ဘာတွေကိုသိထားသင့်တယ် ဘယ်မှာသင်လို့ရတယ်ဆိုတာကို အကြမ်းဖျင်းရှင်းပြချင်လို့ပဲဖြစ်ပါတယ်။ ရွေးချယ်တဲ့နေရာမှာ အထောက်အကူပြုစေမှာကတော့ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကိုသိတာပါပဲ။ ဥပမာ android ဖုန်းအတွက် application ရေးချင်တာပဲဖြစ်ဖြစ်၊ ဝဘ်ဆိုက်ရေးချင်လို့ပဲဖြစ်ဖြစ်ရည်ရွယ်ချက်ကိုသိရင်တော့အစပြုရတာပိုပြီးတော့လွယ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ကျွန်တော်ကိုယ်တိုင်လဲ language တစ်ခုကိုကျွမ်းကျွမ်းကျင်ကျင်ကြီးမတက်ပါဘူး။ ဝါသနာအရလေ့လာရင်းအခြေခံလောက်အနည်းငယ်သာသိတာပါ။

Programming Language တွေကိုယေဘူယျအားဖြင့် dynamically typed(not compiled) နဲ့ statically typed(compiled) ဆိုပြီး၂မျိုးခွဲနိုင်ပါတယ်။ ပထမအမျိုးအစားကတော့ run ဖို့ကို compile လုပ်စရာမလိုလို့ lightweight apps/web applications တွေမှာအသုံးများပါတယ်။ ဥပမာ – Javascript, Ruby, Python, PHP။ ဒုတိယကတော့ compile လုပ်စရာလိုပြီး ရှုပ်ထွေးသော program များ၊ games များမှာသုံးလေ့ရှိပါတယ်။ ဥပမာ – Java, C, C++, C#။

၂ဝ၁၅ခုအတွက်ပေါ်ပြူလာအဖြစ်ဆုံးနဲ့လခအရဆုံး Programming Language များ
၂ဝ၁၅ခုအတွက်ပေါ်ပြူလာအဖြစ်ဆုံးနဲ့လခအရဆုံး Programming Language များ(Source:

Programming Languages Range
http://compsciengg.blogspot.nl/2015/04/programming-languages-that-pay-most.html)

For Android Phones

Android ဖုန်းတွေအတွက်ကို application ရေးချင်တယ်ဆိုရင်တော့အဓိကသိရမှာက java ဖြစ်ပါတယ်။ ၁၉၉၅ခုထဲကစတင်ခဲ့တာဖြစ်လို့သင်ယူဖို့ resource များရှာရတာအရမ်းလွယ်ကူပါတယ်။ Google ကိုယ်တိုင်ကလဲ Android App ရေးဖို့ tools များ tutorials များကိုအထောက်အကူပေးထားပါတယ်။

Get started with Android Developer:

http://developer.android.com/develop/index.html

Documentations on Oracle website:

http://docs.oracle.com/javase/tutorial/index.html

လွယ်လွယ်ကူကူစတင်နိုင်သောဆိုက်:

https://www.codecademy.com/learn/learn-java



For Apple Phones(iOS)

Apple iOS အတွက်ဆိုရင်တော့ Objective C ပေါ်မှာအဓိကအခြေခံ(Python, Ruby အစရှိသည်တို့အပေါ်လဲအနည်းငယ်အခြေခံ) ထားတဲ့ Swift ကိုသုံးရမှာဖြစ်ပါတယ်။

Apple Developer Tutorial Site:

https://developer.apple.com/library/ios/referencelibrary/GettingStarted/DevelopiOSAppsSwift/index.html

Resources:

https://developer.apple.com/swift/resources/



Web Development

ဝဘ်ဆိုက်တွေရေးဖို့အတွက်ဆိုရင်တော့ front end အတွက်ကို HTML, CSS နဲ့ Javascript တို့ကိုသိရမှာဖြစ်ပါတယ်။ HTML နဲ့ CSS တို့ဟာစာမျက်နှာများရဲ့အသွင်အပြင်ကိုဖေါ်သောနေရာမှာသုံးတဲ့အတွက် programming language လို့တော့အသေခြာပြောလို့မရပါဘူး။ ဒါပေမဲ့သူတို့ဟာဝဘ်ဆိုက်ရေးဖို့အတွက်ကိုအခြေခံမသိလို့မဖြစ်ပါဘူး။ Javascript ကတော့ဝဘ်ဆိုက်များရဲ့လုပ်ဆောင်မှုကိုတာဝန်ယူထားတဲ့ client side scripting language ဖြစ်ပါတယ်။ Google, Facebook, YouTube စသောဆိုက်များအားလုံးရဲ့ front end မှာသူ့ကိုအသုံးချထားပါတယ်။

လွယ်လွယ်ကူကူစတင်နိုင်သောဆိုက်:

http://www.w3schools.com/html/

http://www.w3schools.com/css/

http://www.w3schools.com/js/

Server side scripting langugages တွေအနေနဲ့ကတော့ PHP, Python နဲ့ Ruby တို့ကိုအသုံးများပါတယ်။ ဝဘ်ဆိုက်ရေးတဲ့နေရာမှာ language တစ်ခုထဲကိုသုံးစရာမလိုပဲ ကိုယ်အဆင်ပြေသလိုပေါင်းစပ်ပြီးသုံးနိုင်ပါတယ်။ အခုနောက်ပိုင်းဆိုက်အားလုံးနီးပါးဟာ language တစ်ခုထက်ပိုပြီးတော့သုံးထားတာကိုတွေ့ရမှာပါ။ ဒီတော့အဲဒီ language များကိုတစ်ခုထက်ပိုပြီးသိထားနိုင်မှအဆင်ပြေနိုင်မှာဖြစ်ပါတယ်။ PHP ဟာအခြေခံကြပြီးဆိုက်အများစုမှာသုံးထားပေမဲ့ Ruby နဲ့ Python တို့ဟာနောက်မှထုတ်လုပ်ပြီး user များသုံးရပိုလွယ်အောင်ပိုမိုတိုတောင်းသော ကုဒ်များနဲ့ရေးနိုင်အောင် ပြုလုပ်ထားပါတယ်။ သူတို့နှစ်ခုဟာ traffic များတဲ့ဆိုက်များအတွက်ကိုပိုပြီးသင့်တော်ပါတယ်။ Ruby ကိုအခြေခံထားတဲ့ Ruby On Rails Open Source Framework ကို web developers တွေဟာ အချိန်အနည်းငယ်အတွင်းမှာ လွယ်လွယ်ကူကူ dynamic ဖြစ်သောဝဘ်ဆိုက်များတည်ဆောက်နိုင်လို့အသုံးများကြပါတယ်။

PHP:

http://www.w3schools.com/php/

http://www.learn-php.org/

Ruby:

https://www.codecademy.com/learn/ruby

http://learnrubythehardway.org/book/

Python:

http://www.learnpython.org/

https://www.codecademy.com/learn/python

http://learnrubythehardway.org/book/

ဝဘ်ဆိုက်ရေးချင်တယ်ဆိုရင်အကြံဉာဏ်ပေးလိုတာတစ်ခုကတော့အစကနေစမတည်ဆောက်ပဲနဲ့ wordpress framework ကိုသုံးဖို့ပါ။ ကိုယ်ဟာ PHP လိုမျိုး language ကိုပါသိထားတယ်ဆိုရင်တော့အဲ့ဒါကိုအခြေခံပြီးကိုယ်လိုတာကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒီအတွက်ကိုတော့နောက်မှ tutorial သတ်သတ်ရေးပေးပါမယ်။



Applications Development
Operating system တွေအတွက်၊ မိမိရဲ့လုပ်ငန်းအတွက် applications များပြုလုပ်လိုသည်ဖြစ်စေ၊ Games များရေးဆွဲလိုသည်ဖြစ်စေသိထားရမှာကတော့ Java/C/C++/C# အစရှိသော language များပဲဖြစ်ပါတယ်။ သူတို့ဟာအထက်ကဟာများထက်ပိုပြီး powerful ဖြစ်တဲ့အတွက် သင်ကြားရာမှာလဲအနည်းငယ်ပိုပြီးခက်ခဲနိုင်ပါတယ်။ ဒါကြောင့်သူတို့ကို first language အနေနဲ့သင်ကြတာရှားပါတယ်(ချွင်းချက် java မှလွဲ၍)။ ဒီ language များကိုကျွမ်းကျွမ်းကျင်ကျင်တက်ထားပါက တိုးတက်သောနိုင်ငံများမှာအလုပ်ရှာရတာအရမ်းကိုအထောက်အကူပြုပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့အကြီးဆုံးသော company တော်တော်များများမှာ ဒီ language တွေကိုတစ်ခုမဟုတ်တစ်ခုအသုံးပြုနေကြပါတယ်။ သူတို့အထဲကမှ Java နဲ့ C ဟာအနည်းငယ်အခြေခံပိုကြပြီး C++/C# တို့ဟာ C language ပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။

C: http://c.learncodethehardway.org/book/

C++: http://www.learncpp.com/

C#: http://www.learncs.org/

Programming Language များမဟုတ်သော်လဲ IT လုပ်သားများအနေနဲ့သိထားသင့်တာများကိုဆက်ပြီးဖေါ်ပြသွားပါမယ်။ ဝဘ်ဆိုက်များ၊ ဖုန်း applications များရေးမယ်ဆိုရင် graphics ပိုင်းအတွက်ကို user interface များ၊ logo များ၊ images များဖန်တီးနိုင်ရန် Photoshop/Illustrator စတာတွေကိုအခြေခံလောက်သိထားရပါမယ်။ Data များကိုသိမ်းဆည်းဖို့လိုအပ်ပါက SQL ကဲ့သို့သော Data Management language ကိုသိထားသင့်ပါတယ်။ ပြီးတော့ development လုပ်တိုင်းအကြိမ်ကြိမ်အခါခါပြုပြင်ရသောကြောင့် Git/Subversion ကဲ့သို့သော software version control နည်းပညာများကိုအသုံးပြုသင့်ပါတယ်။

နောက်ဆုံးအနေနဲ့အကြံပေးလိုတာကတော့ဘယ် language ကိုမဆိုသင်ဖို့ဆုံးဖြတ်ပြီးပါကအခြေခံမျှသာမဟုတ်ပဲ ရေရေရာရာသိအောင်လေ့လာဖို့ပါပဲ။ ဒါမှနောက် language များသင်တဲ့အခါမှာလွယ်ကူဖို့အထောက်အကူပြုမှာဖြစ်ပါတယ်။ လေ့လာတဲ့အခါမှာလဲ tutorial များသာမက မိမိကိုယ်တိုင် mini project များပြုလုပ်ကာသင်ယူပါကပိုပြီးအလွယ်တကူတက်မြောက်နိုင်မှာဖြစ်ပါတယ်။ ဒီအထက်မှာဖေါ်ပြထားတာတွေကအကြံဉာဏ်ရရုံသာဖြစ်ပြီး အခြားသောလေ့လာနိုင်သည့်နေရာများ(အင်တာနက်၊စာအုပ်များ၊ YouTube tutorialများ၊ သင်တန်းများ) မြောက်များစွာရှိပါတယ်။

ဒီရေးသားချက်နဲ့ပတ်သတ်လို့အကြံပြုလိုသည်များ မေးမြန်းလိုသည်များရှိပါက အားမနာပဲအချိန်မရွေးဆက်သွယ်နိုင်ပါတယ်။

No comments:
Write comments