Skip to main content
Posts
Showing posts with the label ITmm
Web Guide for Myanmar Users
နည်းပညာ  website များ  များစွာရှိတဲ့အထဲကမှ အမှန်တကယ် အသုံးဝင်တဲ့  Myanmar Website  တစ်ချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။ 1.  Mystery Zillion Mystery (မသိခြင်းများ) Zillion (မြောက်များစွာ) ဆိုတဲ့အတိုင်း မသိတာမှန်သမျှ အကုန်မေးလို့ရတယ်၊ အဲဒီဆိုက်မှာလဲ သူများတွေ မေးထားကြတာ တစ်ကယ့် Zillion ပါပဲ၊ တစ်ခုတော့ရှိတယ် သူများဖိုရမ်ဝင်တော့မယ်ဆို သူ့စည်းကမ်းတော့ အရင်ဖတ်။ သူလည်း update တော့ သိပ်မဖြစ်ပေမယ့် သူများမေးထားတာတွေနဲ့တင် ခင်ဗျားလေ့လာလို့ မကုန်ဘူး။ 2.  Myanmar IT နည်းပညာ ဒီဆိုက်ကတော့ အခု ခင်ဗျားဝင်ဖတ်နေတဲ့ website ပါပဲ၊ အချိန်ရရင် ရသလို သင်ခန်းစာတွေကို တင်ပေးထားတာ၊ အခုဆိုရင်  Web Design Tutorials  တွေရော၊  Web Development Tutorials  ရော  SEO Tutorials  တွေရော များစွာ ရှိနေပါပြီ၊ နောက်ပိုင်းမှာ အချိန်တွေရဦးမယ်ဆိုရင် Graphics Design Tutorials တွေကော တင်ပေးသွားဖို့ ရှိပါတယ်။ 3. Myanmar Web Development (website မရှိတော့ပါ) Myanmar Web Development ဆိုတဲ့အတိုင်း web development တွေကို အမြဲတမ်း ...
Zawgyi Font for Xiaomi/Redmi (No Root)
လာခြင်းကောင်းတဲ့ Hacking
ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရလိုပဲ hacking ဆိုတဲ့ ဝေါဟာရကလည်း တစ်ချိန်က လိုဆွဲပြီး ပုံဖျက်တာခံခဲ့ရတယ်။ ဒါကြောင့် hacking ဆိုတာ အဖျက်လုပ်ရပ်၊ hacker ဆိုတာ လူဆိုးဆိုပြီး လူအများစု စိတ်ထဲမှာ စွဲနေတယ်။ တကယ်တော့ hacking ဆိုတာ ပညာရပ်နယ်ပယ်တစ်ခုကို တစ်ဖက်ကမ်းခတ်တတ်မြောက် တယ်ဆိုတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ အခုတင်ပြမယ့် ဆောင်းပါးကလည်း အွန်လိုင်းမှာ ကျွန်တော်တို့သုံးနေကျ Website တွေကို သုံးလို့ပိုကောင်းအောင် နည်းပညာနဲ့ ပြုပြင်ယူမယ့် အကြောင်းဖြစ်ပါတယ်။ ဒါကြောင့် လာခြင်းကောင်း တဲ့ hacking လို့ နာမည်ပေးလိုက်ပါတယ်။Website တွေက သူ့ထက်ငါ ကောင်းအောင်ကြိုးစားကြတာပါပဲ။ ဒါပေမယ့် အကောင်းဆိုတဲ့ website တွေတောင် စိတ်ကသိကအောက်ဖြစ်စရာ အစိတ်အပိုင်းတွေရှိနေတတ်ပါ တယ်။ Page loading သိပ်နှေးတာမျိုးတွေ၊ အရောင်ကြောင်တဲ့ အတွက် စာသားဖတ်ရခက်တာမျိုးတွေ၊ ကြော်ငြာတွေက webpage ရဲ့ အဓိကအစိတ် အပိုင်းကို ပိတ်ဆို့နေတာမျိုးတွေ၊ option ကို ရှာရခက်တာမျိုးတွေ စသည် စသည်ဖြင့် အများကြီး တွေ့ရတတ်ပါတယ်။ ကံကောင်းတာ Webpage တွေရဲ့ ပြဿနာတွေကို ပြုပြင်ပေးပြီး ကိုယ့် စိတ်တိုင်းကျ အနေအထားနဲ့ ကြည့်နိုင်အောင် ဆောင်ရွက်ပေးမယ့် free tool တွေရှိနေတာပါ။ သ...
For iPhone or iOS users only
မင်္ဂလာပါ... ဒီ Post ကတော့  iPhone, iPad, iPod  စ,တဲ့  iDevices  ကို   အခုမှ စတင်,အသုံးပြုကြတဲ့ (အမြဲမေးမြန်းနေကြတဲ့) ညီ/ညီတွေ အတွက်ပါ။ iPhone, iPad, iPod  စ,တဲ့ iDevices တစ်ခုခုကို စ,တင် အသုံးပြုပြီဆိုရင်...  ၁#.  Computer တစ်လုံး ရှိရပါမယ်... (Microsoft Window or MAC - မရှိလည်းသုံးလို့ရပါတယ်.. တခုခုဆိုရင် ဆိုင်သွားလုပ်ပါ)  ၂#.   Apple ID  အကောင့်တစ်ခု ရှိရပါမယ်...  (၎င်း ID ကို အလွတ်ရအောင် ကျက်မှတ်ထားပါ) ၃#.   iTune  Software Latest Version ကို Install လုပ်ထားရပါမယ်... (မကြာမကြာ Latest Version ကို Update လုပ်ပေးရပါ့မယ်)   ၄#.   iTools  သို့မဟုတ်  iFunbox  တခုခု Install လုပ်ထားရပါမယ်... (Music,Video,Photo,App,Games စ,တာတွေ ကူး/ပြောင်းနိုင်ပါတယ်) ၅#.  USB Cable ကြိုးကောင်းကောင်း ဆောင်ထားရပါမယ်... (Original USB ကြိုးကပိုကောင်းပါတယ် [USB ကြိုးရွေးတတ်ပါတယ်]) (အခြားအကြောင်းတစ်ခုကတော့  Jailbreak  အသုံးပြုတတ်သူဆိုရင်  Update...
Which Programming Language You Should Choose?
Programming Languages Programming Language တစ်ခုခုကိုသင်မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင် လူတိုင်းအရင်ဆုံးစတွေ့ရတဲ့အခက်အခဲကတော့ဘယ် language ကိုသင်ရမလဲဆိုတာပါပဲ။ ဒီ article ကိုရေးရတဲ့အကြောင်းကတော့ ဘယ် field တွေအတွက် ဘယ် language တွေလိုအပ်တယ် ဘာတွေကိုသိထားသင့်တယ် ဘယ်မှာသင်လို့ရတယ်ဆိုတာကို အကြမ်းဖျင်းရှင်းပြချင်လို့ပဲဖြစ်ပါတယ်။ ရွေးချယ်တဲ့နေရာမှာ အထောက်အကူပြုစေမှာကတော့ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကိုသိတာပါပဲ။ ဥပမာ android ဖုန်းအတွက် application ရေးချင်တာပဲဖြစ်ဖြစ်၊ ဝဘ်ဆိုက်ရေးချင်လို့ပဲဖြစ်ဖြစ်ရည်ရွယ်ချက်ကိုသိရင်တော့အစပြုရတာပိုပြီးတော့လွယ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ကျွန်တော်ကိုယ်တိုင်လဲ language တစ်ခုကိုကျွမ်းကျွမ်းကျင်ကျင်ကြီးမတက်ပါဘူး။ ဝါသနာအရလေ့လာရင်းအခြေခံလောက်အနည်းငယ်သာသိတာပါ။ Programming Language တွေကိုယေဘူယျအားဖြင့် dynamically typed(not compiled) နဲ့ statically typed(compiled) ဆိုပြီး၂မျိုးခွဲနိုင်ပါတယ်။ ပထမအမျိုးအစားကတော့ run ဖို့ကို compile လုပ်စရာမလိုလို့ lightweight apps/web applications တွေမှာအသုံးများပါတယ်။ ဥပမာ – Javascript, Ruby, Python, PHP။ ဒုတိယကတော့ compile လုပ်...
How to change to Myanmar(Burmese)/Zawgyi font on Samsung Android phones after updating to Marshmallow
**Update 2:** I contacted Samsung customer support and they informed me that with the new updated OS, they are only allowing Samsung approved fonts(the ones you found from Settings>Display>Fonts>Download Fonts) to be changed. Some third party downloaded fonts may still work but it looks like Zawgyi font is not working anymore. However, in my case, I had the font installed on my system before updating, which allows me to still change. So, two options if you still want to use Zawgyi as system font are, first to root the phone or to roll back to the previous OS, install the font and then update again. As both of them are not easy or straight forward, you might as well use unicode fonts as an alternative option for now.  Update 1: I heard from some people that changing to custom fonts(not just Zawgyi) does not work even though it works for me on Galaxy S6 with V6.0. I found out a lot of people have same issues and no one actually found any solid solution y...
Marshmallow သို့ အဆင့်မြင့်သည့်အခါ ANDROID 6.0
Marshmallow Marshmallow လို့ခေါ်ပြီး Android 6.0 လို့လည်း လူသိများတဲ့ OS ကို စမတ်ဖုံးသုံးစွဲသူတွေရော တက်ဘလက်သုံးစွဲတဲ့လူတွေပါသဘောကျပါတယ်။ ဒါပေမဲ့ စမတ်ဖုန်းတော်တော်များများမှာ Android 6.0 ထည့်မပေးသေးဘူး။ Android 5.1 နဲ့ပဲ စခန်းသွားနေကြပါတယ်။ ဟန်းဆက်လုပ်တဲ့ လူတွေကတော့ ပြောတာချည်းပဲဗျ။ သူတို့ဖုန်းတွေက Andrid 6 upgradable တဲ့၊ သွားပြီး မယုံစားလိုက်ပါနဲ့။ မြန်မာပြည်က စမတ်ဖုန်းတွေက ဟန်းဆက်တစ်သက်မှာ မူရင်းပါလာတဲ့ OS Version နဲ့ပဲ ကိစ္စပြတ်တာများပါတယ်။ ကျွန်ုပ်တို့ကုမ္ပဏီထုတ် ဟန်းဆက်ဝယ်ထားသူများ ခင်ဗျာ၊ OS Version အသစ်ကို အခမဲ့ upgrade လုပ်ပေးနေပါတယ်။ မိမိတို့ရဲ့ ဟန်းဆက်ကိုယူလာပြီး upgrade အခမဲ့လုပ်နိုင်ပါတယ်လို့ ပြောသံ တစ်ခါမှ မကြားမိပေါင်။ သူတို့လုပ်မပေးရင် ကိုယ့်ဖာသာ လုပ်ယူရပါလိမ့်မယ်။ တစ်ခုတော့ ရှိသပေါ့ဗျာ။ ကိုယ့်ဟန်းဆက်ထုတ်တဲ့ကုမ္ပဏီက အမှန်ကန်ထုတ်ပေးတဲ့ Stock ROM ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။ Android အပိုင်းသက်သက် ဖိုင်အရွယ်သိပ်မကြီးပါဘူး။ MB ရာဂဏန်းလောက်ရှိတာ၊ ကုမ္ပဏီက Android နဲ့အတူ သူတို့ထည့်ချင်တာတွေ ရောထည့်လိုက်တော့ ဖိုင်အရွယ်အစားက 1 Gb ၀န်းကျင်ဖြစ်သွားပါတယ်။ နိုင်ငံခြားသားကွန်ရက်ကနေ ...
Note 5 Root လုပ်နည်းနှင့် 5.0 to 6.0 MMfont Installing 99%(All Update Samsung Model Knowledge)
မင်္ဂလာပါ ကိုယ်ပိုင်နည်းပညာပို့စ်လေးတွေလည်း မရေးဖြစ်တာကြောင့် အခုနည်းလမ်းလေးတစ်ခု ပေးမလို့ပါ ကလေးအထာပါ သိပြီးသားဖြစ်မှာပါ မသိသေးသူတွေအတွက်ပေးလိုက်ခြင်းပါ နောက် ပိုင်း 5.0 to 6.0 တွေအတွက်ရည်ရွှယ်ထားခြင်းပါ Note5 နဲ့စမ်းပြထားခြင်းဖြစ်ပါတယ် နောက် Model တွေ Root လုပ်ချင်ရင် 09-455724355 သို့ဆက်သွယ်မေးမြန်းနိုင်ချင်တာပဲဖြစ်ဖြစ် Samsung ရဲ့ Official Handset များဖြစ်ပြီး firmware ခြားနေရင်လည်း ဖုန်းဆက်ပြီးမေးမြန်းနိုင်တယ်နော့် ကျေးဇူးတင်ရင်ဘေဖြည့်ပေးနော့် တစ်ခုတော့ရှိတယ် ကျန်တာမမေးရဘူး ဒီပို့စ်နဲ့ပတ်သတ်တာပဲမေးရမှာနော် ဆရာမဟုတ်ပါ သင်ယူလေ့လာနေဆဲ ဘ၀တူတွေပါ ကူညီတာပါ ဆရာလုပ်တာမဟုတ်ပါဘူး ကဲစမယ် Model မျိုးစုံကိုလိုက်လုပ်မပြတော့ဘူးနော် တစ်မျိုးပဲလုပ်ပြမှာကျန်တာ cf file လေးတွေပေးထားမယ်လေ Download tools for root Samsung Galaxy Note 5 SM N920T: FILE NAME DOWNLOAD LINK Samsung Galaxy Note 5 SM N920T Odin Tool Click here to download Samsung Galaxy Note 5 SM N920T USB Driver Click here to download Samsung Galaxy Note 5 SM N920T CF-Auto-Root Click here to download ======== Download tools f...