Xiaomi MI3 ဖုန်းတွေကို မြန်မာစာဖောင့် ထည့်သွင်းတဲ့အခါမှာ ဖုန်းကို Root လုပ်ဖို့ မလိုအပ်ပဲ အလွယ်တကူ ထည့်သွင်းနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ ဒါပေမယ့် အချို့သော Device တွေမှာတော့ အနည်းငယ် အခက်အခဲ ရှိတတ်တာကိုလည်း တွေ့ရပေမယ့် များသောအားဖြင့်တော့ အဆင်ပြေကြပါတယ်။
စတင်ပြီးလေ့လာ ကြည့်ကြပါမယ်။ မြန်မာစာ ထည့်သွင်းဖို့အ တွက် Zawgyi One 2014 ဆိုတဲ့ဖောင့်ကို လိုအပ်ပါတယ်။ ဒါကြောင့် ဒီဖောင့်ကို Download ပြုလုပ်ရပါမယ်။ ဖောင့်ကို Download ပြုလုပ်ဖို့အတွက် Playstore ပေါ်မှာ ရှာဖွေနိုင်သလို Google ပေါ်မှာလည်း အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ဖောင့်ကို Download ပြုလုပ်ရရှိပြီ ဆိုရင်တော့ ရရှိလာတဲ့ ဖောင့်ကိုဖုန်းရဲ့ မှတ်ဉာဏ်ထဲမှာရှိတဲ့ Folder တစ်ခုမှာ ထည့်သွင်းလိုက်ပါ။
ပြီးရင်တော့ Xiaomi MI3 ဖုန်း ရဲ့ Themes စနစ်ထဲကို ဝင်လိုက်ပါ။
Themes ထဲကိုရောက်ပြီဆို ရင်တော့ Themes ထဲက Local ဆိုတဲ့ ထဲကို ဝင်လိုက်ပါ။
Local ထဲကို ရောက်ရှိတဲ့ အချိန်မှာတော့ ဖုန်းရဲ့အောက်ခြေမှာရှိနေတဲ့ Menu Key ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။
မြင်တွေ့ရတဲ့ နေရာမှာ Import SD Card ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။
Import SD Card ကိုရွေးချယ်လိုက်ရင် ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။
မြင်တွေ့ရတာကတော့ ဖုန်းထဲမှာရှိနေတဲ့ Folder တွေရှိတဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ်ထည့်သွင်းထားခဲ့တဲ့ Zawgyi ဖောင့်ဖိုင်ကို ရွေးချယ်ပေးလိုက်ပါ။ ဖောင့်ကိုရွေးချယ် ပေးလိုက်ပြီး သွားတဲ့အချိန်မှာ Original Themes နေရာကို ရောက်ရှိပါလိမ့်မယ်။ ရောက်ရှိတဲ့ အချိန်မှာ အဆိုပါ Themes ကို ရွေးချယ်ပေးလိုက်ပါ။ ပြီးသွားရင်တော့ စနစ်တွေအားလုံးကို အစဆုံး ပြန်ထွက်လိုက်ပါ။ပြီးရင်တော့ Themes စနစ် ထဲကို ပြန်ဝင်လိုက်ပါ။ Themes ထဲမှာ Category ဆိုတဲ့ နေရာကို သွားပါ။
Category ထဲမှာ Components ဆိုတာရှိပါတယ်။ Components ထဲကို ဝင်လိုက်ရင်ခုလို မျိုးမြင်ရပါလိမ့်မယ်။
မြင်တွေ့ရတဲ့ မြင်ကွင်းမှာ Font ဆိုတဲ့ စနစ်ရှိပါတယ်။ Fonts ထဲကိုဝင်လိုက်ပါ။
Font ထဲမွာ Local ဆိုတဲ့ထဲ ကိုသြားပါ။
Font ထဲမှာ Local ဆိုတဲ့ထဲ ကိုသွားပါ။
Local ထဲမှာ ကိုယ်ထည့်သွင်း ထားခဲ့တဲ့ Zawgyi ဖောင့်ကို မြင်တွေ့ရပါလိမ့်မယ်။ Zawgyi ဖောင့်ကို ရွေးချယ်ပေးပြီး Reboot ချလိုက်ပါ။ ဒါဆိုရင် ဖုန်းထဲမှာ ဇော်ဂျီဖောင့်ကို ထည့်သွင်းပြီးသား ဖြစ်ပါလိမ့်မယ်။
Ref & Credit : http://www.internetjournal.media/how-to/1850











No comments:
Write comments