ဗြိတိသျှကောင်စီတွင် Certificate in Secondary English Language Teaching အတွက် ပြင်ဆင် ခြင်းသင်တန်းကို ဇူလိုင်လနှင့် TKT Specialist Module (Content and Language Integrated Learning (CLIL) သင်တန်းကို ဩဂုတ်လတွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းသည် Secondary အဆင့် ကျောင်းသား၊ ကျောင်းသူများအား လက်ရှိသင် ကြားနေသော ဆရာ၊ ဆရာမ များ၏ သင်ကြားမှုဆိုင်ရာကျွမ်း ကျင်မှုများ၊ ဆက်သွယ်ဆိုင်ရာ၊ တုံ့ပြန်မှုဆိုင်ရာနှင့် သင်ယူသူ ဗဟိုပြု သင်ကြားနည်းများနှင့် သင်တန်းတွင်း သုတေသနဆိုင်ရာ ကျွမ်းကျင်မှုများကိုမြှင့်တင်ပေး ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။ တက်ရောက်လိုသူများသည် ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီ သို့Certificate in Secondary English Language Teaching သင်တန်းအတွက် ဇူလိုင်လ ၁၈ ရက်မှ ၂၂ ရက်အထိ သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်း နိုင်ပြီး TKT Specialist Module (Content and Language Integrated Learning (CLIL) သင်တန်း အတွက် ဩဂုတ်လ ၁ ရက်မှ ၅ ရက်အထိ သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ အင်္ဂလိပ်ဘာသာသင် ဆရာများနှင့် ဘွဲ့ရပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက...