Skip to main content

No student at History Department

History of Burma ျမန္မာႏိုင္ငံသမိုင္း

ပံုပါသတင္းကို အခုပဲေတြ႔ရလို႔ အံ့ၾသတုန္လႈပ္မိပါတယ္။ သမိုင္းေမဂ်ာနဲ႔ေအာင္ခဲ့တဲ့ဇနီးကိုေျပာေတာ့ သူ႔ဆရာ ေဒါက္တာသန္းထြန္းကို အမွတ္ရမိတယ္တဲ့။ သမိုင္းသင္တာက မ,အေအာင္လို႔ေျပာခဲ့တဲ့ဆရာ။ အခု သမိုင္းကို မသင္ၾကေတာ့တာက အ,ခ်င္လို႔မဟုတ္မွန္းသိပါတယ္။ အလုပ္အကိုင္အခြင့္အလမ္းကို စဥ္းစားၾကရတာျဖစ္ႏိုင္ပါတယ္။ ပညာေရးဆိုတာ တိုင္းျပည္ရဲ႕လိုအပ္ခ်က္အရ သင္ေပးႏိုင္ရင္ေကာင္းတယ္။ ကြ်န္ေတာ္ကေတာ့ (၉) တန္းအထိသာ သမိုင္းသင္ခဲ့ရပါတယ္။ သိေနေအာင္ေတာ့ ဆက္လုပ္ေနရတုန္းပဲ။

ျမန္မာႏိုင္ငံသမိုင္း
ျပည္ေထာင္စုျမန္မာႏိုင္ငံဟာ ယဥ္ေက်းမႈနဲ႔ ျဖစ္ထြန္းမႈေတြ ႏွစ္ေပါင္းေထာင္နဲ႔ခ်ီျပီးရွိတယ္။ သမိုင္းမတင္မီကတည္းက ျမစ္ၾကီးေတြနဲ႔ ေတာင္ၾကားလြင္ျပင္ေတြမွာ လူေတြေနထိုင္ခဲ့ၾကတယ္။ အိမ္နီးခ်င္း တရုပ္နဲ႔ အိႏၵိယႏိုင္ငံေတြနဲ႔ ကူးလူး ဆက္ဆံခဲ့ၾကတယ္။ သီရိလကၤာကုန္သေဘၤာေတြေရာက္တယ္။ တျခားေဒသေတြကေန မေလးကြ်န္းဆြယ္ၾကား ခရီးတေထာက္နားရာအရပ္ျဖစ္ခဲ့တယ္။ အိႏၵိယတိုက္ကေန ဘာသာေရး၊ ႏိုင္ငံေရးနဲ႔ တရားစီရင္ေရး၊ အႏုပညာ၊ လက္မႈပညာေတြ၊ အယူအဆေတြရခဲ့တယ္။ ဒါေပမယ့္ အိႏၵိယယဥ္ေက်းမႈလႊမ္းတာ မသိသာပဲ ကိုယ္ပိုင္ယဥ္ေက်းမႈကို ထိန္းထားႏိုင္တာက တျခားအေရွ႕ေတာင္အာရွႏိုင္ငံေတြထက္ ထူးျခားတယ္။ ေက်ာက္ျဖစ္ရုပ္ၾၾကြင္းေက်ာက္နဲ႔ သစ္သားလက္ရာေတြအရ ျမန္မာႏိုင္ငံအထက္ပိုင္းမွာသာေတြ႔ရလို႔ (အညာသား) ဆိုတဲ့ ေဝါဟာရနဲ႔ ဆက္စပ္ေနတယ္။ ၁၉၆၉ မွာေတြ႔ရွိခ်က္အရ ရွမ္းျပည္အေရွ႕ပိုင္းမွာ အေစာဆံုး ႏွစ္ ၁၁ဝဝဝ ရွိတယ္လို႔ ယူဆရတယ္။ ေက်ာက္ေခတ္က ဥေရာပ ေက်ာက္ေခတ္နဲ႔ စင္ျပိဳင္ရွိေနခဲ့တယ္။ ဘီစီ ၁၅ဝဝ ေလာက္မွာ ေၾကးေခတ္ ရွိခဲ့တယ္။ စပါးစိုက္ပ်ိဳးလာၾကတယ္။ ေမြးျမဴေရးလုပ္လာၾတယ္။ ဘီစီ ၅ဝဝ ေလာက္မွာ သံေခတ္ရွိလာတယ္။

ပ်ဴႏိုင္ငံေတာ္
ဘီစီ ၁ ကေန ၉ ရာစုအထိ။ တိဘက္တို-ဘာမင္း ဘာသာစကားေျပာၾကတယ္။ သေရေခတၲရာ + ဟန္လင္းၾကီး။ ခ်င္းတြင္းျမစ္ဝွမ္းက ျမန္မာျပည္ေျမာက္ပိုင္းကိုျဖတ္တဲ့ တရုပ္-အိႏၵိယလမ္း အေနာက္ဖက္မွာရွိတယ္။ ပ်ဴႏိုင္ငံက ဧရာဝတီျမစ္ဝွမ္း ေျမာက္ဖက္စြန္းမွာရွိတယ္။ ျမိဳ႕ျပႏိုင္ငံေတြတည္ေထာင္တယ္။ ပ်ဴလူမ်ိဳးဟာ ျမန္မာ့သမိုင္းမွာ အေစာဆံုးလူမ်ိဳးလို႔ ဆိုႏိုင္တယ္။ တရုပ္၊ အိႏၵိယႏိုင္ငံေတြနဲ႔ ကူးသန္းဆက္ဆံၾကတယ္။ ၄ ရာစုမွာ ဗုဒၶဘာသာ စတင္လာခဲ့တယ္။ ကေန႔ ျပည္ျမိဳ႕ေတာင္ဖက္မွာ တည္ခဲ့တဲ့ သေရေခတၲရာ ျမိဳ႕ျပႏိုင္ငံက အၾကီးဆံုးျဖစ္တယ္။ တရုပ္သမိုင္းအရ ပ်ဴျမိဳ႕ျပႏိုင္ငံေပါင္း ၁၈ ခုထိရွိတယ္။

ပ်ဴေခတ္ယဥ္ေက်းမႈမွာ အိႏၵိယယဥ္ေက်းမႈကေနလႊမ္းမိုးခဲ့တယ္လို႔ သမိုင္းကဆိုပါတယ္။ ပင္လယ္ေရလမ္း ကူးသန္း ေရာင္းဝယ္ေရးေၾကာင့္ျဖစ္မယ္။ ေတာင္ပိုင္းကျမိဳ႕နာမည္ေတြကပါဠိ (သို႔) သသၤကရုိက္ (သကၠတဘာသာ) (ဆန္းစ္ခရစ္) နဲ႔ဆိုတဲ့အခ်က္ကိုေထာက္ျပတယ္။ ဥပမာ သေရေခတၱရာ (သီရိေခတၱရာ) ။ တေကာင္းကေတာ့ ျမန္မာလိုျဖစ္ျပီး ဘုရားေလာင္းလို သက်သာကီဝင္ကေနဆင္းသက္တယ္လို႔မွတ္ယူတာလည္းရွိတယ္။ ၄ ရာစုကတည္းကစတယ္လို႔လည္း ဆိုပါတယ္။ တရုပ္သမိုင္းမွာလည္း ေထရဝါဒဗုဒၶဘာသာလို႔ မွတ္တမ္းတင္ထားတယ္။

၉ ရာစုေနာက္ပိုင္းမွာ ျမင္းစီျမန္သူလို႔တင္စားတဲ့ လူမ်ိဳးေတြ ေျမာက္ဖက္ကေနဝင္လာတယ္။ ဗမာလို႔ေခၚတယ္။ ၉ ရာစု အေစာပိုင္းကတည္းက ယူနန္ Nanzhao Kingdom နန္ေဇာင္ (နန္ေခ်ာင္) ဘုရင္ေတြနဲ႔ ပ်ဴေတြစစ္ခင္းေနၾကတယ္။ ၈၃၂ မွာ နန္ေဇာင္း ဘုရင္က ဟန္လင္းၾကီးကို ဖ်က္ဆီးလိုက္တယ္။ ပ်ဴ ၃ဝဝဝ ေယာက္ကိုဖမ္းေခၚသြားတယ္။ ပ်ဴတခ်ိဳ႕က ပုဂံေဒသမွာ အေျခခ်ၾကတယ္။ ပ်ဴေတြဟာ ပုဂံသားေတြနဲ႔ေသြးေႏွာသြားေတာ့တယ္။ ၁၂ ရာစုအထိ ပ်ဴစာေပ က်န္ေနေသးတယ္။ ပုဂံသားေတြဆိုတာ ဗမာေတြေရာ၊ ပ်ဴေတြေရာ၊ မြန္ေတြပါေရာေႏွာေနတယ္။

မြန္ႏိုင္ငံေတာ္
မြန္စကားကို (ေအာ္စထိုေအရွားတစ္) လို႔ေခၚတယ္။ ကေမာၻဒီယားမွာသံုးတဲ့ ခမာနဲ႔နီးစပ္တယ္။ သထံုမွာဗဟိုျပဳတယ္။ ၄-၆ ရာစု အိႏိၵယ (ဂုပတား) မင္းဆက္နဲ႔ေခတ္ျပိဳင္ျဖစ္တယ္။ ဒိအရင္ ၃ ရာစု ေမာရီယအင္ပါယာ အာေသာကဘုရင္ကေန ဗုဒၡဘာသာရဟန္းေတာ္ေတြ ေစလႊတ္ခဲ့တယ္။ သထံုကို သုဝဏၰဘုမၼိလို႔ေခၚတယ္။ မြန္ေရႊေခတ္ျဖစ္တယ္။ အိႏိၵယနဲ႔ ဆက္ဆံေပမယ့္ မြန္ယဥ္ေက်းမႈကို ထိန္းထားႏိုင္ၾကတယ္။

မြန္ဘုရင့္ႏိုင္ငံေတြက ၆ ရာစုကတည္းကစတယ္။ ထိုင္းမြန္ကေနလာတယ္။ ၉ ရာစုမွာ မြန္ႏိုင္ငံ ၂ ခု၊ ပဲခူးနဲ႔ သထံုမွာ တည္ေထာင္တယ္။ ေထရဝါရဗုဒၶဘာသာကို စတင္တဲ့လူမ်ိဳးလည္းျဖစ္တယ္။ ကုန္သြယ္ေရးနဲ႔ ၾကြယ္ဝၾကတယ္။ သထံုကို သုဝဏၰဘုမၼိ ေရႊႏိုင္ငံေတာ္လို႔ ေခၚတြင္ခဲ့တယ္။

ရခိုင္
ေရွးေဟာင္းသုေတသနေတြ႔ရွိခ်က္အရ ရခိုင္ေဒသမွာ ဘီစီ ၃၃၂၅ ကတည္းက လူေတြေနခဲ့ၾကတယ္။ တိဘက္တို-ဗာမင္း အမ်ိဳးကမ်ားတယ္။ ၁ဝ ရာစုမွာေရာက္လာၾကတယ္။ ဘုရင့္ႏိုင္ငံေတြမ်ားတယ္။ ဂဂၤါျမစ္ဝွမ္းကေန ေနဂေရအငူထိ က်ယ္တယ္။ ဓညဝတီ၊ ေဝသာလီ၊ ေလးျမိဳ၊ ေျမာက္ဦးနဲ႔ ၁၇၈၄ ဗမာဘုရင္သိမ္းပိုက္ျခင္းလို႔ ၇ ပိုင္းခြဲျပီး ေလ့လာတယ္။ ၁၈၂၆ ကစျပီး ၁၉၄၈ လြတ္လပ္ေရးရတဲ့အထိ အဂၤလိပ္အုပ္စိုးတယ္။

ရွမ္း
ကေန႔ကာလမွာ ရွမ္းစကားေျပာသူေတြ အိႏိၵယအေရွ႕ေျမာက္ကေန၊ ျမန္မာႏိုင္ငံ၊ ထိုင္း၊ ကေမာၻဒီယား၊ လာအို၊ ဗီယက္နမ္နဲ႔ တရုပ္ျပည္ထဲမွာ ေနထိုင္ၾကတယ္။ ရွမ္း (စိုင္ယမ္) ဟာ ျမန္မာ (ဗမာ) ထက္ ထိုင္းနဲ႔ လာအိုတို႔နဲ႔ ပိုျပီး ဆက္ႏြယ္မႈရွိတယ္။ (တိုင္) လို႔ေခၚတယ္။ အစဥ္အဆက္ ေစာ္ဘြားေတြကေန အုပ္ခ်ဳပ္လာခဲ့တယ္။ ရွမ္းသမိုင္းဟာ မ်ားျပားရႈတ္ေထြးတယ္။

ပုဂံမင္းဆက္ (၈၄၉-၁၂၉၇)
• ပုဂံအေစာပိုင္းကာလ (၁ဝ၄၄ မတိုင္မီ)
• ပုဂံအင္ပါယာ (၁ဝ၄၄-၁၂၈၇)

ပုဂံကို ၈၄၉ မွာထူေထာင္တယ္။ ဗမာလူမ်ိဳးေတြ ေခါင္းေထာင္လာႏိုင္ျခင္းလို႔ ရာဇဝင္မွာ အခန္းတခုအေနနဲ႔ေရးတယ္။ တိဘက္တို-ဘာမင္းႏြယ္ေတြ ျဖစ္တယ္။ ဗမာစကားေျပာတယ္။ ဧရာဝတီေဘးက ပုဂံကိုဗဟိုျပဳတယ္။ ၉ ရာစု အလယ္ကစျပီး အင္အားၾကီးႏိုင္ငံအျဖစ္ ထူေထာင္ႏိုင္ခဲ့တယ္။ ၈ ကေန ၉ ရာစု တရုပ္ျပည္အေနာက္ေတာင္ပိုင္းမွာ နန္ေခ်ာင္မင္းဆက္စိုးစံေနတယ္။ အေရွ႕ေတာင္အာရွကိုခ်ဲ႕ထြင္တယ္။ ၈၆၁ မွာ ဟႏြိဳင္းကိုသိမ္းတယ္။ မြန္နဲ႔ ခမာကိုလည္း သိမ္းတယ္။ ပ်ဴျမိဳ႕ေတာ္ ဟန္လင္းၾကီးသိမ္းတယ္။

တခ်ိန္တည္းမွာ ျမန္မာျပည္ေအာက္ပိုင္းမွာ မြန္ကသာၾကီးစိုးထားတယ္။ ပုသိမ္နဲ႔ ပဲခူးကိုပါၾကီးစိုးေရးလံုးပမ္းေနတယ္။
ေထရဝါဒဗုဒၡဘာသာ အိႏိၵယကေနကြယ္ျပီ။ ဟင္ဒူေတြျပန္ျပီးလႊမ္းမိုးလာတယ္ ကေန႔အထိျဖစ္တယ္။ ၁ဝ၄၄ ကစျပီး အေနာ္ရထာမင္းက ပုဂံကိုစုစည္းႏိုင္လာတယ္။ ၁၈၈၆ အဂၤလိပ္သိမ္းတဲ့အထိ ျမန္မာျပည္ဟာ တက္လိုက္က်လိုက္ရွိတယ္။ အေနာ္ရထာက ရွမ္းေတြနဲ႔မိတ္ေဆြလိုဆက္ဆံတယ္။ စီးပြါးေရးေတာင့္တင္းေအာင္ ေရသြင္းစိုက္ပ်ိဳးေရးလုပ္ေပးတယ္။ ေထရဝါဒဗုဒၡဘာသာ ယူသြင္းလိုက္တယ္။ ကေန႔အထိ ရွင္သန္ထြန္းကားတယ္။ ၁ဝ၅၇ မွာ သထံုကိုပါသိမ္းတယ္။ က်န္စစ္သား (၁ဝ၈၄-၁၁၁၂) နဲ႔ အေလာင္းစည္သူမင္း (၁၁၁၂-၁၁၆၇) ေတြဟာ ဘုန္းတန္ခိုးၾကီးၾကတယ္။ မြန္ပညာသည္ေတြေၾကာင့္ အႏုလက္မႈပညာေတြရတယ္။ ေစတီပုထိုးေတြ ၄ဝဝဝ ေလာက္တည္ထားကိုးကြယ္တယ္။ ရဟန္းေတာ္ေတြမ်ားျပားလို႔ တိုင္းျပည္ရဲ႕အင္အားစုတခုျဖစ္လာတယ္။ တခ်ိန္တည္းမွာ အင္အားဆုတ္ယုတ္မႈလည္း ျဖစ္တယ္။ ၁၃ ရာစုအကုန္မွာ ပုဂံအင္အားက်ဆင္းလာေတာ့တယ္။ မြန္ဂိုေတြ ျခိမ္းေျခာက္လာတယ္။ ၁၂၅ဝ မွာ ကူဗလခန္ရဲ႕ မြန္ဂိုတပ္က ဖ်က္ဆီးတာခံလိုက္ရတယ္။

ဘုရင့္ႏိုင္ငံငယ္မ်ား
• အင္းဝ (၁၃၆၄-၁၅၅၅)
• ဟံသာဝတီ ပဲခူး (၁၂၈၇-၁၅၃၉၊ ၁၅၅ဝ-၁၅၅၂)
• ရွမ္းျပည္မ်ား (၁၂၈၇-၁၅၆၃)
• ရခိုင္ (၁၂၈၇-၁၇၈၅) ေလာင္းၾကက္မင္းဆက္ (ပုဂံမွကင္းလြတ္) ၊ ၁၄၂၉ မွာ ေျမာက္ဦး (၁၇ ရာစုအထိ) တည္ေထာင္ျခင္း၊ အေရွ႕ဘဂၤလားသည္ ၁၄၅၉-၁၆၆၆ အထိ ေျမာက္ဦးေအာက္မွာရွိခဲ့သည္။
• မြန္-ျမန္မာ ႏွစ္ ၄ဝ စစ္ (၁၃၈၅-၁၄၂၄) (ဒီအသံုးကို ခ်စ္ၾကည္ေရးပ်က္ေစတယ္လို႔ ေထာက္ျပတာလည္းရွိတယ္။)

အင္းဝေခတ္ (၁၃၆၄-၁၅၅၅)
ပုဂံပ်က္ျပီးေနာက္ ဧရာဝတီေဘးမွာ ဆန္ထြက္ရာေက်ာက္ဆည္အနားက အင္းဝကို သတိုးမင္းဖ်ားက ၁၃၆၄ မွာ ထူေထာင္တယ္။ ပထမအင္းဝ (၁၃၆၄-၁၅၂၇) နန္းဆက္သစ္ ေပၚလာတယ္။ မြန္ေတြကလည္း ပဲခူး (ပဂိုး) မွာ ျပန္ျပီး နန္းတည္တယ္။ ဓမၼေစတီမင္း (၁၄၇၂-၉၂) မြန္ေရႊေခတ္ကို ထူေထာင္ခဲ့တယ္။

အင္းဝဘုရင္ဟာ ပုဂံလိုျဖစ္ေအာင္လုပ္ဖို႔စိတ္ေစာေနတယ္။ ေတာင္ဖက္က ဟံသာဝတီမြန္ႏိုင္ငံနဲ႔ စစ္ခင္းတယ္။ အေရွ႕ဖက္မွာလည္း ရွမ္းေတြနဲ႔စစ္တိုက္ရတယ္။ အေနာက္ဖက္မွာ ရခိုင္နဲ႔တိုက္တယ္။ ေတာင္ငူနဲ႔ ရွမ္းကိုႏိုင္ခဲ့တယ္။ မြန္-ျမန္မာ အႏွစ္ (၄ဝ) စစ္ (၁၃၈၅-၁၄၂၄) ကို မေအာင္ျမင္ဘူး။ အင္းဝ အားအင္ကုန္ခမ္းလာတာသာ အဖတ္တင္တယ္။ မင္းေျပာင္းတိုင္း လက္ေအာက္ခံေတြက ပုန္ကန္တယ္။ ျပည္၊ ရွမ္းနဲ႔ ေတာင္ငူ (၁၅၁ဝ) လြတ္ထြက္သြားတယ္။ ရွမ္းေတြက အၾကိမ္ၾကိမ္ျခားနားတယ္။ ၁၅၂၇ မွာ မိုးညွင္းေစာ္ဘြားက ျပည္နဲ႔ေပါင္းျပီး အင္းဝကိုဖ်က္ဆီးလိုက္တယ္။ ဒုကၡသည္ေတြ ေတာင္ငူဖက္ေျပးရတယ္။ ၁၅၅၅ မွာ ဘုရင့္ေနာင္က အင္းဝကို သိမ္းလိုက္တယ္။

ေတာင္ငူအင္ပါယာ (၁၅၃၁-၁၇၅၂)
ေတာင္ငူမင္းဆက္ (၁၅၁ဝ-၁၇၅၂)
• ပထမေတာင္ငူအင္ပါယာ (၁၅၁ဝ-၁၅၉၉)
• ေညာင္ရမ္းျပန္လည္စုစည္းျခင္း (၁၅၉၉-၁၇၅၂)
• ျမန္မာျပည္တြင္းစစ္ (၁၇၄ဝ-၁၇၇၅)

ပထမေတာင္ငူအင္ပါယာ (၁၅၁ဝ-၁၅၉၉) နဲ႔ ဒုတိယေတာင္ငူအင္ပါယာ (ေညာင္ရမ္း) ၁၅၉၉-၁၇၅၂) အထိ ရွည္တယ္။ ေတာင္ငူမင္းဆက္မွာ တပင္ေရႊထီးနဲ႔ ဘုရင့္ေနာင္တို႔က နာမည္ၾကီးတယ္။ ၁၂၈၇ ကတည္းက ပ်က္သုဥ္းသြားတဲ့ ပုဂံ အင္ပါယာကို ျပန္ျပီးစုစည္းႏိုင္ခဲ့တာျဖစ္တယ္။ ေညာင္ရမ္းနဲ႔ အေနာက္ဖက္လြန္မင္းေတြက ျပန္လည္ စုစည္းခဲ့တာယ္။ ေတာင္ငူအင္ပါယာရ့ဲ အထြတ္အထိပ္ကာလမွာ မဏိပူ၊ တရုပ္လႊမ္းမိုိးထားတဲ့ ရွမ္းေဒသ၊ (ဆိုင္ယမ္) ေခၚ ထိုင္းနဲ႔ (လန္ဇန္း) ေခၚ လာအိုတို႔လည္းပါတယ္။

ေတာင္ငူ-ဟံသာဝတီစစ္ (၁၅၃၄-၁၅၄၁) ျဖစ္တယ္။ ၁၅၃၉ မွာ တပင္ေရႊထီးက ပဲခူး (ပဂိုး) မွာ ထီးနန္းေျပာင္းစံတယ္။ ပုဂံကို ၁၅၄၄၊ ရခိုင္ကို ၁၅၄၅-၄၇၊ ထိုင္းကို ၁၅၄၇-၄၉ မွာ သိမ္းတယ္။ သူ႔ေနာက္ဆက္ခံတဲ့ ဘုရင့္ေနာင္က အင္းဝကို ၁၅၅၅ မွာ၊ ရွမ္းကို ၁၅၆၂-၆၃ မွာ၊ ထိုင္းကို ၁၅၆၄-၆၉ မွာ၊ လာအိုကို ၁၅၆၅-၇၄ မွာသိမ္းတယ္။ ဘုရင့္ေနာင္နတ္ရြာစံတဲ့ ၁၅၈၁ ေနာက္၊ ၁၅၈၄ မွာ ဆိုင္ယမ္ (ထိုင္း) ကပုန္ကန္ျပီး၊ ၁၆ဝ၅ ကတည္းက ျမန္မာ့ေျမပံုမွာမပါေတာ့ဘူး။ ၁၅၉၉ မွာ ေပၚတူဂီေတြအကူအညီနဲ႔ ရခိုင္က ပဲခူးကိုဖ်က္ဆီးႏိုင္ခဲ့တယ္။ ေပၚတူဂီလူမ်ိဳး ဖိလစ္ ဒီဘရစ္တိုက သူ႔သခင္ရခိုင္ေတြကို ပုန္ကန္ျပီး၊ ဂိုအာမွာရွိတဲ့ ေပၚတူဂီေထာက္ခံမႈနဲ႔ ၁၆ဝ၃ မွာ သန္လ်င္ကို ထူေထာင္လိုက္တယ္။ ၁၆၁၃ ဧျပီလမွာ အေနာက္ဖက္လြန္မင္းက သန္လ်င္ကိုသိမ္းျပီး၊ ဒီဘရစ္တိုကို ကားစင္တင္သုတ္သင္တယ္။ သူ႔မဟာမိတ္ ေတာင္ငူဘုရင္၊ နတ္ရွင္ေနာင္ကို ကြပ္မ်က္လိုက္တယ္။

ဘုရင့္ေနာင္နတ္ရြာစံျပီး ၁၈ ႏွစ္အၾကာ၊ ၂၆၆ ႏွစ္တာရွည္ခဲ့တဲ့၊ အေရွ႕ေတာင္အာရွမွာ အၾကီးဆံုးျဖစ္ခဲ့တဲ့ ေတာင္ငူ အင္ပါယာၾကီး ပ်က္စီးသြားေတာ့တယ္။

ကုန္းေဘာင္မင္းဆက္ (၁၇၅၂-၁၈၈၅)
• ျပန္လည္စုစည္းျခင္း၊
• ထိုင္းနဲ႔စစ္ျဖစ္ပြါးျခင္း (၁၇၈၅-၁၇၈၆၊  ၁၇၈၇၊ ၁၇၉၂၊ ၁၈ဝ၃-၁၈ဝ၈၊ ၁၈ဝ၉-၁၈၁၂၊  ၁၈၄၉-၁၈၅၅)
• တရုပ္နဲ႔စစ္ျဖစ္ပြါးျခင္း၊
• အေနာက္ႏိုင္ငံမ်ားက က်ဴးေက်ာ္ခံရျခင္း၊

အေလာင္းဘုရား (၁၇၅၂-၁၇၆ဝ) ကေန ပဲခူးကို တိုက္ထုတ္လိုက္တယ္။ ရွမ္းျပည္ကိုလည္းျပန္ယူႏိုင္တယ္။ ၁၇၅၉ မွာ မဏိပူကိုျပန္ယူတယ္။ တနသၤာရီကိုတိုက္ယူတယ္။ ထိုင္းကိုတိုက္တာအ့ပန္မွာ သူကိုယ္တိုင္နတ္ရြာစံတယ္။ သားေတာ္ ဆင္ျဖဴရွင္ (၁၇၆၃-၇၆) နန္းတက္တယ္။ အယုဒယကို ၁၇၆၆ မွာႏိုင္တယ္။ တရုပ္ကလည္း ၁၇၆၆ ကေန ၁၇၆၉ အထိ က်ဴးေက်ာ္ေပမယ့္ မေအာင္ျမင္ပါ။ ရခိုင္ကိုေရာ မဏိပူရနဲ႔ အာသန္ကိုပါျပန္ယူႏိုင္တယ္။ အိႏၵိယမွာအုပ္စိုးေနတဲ့ အဂၤလိပ္နဲ႔ နယ္ခ်င္းထိစပ္လာျပီး ၁၈၂၄-၂၆ မွာ ပထမ အဂၤလိပ္-ျမန္မာစစ္ျဖစ္တယ္။ အာသန္၊ မဏိပူ၊ ရခိုင္နဲ႔ တနသၤာရီကို လက္လႊတ္ရတယ္။

ဒုတိယအဂၤလိပ္-ျမန္မာစစ္ (၁၈၅၂) ကေတာ့ ပဲခူးရိုးမသသစ္ေတြလိုခ်င္တဲ့ အဂၤလိပ္ကရန္စလို႔ျဖစ္ရတယ္။ ျမန္မာျပည္ ေအာက္ပိုင္းတခုလံုး သိမ္းယူတယ္။ ၁၈၈၅ မွာ တတိယစစ္ျဖစ္ျပီး ျမန္မာ့ေနာက္ဆံုးမင္း သီေပါ (၁၈၇၈-၈၅) ကို ဖမ္းေခၚသြားတယ္။ တတိယအဂၤလိပ္-ျမန္မာစစ္က ၂ ပတ္သာၾကာလိုက္ပါတယ္။ ၁၈၈၅ ႏိုဝဘၤာလမွာ ျဗိတိသွ်ေတြက မႏၲေလးနန္ျမိဳ႕ေတာ္ကို သိမ္းယူလိုက္တယ္။

ျဗိတိသ်ွကိုလိုနီေခတ္
• ပထမအဂၤလိပ္-ျမန္မာစစ္ (၁၈၂၄-၁၈၂၆)
• ဒုတိယအဂၤလိပ္-ျမန္မာစစ္ (၅-၄-၁၈၅၂ မွ ၂ဝ-၁၂-၁၈၅၂)
• တတိယအဂၤလိပ္-ျမန္မာစစ္ (၇ မွ ၂၉ ႏိုဝဘၤာ ၁၈၈၅)
• ဂ်ပန္ေခတ္ (၁၉၄၂-၁၉၄၅)

ျဗိတိသွ်လက္ေအာက္ကျမန္မာျပည္ (၁၈၈၅-၁၉၄၈)
၁၈၆၉ မွာ ဆူးအက္တူးေျမာင္းဖြင့္လာေတာ့ ျမန္မာျပည္ကဆန္စပါးကို ပိုျပီးစိုက္ပ်ိဳးခ်င္လာတယ္။ ဧရာဝတီ ျမစ္ဝကြ်န္းေပၚ ေဒသကို အဓိကထားတယ္။ စိုက္ဧက ၆ ေသာင္းကေန ၁ဝ သန္းအထိရွိလာတယ္။ ျဗိတိသ်ွေတြက အိႏၵိယ ႏိုင္ငံသားေတြကို ေခၚသြင္းတယ္။ ေတာင္ပိုင္း ခ်စ္တီးယားေတြက ေငြေခ်းစားသူေတြျဖစ္လာတယ္။ ဆန္စပါးေစ်းကြက္ကို တရုပ္နဲ႔ အိႏၵိယသားေတြက အုပ္စီးထားတယ္။ ျမန္မာေတာင္သူေတြ ဆင္းရဲတြင္း နက္သထက္နက္လာၾကတယ္။

အမ်ိဳးသားေရးစိတ္ဓါတ္ တက္ၾကြလာတယ္။ ၁၉ဝ၆ မွာ YMBA ဗုဒၡဘာသာ ကလ်ာဏယူဝအသင္းေတြ ေပၚလာတယ္။ အစိုးရဆန္႔က်င္ေရး မဟုတ္ေသးပါ။ ၁၉၂ဝ ရန္ကုန္ေကာလိပ္ကို တကၠသိုလ္အဆင့္ျမွင့္ဖို႔ တကၠသိုလ္အက္ဥပေဒ လုပ္လာတယ္။ ျမန္မာစစ္စစ္ေတြကို ေဘးဖယ္ထာတဲ့ဥပေဒျဖစ္တယ္။ ေက်ာင္းသားေတြဆႏၵျပၾကတယ္။ ျပင္ေပးရတယ္။ YMBA ကေနေက်ာင္းေတြထူေထာင္တယ္။ အမ်ိဳးသားေက်ာင္းေတြလို႔ တြင္လာတယ္။

၁၉၃ဝ ေက်ာ္လာလေတြမွာ လယ္သမားေတြကို ဆရာစံေခါင္းေဆာင္ျပီး သူပုန္ထတယ္။ ျဗိတိသွ်ေတြက အိႏၵိယစစ္သားနဲ႔ ရဲသားေတြနဲ႔ ၂ ႏွစ္ၾကာႏွိမ္နင္းတယ္။ ၁၉၃၆ မွာ တကၠသိုလ္ေက်ာင္းသားေတြထပ္ျပီးဆႏၵျပၾကတယ္။ ေက်ာင္းသား ေခါင္းေဆာင္ ကိုေအာင္ဆန္းနဲ႔ ကိုႏုတို႔ေပၚထြက္လာတယ္။ သခင္လႈပ္ရွားမႈထဲပါလာၾကတယ္။ ၁၉၃၇ မွာ ျမန္မာျပည္ကို အိႏၵိယကေန ခြဲထုတ္လိုက္တယ္။

၁၉၃၉ မွာ ဒုတိယကမာၻစစ္ျဖစ္လာတယ္။ ေအာင္ဆန္းက အကူအညီရွာဖို႔ တရုပ္ျပည္ထြက္သြားတယ္။ ဂ်ပန္နဲ႔ေတြ႔ျပီး ရဲေဘာ္သံုးက်ိတ္ စစ္ပညာသြားသင္ၾကတယ္။ ၁၉၄၁ ဒီဇဘၤာမွာ ထိုင္းႏိုင္ငံ ဘန္ေကာက္ကိုေရာက္ျပီး ဗမာ့လြတ္လပ္ေရး တပ္မေတာ္ (ဘီအိုင္ေအ) ကို ဖြဲ႔လိုက္တယ္။ အဂၤလိပ္ဆုတ္ခြါျပီး ဂ်ပန္ျမန္မာျပည္ကိုအူပ္စိုးတယ္။ ၁၉၃၇ အေျခခံ ဥပေဒအရ ေဒါက္တာဘေမာ္အစိုးရ ေခါင္းေဆာင္ျဖစ္လာတယ္။ သခင္ႏုေရာ သခင္ေအာင္ဆန္းပါအစိုးရထဲမွာပါတယ္။ ၁၉၄၃ မွာ ဂ်ပန္က ျမန္မာျပည္ကို လြတ္လပ္ေရးေပးတယ္လို႔ေၾကညာတယ္။ ေအာင္ဆန္းဟာ မဟာမိတ္တပ္ အေရွ႕ေတာင္အာရွ စစ္ဦးစီးခ်ဳပ္ ေမာင့္ဘက္တန္နဲ႔ လ်ိဳ႕ဝွက္ဆက္သြယ္တယ္။ ၁၉၄၅ မတ္လမွာ အဂၤလိပ္နဲ႔ျပန္ေပါင္းျပီး ဂ်ပန္ကိုေတာ္လွန္တယ္။ သူ႔တပ္ကို ဗမာကာကြယ္ေရးတပ္လို႔ နာမည္ေျပာင္းရတယ္။ စစ္တြင္းမွာပဲ ဖဆပလကို ဖြဲ႔ထားတယ္။ ၁၉၄၅ ေမလမွာ ဂ်ပန္ေတြဆုတ္ခြါျပီး၊ အဂၤလိပ္ေတြျပန္ဝင္လာတယ္။

လြတ္လပ္ေရးရျပီး ၁၉၄၈-၁၉၆၂
ကြန္ျမဴနစ္ေတြ ေတာခိုျပီး လက္နက္ကိုင္ပုန္ကန္တယ္။ ကရင္ကစျပီး တိုင္းရင္းသားေတြအားလံုးလက္နက္ကိုင္တယ္။ ျပည္တြင္းစစ္ျဖစ္တယ္။ ကေန႔အထိ မျပီးေသးပါ။ ၁၉၄၉ မွ တရုပ္ဖက္ကေနေျပးဝင္လာတဲ့ တရုပ္ျဖဴေတြကို တိုက္ထုတ္ရတယ္။ ၁၉၅၈ မွာ ဖဆပလ ၂ ျခမ္းကြဲတယ္။ ဦးႏုက ဗိုလ္ခ်ဳပ္ေနဝင္းကို အာဏာလႊဲတယ္။ ၁၉၆ဝ မွာ ဦးႏုအစိုးရ ျပန္တက္လာတယ္။

၁၉၆၂ မွ ယေန႔အထိ
၂-၃-၁၉၆၂ မွာ ဗခကေနဝင္းကစစ္အာဏာသိမ္းတယ္။ ၁၉၇၂ ဧျပီမွာ ဗခကေနဝင္းနဲ႔ စစ္အရာရွိေတြ စစ္ယူနီေဖါင္းခြ်တ္ျပီး မဆလပါတီနာမည္နဲ႔ဆက္အုပ္ခ်ဳပ္တယ္။ ၁၉၇၄ ကစျပီး တပါတီစနစ္ဖြဲ႔စည္းပံုအရ မဆလ ပါတီအစိုးရေတြက အုပ္ခ်ဳပ္တယ္။ ၁၉၈၇ မွာ ျမန္မာႏိုင္ငံဟာ LDC အဆင့္ ႏိုင္ငံ ျဖစ္လာတယ္။ ၁၉၈၈ မတ္လကစျပီး ေက်ာင္းသားေတြ စတင္တဲ့ ဆႏၵျပပြဲေတြျဖစ္တယ္။ မဆလပါတီ သမတ ၃ ဆက္ ေျပာင္းျပီး ေနာက္ဆံုး ၁၈-၉-၁၉၈၈ မွာ စစ္တပ္က အာဏာသိမ္းျပန္တယ္။

၁၉၉ဝ မွာ ေရြးေကာက္ပြဲက်င္းပေပမယ့္ NLD ကိုအာဏာလႊဲမေပးပဲ စစ္တပ္ကဆက္အုပ္ခ်ဳပ္တယ္။ ၂ဝ၁ဝ မွာ ေရြးေကာက္ပြဲနဲ႔အတူ လူေဟာင္းေတြကပဲ အရပ္ဝတ္နဲ႔ဆက္အုပ္ခ်ဳပ္တယ္။ ၂ဝ၁၂ ၾကားျဖတ္ေရြးေကာက္ပြဲမွာ NLD ပါလာတယ္။ ၂ဝ၁၅ ေရြးေကာက္ပြဲမွာ NLD က အျပတ္အသတ္အႏိုင္ရလိုက္တယ္။

နိဂံုး
ပုဂံအင္ပါယာကို မြန္ဂိုေတြက ဖ်က္ဆီးခဲ့တယ္။ ရွမ္းေတြၾကီးစိုးခဲ့တဲ့ အင္းဝမွာ ျမန္မာစာေပထြန္းကားခဲ့တယ္။ အႏွစ္ (၄ဝ) စစ္ေၾကာင့္ အားအင္ကုန္ခမ္းျပီး ပ်က္စီးရတယ္။ ေတာင္ငူအင္ပါယာဟာ ဘုန္းတန္ခိုးၾကီးတဲ့မင္းနတ္ရြာစံျပီး ပ်က္စီးသြားတယ္။ ကုန္ေဘာင္မင္းဆက္ဟာ နန္တြင္းေရးနဲ႔ ညံ့ဖ်င္းတဲ့မင္းနဲ႔ အေပါင္းပါေတြ အုပ္စိုးခ်ိန္မွာ ကြ်န္ဘဝ ေရာက္ခဲ့ရတယ္။ ျပည္ေထာင္စုျမန္မာႏိုင္ငံဟာ လြတ္လပ္ေရး ရေပမယ့္ ျပည္တြင္းစစ္နဲ႔ ႏိုင္ငံေရးစနစ္ည့ံဖ်င္းေၾကာင့္ အစစဆုတ္ယုတ္က်ဆင္းခဲ့ရတယ္။

ဒီမွတ္တမ္းမွာ မပါတဲ့ တျခားေဒသဆိုင္ရာသမိုင္းေတြနဲ႔ လူမ်ိဳးအလိုက္သမိုင္းေတြလည္း အမ်ားၾကီးရွိေသးတယ္။ ဘယ္သမိုင္းစာအုပ္မဆို အေျပာမလြတ္ပါ။ ဒီစာမွာ အမ်ားအားျဖင့္ ေက်ာင္းသင္သမိုင္းမာတိကာနဲ႔ အဂၤလိပ္လို ကိုးကားစရာေတြကေန ယူထားတာသာျဖစ္ပါတယ္။

- Political history of Burma ျမန္မာ့ႏိုင္ငံေရးသမိုင္း http://doctortintswe.blogspot.com/2015/04/political-history-of-burma.html
- Glimpses of History of Burma ဆရာဝန္ထံ ေပးစာတေစာင္ http://doctortintswe.blogspot.com/2015/07/glimpses-of-history-of-burma.html
- Burma–Thailand relations ျမန္မာ-ထိုင္းဆက္ဆံေရးသမိုင္း http://doctortintswe.blogspot.com/2015/12/burmesesiamese-wars.html
- Burmese–Siamese wars သမိုင္းထဲက ျမန္မာ-ထိုင္းစစ္ပြဲမ်ား http://doctortintswe.blogspot.com/2015/12/burmathailand-relations.html
- Sino-Burma border agreement တရုပ္-ျမန္မာနယ္နိမိတ္ http://doctortintswe.blogspot.com/2015/04/sino-burma-border-agreement.html
- Stilwell Road စတီးဝဲလ္လမ္းမၾကီး http://doctortintswe.blogspot.com/2015/03/stilwell-road.html
- Kokang background ကိုကန္႔နယ္ေျမသမိုင္း http://doctortintswe.blogspot.com/2015/02/kokang-background.html
- Mongol and Myghal Emperors မြန္ဂို အင္ပါယာနဲ႔ မူေဂါလ္ အင္ပါယာ http://doctortintswe.blogspot.com/2015/04/mongol-and-myghal-emperors.html
- Mongoloid မြန္ဂိုလြိဳက္ http://doctortintswe.blogspot.com/2014/10/mongoloid.html
- Sino-Burmese wars တရုပ္-ျမန္မာစစ္ပြဲမ်ား http://doctortintswe.blogspot.com/2015/12/sino-burmese-wars.html
- Our Dynasties ကြ်ႏ္ုပ္တို႔၏မင္းဆက္မ်ား http://doctortintswe.blogspot.com/2016/06/our-dynasties.html

ေဒါက္တာတင့္ေဆြ
၂၅-၆-၂ဝ၁၆

Unicode Version

History of Burma မြန်မာနိုင်ငံသမိုင်း

ပုံပါသတင်းကို အခုပဲတွေ့ရလို့ အံ့သြတုန်လှုပ်မိပါတယ်။ သမိုင်းမေဂျာနဲ့အောင်ခဲ့တဲ့ဇနီးကိုပြောတော့ သူ့ဆရာ ဒေါက်တာသန်းထွန်းကို အမှတ်ရမိတယ်တဲ့။ သမိုင်းသင်တာက မ,အအောင်လို့ပြောခဲ့တဲ့ဆရာ။ အခု သမိုင်းကို မသင်ကြတော့တာက အ,ချင်လို့မဟုတ်မှန်းသိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းကို စဉ်းစားကြရတာဖြစ်နိုင်ပါတယ်။ ပညာရေးဆိုတာ တိုင်းပြည်ရဲ့လိုအပ်ချက်အရ သင်ပေးနိုင်ရင်ကောင်းတယ်။ ကျွန်တော်ကတော့ (၉) တန်းအထိသာ သမိုင်းသင်ခဲ့ရပါတယ်။ သိနေအောင်တော့ ဆက်လုပ်နေရတုန်းပဲ။

မြန်မာနိုင်ငံသမိုင်း
ပြည်ထောင်စုမြန်မာနိုင်ငံဟာ ယဉ်ကျေးမှုနဲ့ ဖြစ်ထွန်းမှုတွေ နှစ်ပေါင်းထောင်နဲ့ချီပြီးရှိတယ်။ သမိုင်းမတင်မီကတည်းက မြစ်ကြီးတွေနဲ့ တောင်ကြားလွင်ပြင်တွေမှာ လူတွေနေထိုင်ခဲ့ကြတယ်။ အိမ်နီးချင်း တရုပ်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ ကူးလူး ဆက်ဆံခဲ့ကြတယ်။ သီရိလင်္ကာကုန်သငေ်္ဘာတွေရောက်တယ်။ တခြားဒေသတွေကနေ မလေးကျွန်းဆွယ်ကြား ခရီးတထောက်နားရာအရပ်ဖြစ်ခဲ့တယ်။ အိန္ဒိယတိုက်ကနေ ဘာသာရေး၊ နိုင်ငံရေးနဲ့ တရားစီရင်ရေး၊ အနုပညာ၊ လက်မှုပညာတွေ၊ အယူအဆတွေရခဲ့တယ်။ ဒါပေမယ့် အိန္ဒိယယဉ်ကျေးမှုလွှမ်းတာ မသိသာပဲ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းထားနိုင်တာက တခြားအရှေ့တောင်အာရှနိုင်ငံတွေထက် ထူးခြားတယ်။ ကျောက်ဖြစ်ရုပ်ြကြွင်းကျောက်နဲ့ သစ်သားလက်ရာတွေအရ မြန်မာနိုင်ငံအထက်ပိုင်းမှာသာတွေ့ရလို့ (အညာသား) ဆိုတဲ့ ဝေါဟာရနဲ့ ဆက်စပ်နေတယ်။ ၁၉၆၉ မှာတွေ့ရှိချက်အရ ရှမ်းပြည်အရှေ့ပိုင်းမှာ အစောဆုံး နှစ် ၁၁ဝဝဝ ရှိတယ်လို့ ယူဆရတယ်။ ကျောက်ခေတ်က ဥရောပ ကျောက်ခေတ်နဲ့ စင်ပြိုင်ရှိနေခဲ့တယ်။ ဘီစီ ၁၅ဝဝ လောက်မှာ ကြေးခေတ် ရှိခဲ့တယ်။ စပါးစိုက်ပျိုးလာကြတယ်။ မွေးမြူရေးလုပ်လာတြယ်။ ဘီစီ ၅ဝဝ လောက်မှာ သံခေတ်ရှိလာတယ်။

ပျူနိုင်ငံတော်
ဘီစီ ၁ ကနေ ၉ ရာစုအထိ။ တိဘက်တို-ဘာမင်း ဘာသာစကားပြောကြတယ်။ သရေခေတ္တရာ + ဟန်လင်းကြီး။ ချင်းတွင်းမြစ်ဝှမ်းက မြန်မာပြည်မြောက်ပိုင်းကိုဖြတ်တဲ့ တရုပ်-အိန္ဒိယလမ်း အနောက်ဖက်မှာရှိတယ်။ ပျူနိုင်ငံက ဧရာဝတီမြစ်ဝှမ်း မြောက်ဖက်စွန်းမှာရှိတယ်။ မြို့ပြနိုင်ငံတွေတည်ထောင်တယ်။ ပျူလူမျိုးဟာ မြန်မာ့သမိုင်းမှာ အစောဆုံးလူမျိုးလို့ ဆိုနိုင်တယ်။ တရုပ်၊ အိန္ဒိယနိုင်ငံတွေနဲ့ ကူးသန်းဆက်ဆံကြတယ်။ ၄ ရာစုမှာ ဗုဒ္ဓဘာသာ စတင်လာခဲ့တယ်။ ကနေ့ ပြည်မြို့တောင်ဖက်မှာ တည်ခဲ့တဲ့ သရေခေတ္တရာ မြို့ပြနိုင်ငံက အကြီးဆုံးဖြစ်တယ်။ တရုပ်သမိုင်းအရ ပျူမြို့ပြနိုင်ငံပေါင်း ၁၈ ခုထိရှိတယ်။

ပျူခေတ်ယဉ်ကျေးမှုမှာ အိန္ဒိယယဉ်ကျေးမှုကနေလွှမ်းမိုးခဲ့တယ်လို့ သမိုင်းကဆိုပါတယ်။ ပင်လယ်ရေလမ်း ကူးသန်း ရောင်းဝယ်ရေးကြောင့်ဖြစ်မယ်။ တောင်ပိုင်းကမြို့နာမည်တွေကပါဠိ (သို့) သင်္သကရိုက် (သက္ကတဘာသာ) (ဆန်းစ်ခရစ်) နဲ့ဆိုတဲ့အချက်ကိုထောက်ပြတယ်။ ဥပမာ သရေခေတ္တရာ (သီရိခေတ္တရာ) ။ တကောင်းကတော့ မြန်မာလိုဖြစ်ပြီး ဘုရားလောင်းလို သကျသာကီဝင်ကနေဆင်းသက်တယ်လို့မှတ်ယူတာလည်းရှိတယ်။ ၄ ရာစုကတည်းကစတယ်လို့လည်း ဆိုပါတယ်။ တရုပ်သမိုင်းမှာလည်း ထေရဝါဒဗုဒ္ဓဘာသာလို့ မှတ်တမ်းတင်ထားတယ်။

၉ ရာစုနောက်ပိုင်းမှာ မြင်းစီမြန်သူလို့တင်စားတဲ့ လူမျိုးတွေ မြောက်ဖက်ကနေဝင်လာတယ်။ ဗမာလို့ခေါ်တယ်။ ၉ ရာစု အစောပိုင်းကတည်းက ယူနန် Nanzhao Kingdom နန်ဇောင် (နန်ချောင်) ဘုရင်တွေနဲ့ ပျူတွေစစ်ခင်းနေကြတယ်။ ၈၃၂ မှာ နန်ဇောင်း ဘုရင်က ဟန်လင်းကြီးကို ဖျက်ဆီးလိုက်တယ်။ ပျူ ၃ဝဝဝ ယောက်ကိုဖမ်းခေါ်သွားတယ်။ ပျူတချို့က ပုဂံဒေသမှာ အခြေချကြတယ်။ ပျူတွေဟာ ပုဂံသားတွေနဲ့သွေးနှောသွားတော့တယ်။ ၁၂ ရာစုအထိ ပျူစာပေ ကျန်နေသေးတယ်။ ပုဂံသားတွေဆိုတာ ဗမာတွေရော၊ ပျူတွေရော၊ မွန်တွေပါရောနှောနေတယ်။

မွန်နိုင်ငံတော်
မွန်စကားကို (အော်စထိုအေရှားတစ်) လို့ခေါ်တယ်။ ကမေ္ဘာဒီယားမှာသုံးတဲ့ ခမာနဲ့နီးစပ်တယ်။ သထုံမှာဗဟိုပြုတယ်။ ၄-၆ ရာစု အိနိ္ဒယ (ဂုပတား) မင်းဆက်နဲ့ခေတ်ပြိုင်ဖြစ်တယ်။ ဒိအရင် ၃ ရာစု မောရီယအင်ပါယာ အာသောကဘုရင်ကနေ ဗုဒ္ခဘာသာရဟန်းတော်တွေ စေလွှတ်ခဲ့တယ်။ သထုံကို သုဝဏ္ဏဘုမ္မိလို့ခေါ်တယ်။ မွန်ရွှေခေတ်ဖြစ်တယ်။ အိနိ္ဒယနဲ့ ဆက်ဆံပေမယ့် မွန်ယဉ်ကျေးမှုကို ထိန်းထားနိုင်ကြတယ်။

မွန်ဘုရင့်နိုင်ငံတွေက ၆ ရာစုကတည်းကစတယ်။ ထိုင်းမွန်ကနေလာတယ်။ ၉ ရာစုမှာ မွန်နိုင်ငံ ၂ ခု၊ ပဲခူးနဲ့ သထုံမှာ တည်ထောင်တယ်။ ထေရဝါရဗုဒ္ဓဘာသာကို စတင်တဲ့လူမျိုးလည်းဖြစ်တယ်။ ကုန်သွယ်ရေးနဲ့ ကြွယ်ဝကြတယ်။ သထုံကို သုဝဏ္ဏဘုမ္မိ ရွှေနိုင်ငံတော်လို့ ခေါ်တွင်ခဲ့တယ်။

ရခိုင်
ရှေးဟောင်းသုတေသနတွေ့ရှိချက်အရ ရခိုင်ဒေသမှာ ဘီစီ ၃၃၂၅ ကတည်းက လူတွေနေခဲ့ကြတယ်။ တိဘက်တို-ဗာမင်း အမျိုးကများတယ်။ ၁ဝ ရာစုမှာရောက်လာကြတယ်။ ဘုရင့်နိုင်ငံတွေများတယ်။ ဂင်္ဂါမြစ်ဝှမ်းကနေ နေဂရေအငူထိ ကျယ်တယ်။ ဓညဝတီ၊ ဝေသာလီ၊ လေးမြို၊ မြောက်ဦးနဲ့ ၁၇၈၄ ဗမာဘုရင်သိမ်းပိုက်ခြင်းလို့ ၇ ပိုင်းခွဲပြီး လေ့လာတယ်။ ၁၈၂၆ ကစပြီး ၁၉၄၈ လွတ်လပ်ရေးရတဲ့အထိ အင်္ဂလိပ်အုပ်စိုးတယ်။

ရှမ်း
ကနေ့ကာလမှာ ရှမ်းစကားပြောသူတွေ အိနိ္ဒယအရှေ့မြောက်ကနေ၊ မြန်မာနိုင်ငံ၊ ထိုင်း၊ ကမေ္ဘာဒီယား၊ လာအို၊ ဗီယက်နမ်နဲ့ တရုပ်ပြည်ထဲမှာ နေထိုင်ကြတယ်။ ရှမ်း (စိုင်ယမ်) ဟာ မြန်မာ (ဗမာ) ထက် ထိုင်းနဲ့ လာအိုတို့နဲ့ ပိုပြီး ဆက်နွယ်မှုရှိတယ်။ (တိုင်) လို့ခေါ်တယ်။ အစဉ်အဆက် စော်ဘွားတွေကနေ အုပ်ချုပ်လာခဲ့တယ်။ ရှမ်းသမိုင်းဟာ များပြားရှုတ်ထွေးတယ်။

ပုဂံမင်းဆက် (၈၄၉-၁၂၉၇)
• ပုဂံအစောပိုင်းကာလ (၁ဝ၄၄ မတိုင်မီ)
• ပုဂံအင်ပါယာ (၁ဝ၄၄-၁၂၈၇)

ပုဂံကို ၈၄၉ မှာထူထောင်တယ်။ ဗမာလူမျိုးတွေ ခေါင်းထောင်လာနိုင်ခြင်းလို့ ရာဇဝင်မှာ အခန်းတခုအနေနဲ့ရေးတယ်။ တိဘက်တို-ဘာမင်းနွယ်တွေ ဖြစ်တယ်။ ဗမာစကားပြောတယ်။ ဧရာဝတီဘေးက ပုဂံကိုဗဟိုပြုတယ်။ ၉ ရာစု အလယ်ကစပြီး အင်အားကြီးနိုင်ငံအဖြစ် ထူထောင်နိုင်ခဲ့တယ်။ ၈ ကနေ ၉ ရာစု တရုပ်ပြည်အနောက်တောင်ပိုင်းမှာ နန်ချောင်မင်းဆက်စိုးစံနေတယ်။ အရှေ့တောင်အာရှကိုချဲ့ထွင်တယ်။ ၈၆၁ မှာ ဟနွိုင်းကိုသိမ်းတယ်။ မွန်နဲ့ ခမာကိုလည်း သိမ်းတယ်။ ပျူမြို့တော် ဟန်လင်းကြီးသိမ်းတယ်။

တချိန်တည်းမှာ မြန်မာပြည်အောက်ပိုင်းမှာ မွန်ကသာကြီးစိုးထားတယ်။ ပုသိမ်နဲ့ ပဲခူးကိုပါကြီးစိုးရေးလုံးပမ်းနေတယ်။
ထေရဝါဒဗုဒ္ခဘာသာ အိနိ္ဒယကနေကွယ်ပြီ။ ဟင်ဒူတွေပြန်ပြီးလွှမ်းမိုးလာတယ် ကနေ့အထိဖြစ်တယ်။ ၁ဝ၄၄ ကစပြီး အနော်ရထာမင်းက ပုဂံကိုစုစည်းနိုင်လာတယ်။ ၁၈၈၆ အင်္ဂလိပ်သိမ်းတဲ့အထိ မြန်မာပြည်ဟာ တက်လိုက်ကျလိုက်ရှိတယ်။ အနော်ရထာက ရှမ်းတွေနဲ့မိတ်ဆွေလိုဆက်ဆံတယ်။ စီးပွါးရေးတောင့်တင်းအောင် ရေသွင်းစိုက်ပျိုးရေးလုပ်ပေးတယ်။ ထေရဝါဒဗုဒ္ခဘာသာ ယူသွင်းလိုက်တယ်။ ကနေ့အထိ ရှင်သန်ထွန်းကားတယ်။ ၁ဝ၅၇ မှာ သထုံကိုပါသိမ်းတယ်။ ကျန်စစ်သား (၁ဝ၈၄-၁၁၁၂) နဲ့ အလောင်းစည်သူမင်း (၁၁၁၂-၁၁၆၇) တွေဟာ ဘုန်းတန်ခိုးကြီးကြတယ်။ မွန်ပညာသည်တွေကြောင့် အနုလက်မှုပညာတွေရတယ်။ စေတီပုထိုးတွေ ၄ဝဝဝ လောက်တည်ထားကိုးကွယ်တယ်။ ရဟန်းတော်တွေများပြားလို့ တိုင်းပြည်ရဲ့အင်အားစုတခုဖြစ်လာတယ်။ တချိန်တည်းမှာ အင်အားဆုတ်ယုတ်မှုလည်း ဖြစ်တယ်။ ၁၃ ရာစုအကုန်မှာ ပုဂံအင်အားကျဆင်းလာတော့တယ်။ မွန်ဂိုတွေ ခြိမ်းခြောက်လာတယ်။ ၁၂၅ဝ မှာ ကူဗလခန်ရဲ့ မွန်ဂိုတပ်က ဖျက်ဆီးတာခံလိုက်ရတယ်။

ဘုရင့်နိုင်ငံငယ်များ
• အင်းဝ (၁၃၆၄-၁၅၅၅)
• ဟံသာဝတီ ပဲခူး (၁၂၈၇-၁၅၃၉၊ ၁၅၅ဝ-၁၅၅၂)
• ရှမ်းပြည်များ (၁၂၈၇-၁၅၆၃)
• ရခိုင် (၁၂၈၇-၁၇၈၅) လောင်းကြက်မင်းဆက် (ပုဂံမှကင်းလွတ်) ၊ ၁၄၂၉ မှာ မြောက်ဦး (၁၇ ရာစုအထိ) တည်ထောင်ခြင်း၊ အရှေ့ဘင်္ဂလားသည် ၁၄၅၉-၁၆၆၆ အထိ မြောက်ဦးအောက်မှာရှိခဲ့သည်။
• မွန်-မြန်မာ နှစ် ၄ဝ စစ် (၁၃၈၅-၁၄၂၄) (ဒီအသုံးကို ချစ်ကြည်ရေးပျက်စေတယ်လို့ ထောက်ပြတာလည်းရှိတယ်။)

အင်းဝခေတ် (၁၃၆၄-၁၅၅၅)
ပုဂံပျက်ပြီးနောက် ဧရာဝတီဘေးမှာ ဆန်ထွက်ရာကျောက်ဆည်အနားက အင်းဝကို သတိုးမင်းဖျားက ၁၃၆၄ မှာ ထူထောင်တယ်။ ပထမအင်းဝ (၁၃၆၄-၁၅၂၇) နန်းဆက်သစ် ပေါ်လာတယ်။ မွန်တွေကလည်း ပဲခူး (ပဂိုး) မှာ ပြန်ပြီး နန်းတည်တယ်။ ဓမ္မစေတီမင်း (၁၄၇၂-၉၂) မွန်ရွှေခေတ်ကို ထူထောင်ခဲ့တယ်။

အင်းဝဘုရင်ဟာ ပုဂံလိုဖြစ်အောင်လုပ်ဖို့စိတ်စောနေတယ်။ တောင်ဖက်က ဟံသာဝတီမွန်နိုင်ငံနဲ့ စစ်ခင်းတယ်။ အရှေ့ဖက်မှာလည်း ရှမ်းတွေနဲ့စစ်တိုက်ရတယ်။ အနောက်ဖက်မှာ ရခိုင်နဲ့တိုက်တယ်။ တောင်ငူနဲ့ ရှမ်းကိုနိုင်ခဲ့တယ်။ မွန်-မြန်မာ အနှစ် (၄ဝ) စစ် (၁၃၈၅-၁၄၂၄) ကို မအောင်မြင်ဘူး။ အင်းဝ အားအင်ကုန်ခမ်းလာတာသာ အဖတ်တင်တယ်။ မင်းပြောင်းတိုင်း လက်အောက်ခံတွေက ပုန်ကန်တယ်။ ပြည်၊ ရှမ်းနဲ့ တောင်ငူ (၁၅၁ဝ) လွတ်ထွက်သွားတယ်။ ရှမ်းတွေက အကြိမ်ကြိမ်ခြားနားတယ်။ ၁၅၂၇ မှာ မိုးညှင်းစော်ဘွားက ပြည်နဲ့ပေါင်းပြီး အင်းဝကိုဖျက်ဆီးလိုက်တယ်။ ဒုက္ခသည်တွေ တောင်ငူဖက်ပြေးရတယ်။ ၁၅၅၅ မှာ ဘုရင့်နောင်က အင်းဝကို သိမ်းလိုက်တယ်။

တောင်ငူအင်ပါယာ (၁၅၃၁-၁၇၅၂)
တောင်ငူမင်းဆက် (၁၅၁ဝ-၁၇၅၂)
• ပထမတောင်ငူအင်ပါယာ (၁၅၁ဝ-၁၅၉၉)
• ညောင်ရမ်းပြန်လည်စုစည်းခြင်း (၁၅၉၉-၁၇၅၂)
• မြန်မာပြည်တွင်းစစ် (၁၇၄ဝ-၁၇၇၅)

ပထမတောင်ငူအင်ပါယာ (၁၅၁ဝ-၁၅၉၉) နဲ့ ဒုတိယတောင်ငူအင်ပါယာ (ညောင်ရမ်း) ၁၅၉၉-၁၇၅၂) အထိ ရှည်တယ်။ တောင်ငူမင်းဆက်မှာ တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့က နာမည်ကြီးတယ်။ ၁၂၈၇ ကတည်းက ပျက်သုဉ်းသွားတဲ့ ပုဂံ အင်ပါယာကို ပြန်ပြီးစုစည်းနိုင်ခဲ့တာဖြစ်တယ်။ ညောင်ရမ်းနဲ့ အနောက်ဖက်လွန်မင်းတွေက ပြန်လည် စုစည်းခဲ့တာယ်။ တောင်ငူအင်ပါယာရ့ဲ အထွတ်အထိပ်ကာလမှာ မဏိပူ၊ တရုပ်လွှမ်းမိိုးထားတဲ့ ရှမ်းဒေသ၊ (ဆိုင်ယမ်) ခေါ် ထိုင်းနဲ့ (လန်ဇန်း) ခေါ် လာအိုတို့လည်းပါတယ်။

တောင်ငူ-ဟံသာဝတီစစ် (၁၅၃၄-၁၅၄၁) ဖြစ်တယ်။ ၁၅၃၉ မှာ တပင်ရွှေထီးက ပဲခူး (ပဂိုး) မှာ ထီးနန်းပြောင်းစံတယ်။ ပုဂံကို ၁၅၄၄၊ ရခိုင်ကို ၁၅၄၅-၄၇၊ ထိုင်းကို ၁၅၄၇-၄၉ မှာ သိမ်းတယ်။ သူ့နောက်ဆက်ခံတဲ့ ဘုရင့်နောင်က အင်းဝကို ၁၅၅၅ မှာ၊ ရှမ်းကို ၁၅၆၂-၆၃ မှာ၊ ထိုင်းကို ၁၅၆၄-၆၉ မှာ၊ လာအိုကို ၁၅၆၅-၇၄ မှာသိမ်းတယ်။ ဘုရင့်နောင်နတ်ရွာစံတဲ့ ၁၅၈၁ နောက်၊ ၁၅၈၄ မှာ ဆိုင်ယမ် (ထိုင်း) ကပုန်ကန်ပြီး၊ ၁၆ဝ၅ ကတည်းက မြန်မာ့မြေပုံမှာမပါတော့ဘူး။ ၁၅၉၉ မှာ ပေါ်တူဂီတွေအကူအညီနဲ့ ရခိုင်က ပဲခူးကိုဖျက်ဆီးနိုင်ခဲ့တယ်။ ပေါ်တူဂီလူမျိုး ဖိလစ် ဒီဘရစ်တိုက သူ့သခင်ရခိုင်တွေကို ပုန်ကန်ပြီး၊ ဂိုအာမှာရှိတဲ့ ပေါ်တူဂီထောက်ခံမှုနဲ့ ၁၆ဝ၃ မှာ သန်လျင်ကို ထူထောင်လိုက်တယ်။ ၁၆၁၃ ဧပြီလမှာ အနောက်ဖက်လွန်မင်းက သန်လျင်ကိုသိမ်းပြီး၊ ဒီဘရစ်တိုကို ကားစင်တင်သုတ်သင်တယ်။ သူ့မဟာမိတ် တောင်ငူဘုရင်၊ နတ်ရှင်နောင်ကို ကွပ်မျက်လိုက်တယ်။

ဘုရင့်နောင်နတ်ရွာစံပြီး ၁၈ နှစ်အကြာ၊ ၂၆၆ နှစ်တာရှည်ခဲ့တဲ့၊ အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်ခဲ့တဲ့ တောင်ငူ အင်ပါယာကြီး ပျက်စီးသွားတော့တယ်။

ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅)
• ပြန်လည်စုစည်းခြင်း၊
• ထိုင်းနဲ့စစ်ဖြစ်ပွါးခြင်း (၁၇၈၅-၁၇၈၆၊  ၁၇၈၇၊ ၁၇၉၂၊ ၁၈ဝ၃-၁၈ဝ၈၊ ၁၈ဝ၉-၁၈၁၂၊  ၁၈၄၉-၁၈၅၅)
• တရုပ်နဲ့စစ်ဖြစ်ပွါးခြင်း၊
• အနောက်နိုင်ငံများက ကျူးကျော်ခံရခြင်း၊

အလောင်းဘုရား (၁၇၅၂-၁၇၆ဝ) ကနေ ပဲခူးကို တိုက်ထုတ်လိုက်တယ်။ ရှမ်းပြည်ကိုလည်းပြန်ယူနိုင်တယ်။ ၁၇၅၉ မှာ မဏိပူကိုပြန်ယူတယ်။ တနင်္သာရီကိုတိုက်ယူတယ်။ ထိုင်းကိုတိုက်တာအ့ပန်မှာ သူကိုယ်တိုင်နတ်ရွာစံတယ်။ သားတော် ဆင်ဖြူရှင် (၁၇၆၃-၇၆) နန်းတက်တယ်။ အယုဒယကို ၁၇၆၆ မှာနိုင်တယ်။ တရုပ်ကလည်း ၁၇၆၆ ကနေ ၁၇၆၉ အထိ ကျူးကျော်ပေမယ့် မအောင်မြင်ပါ။ ရခိုင်ကိုရော မဏိပူရနဲ့ အာသန်ကိုပါပြန်ယူနိုင်တယ်။ အိန္ဒိယမှာအုပ်စိုးနေတဲ့ အင်္ဂလိပ်နဲ့ နယ်ချင်းထိစပ်လာပြီး ၁၈၂၄-၂၆ မှာ ပထမ အင်္ဂလိပ်-မြန်မာစစ်ဖြစ်တယ်။ အာသန်၊ မဏိပူ၊ ရခိုင်နဲ့ တနင်္သာရီကို လက်လွှတ်ရတယ်။

ဒုတိယအင်္ဂလိပ်-မြန်မာစစ် (၁၈၅၂) ကတော့ ပဲခူးရိုးမသသစ်တွေလိုချင်တဲ့ အင်္ဂလိပ်ကရန်စလို့ဖြစ်ရတယ်။ မြန်မာပြည် အောက်ပိုင်းတခုလုံး သိမ်းယူတယ်။ ၁၈၈၅ မှာ တတိယစစ်ဖြစ်ပြီး မြန်မာ့နောက်ဆုံးမင်း သီပေါ (၁၈၇၈-၈၅) ကို ဖမ်းခေါ်သွားတယ်။ တတိယအင်္ဂလိပ်-မြန်မာစစ်က ၂ ပတ်သာကြာလိုက်ပါတယ်။ ၁၈၈၅ နိုဝင်္ဘာလမှာ ဗြိတိသျှတွေက မန္တလေးနန်မြို့တော်ကို သိမ်းယူလိုက်တယ်။

ဗြိတိသျှကိုလိုနီခေတ်
• ပထမအင်္ဂလိပ်-မြန်မာစစ် (၁၈၂၄-၁၈၂၆)
• ဒုတိယအင်္ဂလိပ်-မြန်မာစစ် (၅-၄-၁၈၅၂ မှ ၂ဝ-၁၂-၁၈၅၂)
• တတိယအင်္ဂလိပ်-မြန်မာစစ် (၇ မှ ၂၉ နိုဝင်္ဘာ ၁၈၈၅)
• ဂျပန်ခေတ် (၁၉၄၂-၁၉၄၅)

ဗြိတိသျှလက်အောက်ကမြန်မာပြည် (၁၈၈၅-၁၉၄၈)
၁၈၆၉ မှာ ဆူးအက်တူးမြောင်းဖွင့်လာတော့ မြန်မာပြည်ကဆန်စပါးကို ပိုပြီးစိုက်ပျိုးချင်လာတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို အဓိကထားတယ်။ စိုက်ဧက ၆ သောင်းကနေ ၁ဝ သန်းအထိရှိလာတယ်။ ဗြိတိသျှတွေက အိန္ဒိယ နိုင်ငံသားတွေကို ခေါ်သွင်းတယ်။ တောင်ပိုင်း ချစ်တီးယားတွေက ငွေချေးစားသူတွေဖြစ်လာတယ်။ ဆန်စပါးဈေးကွက်ကို တရုပ်နဲ့ အိန္ဒိယသားတွေက အုပ်စီးထားတယ်။ မြန်မာတောင်သူတွေ ဆင်းရဲတွင်း နက်သထက်နက်လာကြတယ်။

အမျိုးသားရေးစိတ်ဓါတ် တက်ကြွလာတယ်။ ၁၉ဝ၆ မှာ YMBA ဗုဒ္ခဘာသာ ကလျာဏယူဝအသင်းတွေ ပေါ်လာတယ်။ အစိုးရဆန့်ကျင်ရေး မဟုတ်သေးပါ။ ၁၉၂ဝ ရန်ကုန်ကောလိပ်ကို တက္ကသိုလ်အဆင့်မြှင့်ဖို့ တက္ကသိုလ်အက်ဥပဒေ လုပ်လာတယ်။ မြန်မာစစ်စစ်တွေကို ဘေးဖယ်ထာတဲ့ဥပဒေဖြစ်တယ်။ ကျောင်းသားတွေဆန္ဒပြကြတယ်။ ပြင်ပေးရတယ်။ YMBA ကနေကျောင်းတွေထူထောင်တယ်။ အမျိုးသားကျောင်းတွေလို့ တွင်လာတယ်။

၁၉၃ဝ ကျော်လာလတွေမှာ လယ်သမားတွေကို ဆရာစံခေါင်းဆောင်ပြီး သူပုန်ထတယ်။ ဗြိတိသျှတွေက အိန္ဒိယစစ်သားနဲ့ ရဲသားတွေနဲ့ ၂ နှစ်ကြာနှိမ်နင်းတယ်။ ၁၉၃၆ မှာ တက္ကသိုလ်ကျောင်းသားတွေထပ်ပြီးဆန္ဒပြကြတယ်။ ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်းနဲ့ ကိုနုတို့ပေါ်ထွက်လာတယ်။ သခင်လှုပ်ရှားမှုထဲပါလာကြတယ်။ ၁၉၃၇ မှာ မြန်မာပြည်ကို အိန္ဒိယကနေ ခွဲထုတ်လိုက်တယ်။

၁၉၃၉ မှာ ဒုတိယကမ္ဘာစစ်ဖြစ်လာတယ်။ အောင်ဆန်းက အကူအညီရှာဖို့ တရုပ်ပြည်ထွက်သွားတယ်။ ဂျပန်နဲ့တွေ့ပြီး ရဲဘော်သုံးကျိတ် စစ်ပညာသွားသင်ကြတယ်။ ၁၉၄၁ ဒီဇင်္ဘာမှာ ထိုင်းနိုင်ငံ ဘန်ကောက်ကိုရောက်ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ဖွဲ့လိုက်တယ်။ အင်္ဂလိပ်ဆုတ်ခွါပြီး ဂျပန်မြန်မာပြည်ကိုအူပ်စိုးတယ်။ ၁၉၃၇ အခြေခံ ဥပဒေအရ ဒေါက်တာဘမော်အစိုးရ ခေါင်းဆောင်ဖြစ်လာတယ်။ သခင်နုရော သခင်အောင်ဆန်းပါအစိုးရထဲမှာပါတယ်။ ၁၉၄၃ မှာ ဂျပန်က မြန်မာပြည်ကို လွတ်လပ်ရေးပေးတယ်လို့ကြေညာတယ်။ အောင်ဆန်းဟာ မဟာမိတ်တပ် အရှေ့တောင်အာရှ စစ်ဦးစီးချုပ် မောင့်ဘက်တန်နဲ့ လျို့ဝှက်ဆက်သွယ်တယ်။ ၁၉၄၅ မတ်လမှာ အင်္ဂလိပ်နဲ့ပြန်ပေါင်းပြီး ဂျပန်ကိုတော်လှန်တယ်။ သူ့တပ်ကို ဗမာကာကွယ်ရေးတပ်လို့ နာမည်ပြောင်းရတယ်။ စစ်တွင်းမှာပဲ ဖဆပလကို ဖွဲ့ထားတယ်။ ၁၉၄၅ မေလမှာ ဂျပန်တွေဆုတ်ခွါပြီး၊ အင်္ဂလိပ်တွေပြန်ဝင်လာတယ်။

လွတ်လပ်ရေးရပြီး ၁၉၄၈-၁၉၆၂
ကွန်မြူနစ်တွေ တောခိုပြီး လက်နက်ကိုင်ပုန်ကန်တယ်။ ကရင်ကစပြီး တိုင်းရင်းသားတွေအားလုံးလက်နက်ကိုင်တယ်။ ပြည်တွင်းစစ်ဖြစ်တယ်။ ကနေ့အထိ မပြီးသေးပါ။ ၁၉၄၉ မှ တရုပ်ဖက်ကနေပြေးဝင်လာတဲ့ တရုပ်ဖြူတွေကို တိုက်ထုတ်ရတယ်။ ၁၉၅၈ မှာ ဖဆပလ ၂ ခြမ်းကွဲတယ်။ ဦးနုက ဗိုလ်ချုပ်နေဝင်းကို အာဏာလွှဲတယ်။ ၁၉၆ဝ မှာ ဦးနုအစိုးရ ပြန်တက်လာတယ်။

၁၉၆၂ မှ ယနေ့အထိ
၂-၃-၁၉၆၂ မှာ ဗခကနေဝင်းကစစ်အာဏာသိမ်းတယ်။ ၁၉၇၂ ဧပြီမှာ ဗခကနေဝင်းနဲ့ စစ်အရာရှိတွေ စစ်ယူနီဖေါင်းချွတ်ပြီး မဆလပါတီနာမည်နဲ့ဆက်အုပ်ချုပ်တယ်။ ၁၉၇၄ ကစပြီး တပါတီစနစ်ဖွဲ့စည်းပုံအရ မဆလ ပါတီအစိုးရတွေက အုပ်ချုပ်တယ်။ ၁၉၈၇ မှာ မြန်မာနိုင်ငံဟာ LDC အဆင့် နိုင်ငံ ဖြစ်လာတယ်။ ၁၉၈၈ မတ်လကစပြီး ကျောင်းသားတွေ စတင်တဲ့ ဆန္ဒပြပွဲတွေဖြစ်တယ်။ မဆလပါတီ သမတ ၃ ဆက် ပြောင်းပြီး နောက်ဆုံး ၁၈-၉-၁၉၈၈ မှာ စစ်တပ်က အာဏာသိမ်းပြန်တယ်။

၁၉၉ဝ မှာ ရွေးကောက်ပွဲကျင်းပပေမယ့် NLD ကိုအာဏာလွှဲမပေးပဲ စစ်တပ်ကဆက်အုပ်ချုပ်တယ်။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲနဲ့အတူ လူဟောင်းတွေကပဲ အရပ်ဝတ်နဲ့ဆက်အုပ်ချုပ်တယ်။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါလာတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ်အနိုင်ရလိုက်တယ်။

နိဂုံး
ပုဂံအင်ပါယာကို မွန်ဂိုတွေက ဖျက်ဆီးခဲ့တယ်။ ရှမ်းတွေကြီးစိုးခဲ့တဲ့ အင်းဝမှာ မြန်မာစာပေထွန်းကားခဲ့တယ်။ အနှစ် (၄ဝ) စစ်ကြောင့် အားအင်ကုန်ခမ်းပြီး ပျက်စီးရတယ်။ တောင်ငူအင်ပါယာဟာ ဘုန်းတန်ခိုးကြီးတဲ့မင်းနတ်ရွာစံပြီး ပျက်စီးသွားတယ်။ ကုန်ဘောင်မင်းဆက်ဟာ နန်တွင်းရေးနဲ့ ညံ့ဖျင်းတဲ့မင်းနဲ့ အပေါင်းပါတွေ အုပ်စိုးချိန်မှာ ကျွန်ဘဝ ရောက်ခဲ့ရတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပေမယ့် ပြည်တွင်းစစ်နဲ့ နိုင်ငံရေးစနစ်ည့ံဖျင်းကြောင့် အစစဆုတ်ယုတ်ကျဆင်းခဲ့ရတယ်။

ဒီမှတ်တမ်းမှာ မပါတဲ့ တခြားဒေသဆိုင်ရာသမိုင်းတွေနဲ့ လူမျိုးအလိုက်သမိုင်းတွေလည်း အများကြီးရှိသေးတယ်။ ဘယ်သမိုင်းစာအုပ်မဆို အပြောမလွတ်ပါ။ ဒီစာမှာ အများအားဖြင့် ကျောင်းသင်သမိုင်းမာတိကာနဲ့ အင်္ဂလိပ်လို ကိုးကားစရာတွေကနေ ယူထားတာသာဖြစ်ပါတယ်။

- Political history of Burma မြန်မာ့နိုင်ငံရေးသမိုင်း http://doctortintswe.blogspot.com/2015/04/political-history-of-burma.html
- Glimpses of History of Burma ဆရာဝန်ထံ ပေးစာတစောင် http://doctortintswe.blogspot.com/2015/07/glimpses-of-history-of-burma.html
- Burma–Thailand relations မြန်မာ-ထိုင်းဆက်ဆံရေးသမိုင်း http://doctortintswe.blogspot.com/2015/12/burmesesiamese-wars.html
- Burmese–Siamese wars သမိုင်းထဲက မြန်မာ-ထိုင်းစစ်ပွဲများ http://doctortintswe.blogspot.com/2015/12/burmathailand-relations.html
- Sino-Burma border agreement တရုပ်-မြန်မာနယ်နိမိတ် http://doctortintswe.blogspot.com/2015/04/sino-burma-border-agreement.html
- Stilwell Road စတီးဝဲလ်လမ်းမကြီး http://doctortintswe.blogspot.com/2015/03/stilwell-road.html
- Kokang background ကိုကန့်နယ်မြေသမိုင်း http://doctortintswe.blogspot.com/2015/02/kokang-background.html
- Mongol and Myghal Emperors မွန်ဂို အင်ပါယာနဲ့ မူဂေါလ် အင်ပါယာ http://doctortintswe.blogspot.com/2015/04/mongol-and-myghal-emperors.html
- Mongoloid မွန်ဂိုလွိုက် http://doctortintswe.blogspot.com/2014/10/mongoloid.html
- Sino-Burmese wars တရုပ်-မြန်မာစစ်ပွဲများ http://doctortintswe.blogspot.com/2015/12/sino-burmese-wars.html
- Our Dynasties ကျွန်ုပ်တို့၏မင်းဆက်များ http://doctortintswe.blogspot.com/2016/06/our-dynasties.html

ဒေါက်တာတင့်ဆွေ
၂၅-၆-၂ဝ၁၆

Comments

Popular posts from this blog

Zomi: Who They Are

Zomi Total population ca. 2,500,000 Languages Various Kuki , Mizo , Chin , Naga , Paite Religion Christianity , Animism , Buddhism , Laipian Related ethnic groups Naga , Meitei , Hmar , Mizo , Kuki Zomi [1] is the name of a major tribe found in various parts of South and South East Asia. The term Zomi meaning, Zo People [2] is derived from the generic name 'Zo', the progenitor of the Zomi. They are found in northwestern Myanmar, northeastern India and Bangladesh. Anthropologists classify them as Tibeto-Burman speaking member of the Mongoloid race. In the past they were little known by this racial nomenclature. They were known by the non-tribal plain peoples of Myanmar, Bangladesh and India as Chin, Kuki, or Lushai. Subsequently the British employed these terms to christen those 'wild hill tribes' living in the "un-admiral. They are Zomi not because they live in the highlands or hills, but are Zomi and call the...

CHIN, ZOMI, MIZO, ZO cihtawh kisai Debate

CHIN, ZOMI, MIZO, ZO cih minvai tawh kisai India gam aom ih mipihte kikupna, Debate bawlna hi. Sausimsim in alunglut velvelte bekin atawpdong simzo bekding hi. This is the outcome of the debate about our nomenclatures like Chin-Kuki-Mizo-Zomi on FaceBook – Zolengthe Group. The debate Vaphual shows that every one of us clearly know who we are – We are Zo, but some opined that Kuki nomenclature should be used as it is recognised nationaly and internationally. This is the starting point of the debate: Dear friends, MIZO=ZOMI, then is it something like both side of a coin? If it is so, then there is no chance of sitting under one administrative umbrella. Another Point: Mizo or Zomi ~ Which one should be the right word? I know You will say both. But according to Pu T. Gougin, Founder President of Zomi National Congress, “The land come first and then the people” therefore, it should be Zo… Mi….. that means Zo = Land and Mi = People. He further argued that MIZO is a wrong word; ...

Dr. Chin Do Kham Tangthu

Dr. Chin Do Kham Biography Education     Scholar in Residence for Ph.D. Educational Studies Program at Trinity International University, Chicago, USA, May 2003-August 2005.D., Intercultural Studies, Trinity Evangelical Divinity School of Trinity International University, Chicago, 1998.Min.(Doctor of Ministry in Pastoral Leadership), Oral Roberts University, Tulsa, OK, 1994.Special Study Program at Jerusalem Center for Biblical Studies, Israel, 1996. Educational Administrative and Teaching Experiences Adjunct Professor of Missions and Leadership at Myanmar Evangelical Graduate School of Theology (MEGST), Myanmar since Fall 2008 to PresentAssociate Adjunct Professor of Graduate School of Theology at Global University, Springfield, MO, USA 1996-present.Professor and Director of M.A. Missions Program and taught Leadership and Missions courses for M.A./M.Div./D.Min. courses at Oral Roberts University (2006-2008)Dean of Students and Professor of Missions/Leadership at Asia Pacific T...