သမိုင္​း

Theme images by Storman. Powered by Blogger.

Text Widget

Sports

Gadgets

Blog Archive

Travel

Definition List

Thursday, July 21, 2016

ဂဠာန်ဦးစော ကိုယ်တိုင် ဖွင့်ဟခဲ့သော အကြောင်းများ

Galone U Saw: Murderer of Aung San
Galone U Saw was hanged!
ဂဠာန်ဦးစော ဟု ဆိုလိုက်လျှင် ကလေးလူကြီး မရွေး အားလုံးသိပြီးလိမ့်မည်ဟု ထင်ပါသည်။ ဂဠာန်ဦးစောသည် အာဇာနည် ခေါင်းဆာင်ကြီးများအား လုပ်ကြံမှုဖြင့် ၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကြိုးပေးခံရတော့မည်ဖြစ်သည်။
ဦးစောသည် သူ၏ လွတ်မြောက်ရေးကို နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သေးသည်။ အသနားခံစာများ ၊ အယူခံစာများဆင့်ဆင့် တစ်မျိုး ၊ နိုင်ငံခြားသံရုံးတစ်ရုံးသို့ လျို့ဝှက် အကူအညီတောင်းခံသည့် စာက တစ်ဖုံ ၊ နောက်ဆုံး သူ့ကိုယ်သူ လုပ်ကြံရန်ပင် တစ်နည်း ကြိုးစား ကြံစည်ခဲ့သေးသည်။
သူ၏ အကြံအစည်အားလုံး မအောင်မြင်ခဲ့သည့် အတွက် ဦးစောသည် အချက်တချို့ကို တောင်းဆိုခဲ့သေးသည်။ လက်ထိပ် မခတ်ပဲ ကြိုးစင်သို့ခေါ်ရန် ၊ သူ့ကို ပထမဆုံးကြိုးပေးရန် နှင့် ဘဝကူးကောင်းရန် စိတ်ငြိမ်စွာနေခွင့်ပြုရန် ၊လယ်တီဆရာတော် ဘုရားကြီး၏ တရားစာအုပ်များ ဝယ်ပေးရန် တောင်းဆိုခဲ့သည်။
နောက်ဆုံးအချိန်များတွင် ဦးစောသည် သူ့အကြောင်းကို ဖွင့်ဟ ဝန်ခံခဲ့သည်။
” ကျုပ် တစ်သက်လုံး ဗုဒ္ဓဘာသာလို့ ပြောခဲ့တာပဲ ၊ တကယ်တော့ ကျုပ်ဟာ မိရိုးဖလာ သာမန်ဗုဒ္ဓဘာသာမျှသာဖြစ်ခဲ့တာကို တရားစာပေတွေလေ့လာပြီးမှ ပိုပြီးသိရတယ် ၊ မကောင်းမှုမှန်သမျှ ကျုပ်မလုပ်ဖူးတာမရှိဘူး ၊ အကောင်းဆုံးတွေကိုလည်း ကျုပ်မတွေ့ခဲ့ဖူးတာ မရှိဘူး။ ဒါပေမယ့် ခုတွေ့ရတဲ့ တရားတော်ရဲ့ အဆီအနှစ်တွေကိုတော့ ကျုပ်
တစ်ခါမှ မတွေ့ခဲ့ဖူးဘူး”
“ကျုပ် အာဏာရှိတုန်းကလည်း ဘာသာရေးကို အလေးအနက် မရှိခဲ့ဘူး။ ဘာသာရေးဆိုတာ ကျုပ်အတွက် ဟန်ပြအဆောင်ယောင် တစ်ခုပဲ ၊ ကျုပ်ဆန္ဒမှာ ရှိတာက ကျုပ်အာဏာတည်မြဲရေး နဲ့ တိုင်းပြည်ကို ကျုပ်ကြိုက်တဲ့ပုံစံ သွင်းချင်တာ အဓိကပဲ ။ အဲဒီအချိန်တုန်းကသာ ခုတွေ့ရတဲ့ တရားတော်တွေကို တွေ့ရရင် ခုလိုဖြစ်မယ် မထင်ဘူး”
“အဲဒီတုန်းက ကျုပ်ဟာ နန်းရင်းဝန်ကြီးဘဝနဲ့ ရွှေဘိုနယ်ကို ရောက်ခဲ့တယ် ။ အဲဒီမှာ အလောင်းမင်းတရား ကိုးကွယ်ခဲ့တဲ့ မတ်ရပ်ဆင်းတုတော်ဟာ ဆုတောင်းပြည့်တယ်လို့ သတင်းကြီးတာကြောင့် မရ ရတဲ့နည်းနဲ့ ကျုပ်ယူခဲ့မိတယ်၊တကယ် ကြည်ညိုလို့ပင်ခဲ့တာတော့ မဟုတ်ဘူး ၊ ကျုပ်အကျိုးအတွက် ကြည့်ပြီး ယူခဲ့တာပဲ ၊ အဲဒါကျုပ်ရဲ့ မဟာအ
မှားကြီးပါပဲ ၊ နောက်မှ သိရတာ ဒီဆင်းတုတော်ဟာ အလွန်တန်ခိုးကြီးတယ် ၊ မဟုတ်မမှန်လူလက်ထဲရောက်ရင် ခိုက်တတ်တယ် ဆိုတာပဲ ၊ သိရတော့ နောက်ကျသွားပြိ ၊ ကျုပ် အင်္ဂလိပ်အကျဉ်းသားဖြစ်လိုက် ၊ သေနတ်နဲ့ချောင်းပစ်ခံရလိုက် နဲ့ နောက်ဆုံး ခုအခြေအနေထိပဲ ၊ နောက် ကျုပ် ဒီအထဲရောက်မှ အဲဒီဆင်းတုတော်ကို ရွှေတိဂုံ စနေထောင့်မှာ လှူဒါန်းလိုက်ရတယ် ”
ဆိုရလျှင် ဂဠာန်ဦးစောသည် နောက်ဆုံးနေ့များတွင် အမှားအတွက် နောင်တကြီးစွာ ရသွားခဲ့ဟန် တူသည်။ မိမိ အမှားကြီးမှားခဲ့ကြောင်း ၊ ခုမှ သတိသံဝေဂတရား ဖြစ်ပေါ်ခဲ့ကြောင်း မိသားစုထံသို့ ရေးပို့ခဲ့သည့် စာလေးနှစ်စောင်က သက်သေခံလျှက်ရှိသည်။
ပထမစာမှာ ကြိုးမိန့်မချမီ တစ်ပတ်အလိုက ဇနီးဖြစ်သူ ဒေါ်သန်းခင်ထံသို့ ပေးခဲ့သောစာဖြစ်သည်။ ဦးစောသည်ဇနီးဖြစ်သူကို မာမီခင် ဟုသာခေါ်သည် ။ စာမှာ-
မာမီခင်…
ကျွန်တော့်အလောင်းကို အိမ်သို့ မယူပါနှင့်။ ဘယ်ကိုမှလဲ မယူပါနှင့် ၊ သေပြီးသော အပုပ်ကောင်ကြီးဟု တရားနှင့်ဖြေပါ၊ သတိသံဝေဂ ဖြစ်ပါ ၊ အနိစ္စတရား နှင့် အနတ္တတရားများကို ပွားပါ ၊ သေပြီးဖြစ်၍ မထူးပါ ၊ထို့ကြောင့် မာမီတို့ ဒုက္ခမရှာပါနှင့် သေသူကိုသာ ရည်ရွယ်၍ ပဉ္စင်းခံရှင်ပြုခြင်း ၊ ဆွမ်းလောင်းခြင်း စသော ကုသိုလ်ကောင်းမှုများကို သာပြုပေးပါ ၊ အမျှအတန်းပေးဝေပါ ၊ ဤသို့သော ကုသိုလ်ရေးများကိုသာ ဂရုစိုက်ပါ…. ဟု
ဇနီးဖြစ်သူအား မှာကြားသွားသည်။
နောက်တစ်စောင်မှာ သမီးဖြစ်သူထံကို ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထိုစာတွင် မိမိ အဃာတ တရားကြီးမားခဲ့သည့်အတွက် ဘဝကို တိုတိုနှင့် ဇာတ်သိမ်းခဲ့ကြောင့် ဝန်ခံသွားခဲ့သည်။ ထိုစာမှာ-
ဒေါသ နှင့် အာဃာတ တရားသည် ကောင်းကျိုးကို မပေးပဲ ဆိုးကျိုးကိုသာပေးသည်။ မိမိဒေါသမီးကို ရင်ဝယ်ပိုက်ပြီး အာဃာတ တရားကြီးမားလွန်းခဲ့သဖြင့် မိမိ၏ဘဝကို တိုတိုနှင့် ပိုင်းဖြတ်ကာ ဇာတ်သိမ်းခဲ့ရသည်။
အကယ်၍ ဒေါသမီးကို ရင်ဝယ်မပိုက်ပဲ ငြိမ်းသက်နိုင်ခဲ့ပြီး အာဃာတ တရားကိုလည်း ဖျောက်ဖျက်ပစ်နိုင်မည် ဆိုလျှင် ယခုလို အသက်ငယ်ငယ်နှင့် ဘဝကို တိုတိုပိုင်းရမည် မဟုတ်ချေ။ မိမိမြတ်နိုးသော ဇနီး ၊ မိမိချစ်သောသမီးတို့နှင့် အိုအောင်မင်းအောင်နေထိုင်ရပြီး တိုင်းပြည်အကျိုးကိုသယ်ပိုးထမ်းဆောင်နိုင်မည် ဖြစ်သည်။
ယခုကား လွန်ခဲ့ပြီ ၊ ပြီးခဲ့လေပြီ ၊ သို့တစေလည်း ဖခင်ဖြစ်သူ၏ အမှားမျိုးကို သမီးဖြစ်သူ မကြုံတွေ့ရလေအောင် ဖခင်၏ ဘဝသင်ခန်းစာကို ယူ၍ ဒေါသမီး ရင်ဝယ်မပိုက်ထွေးပဲ ငြိမ်းသတ်လိုက်ပါ။
မည်သူ့အပေါ်မျှ ရန်ငြိုးမဖွဲ့ ရန်ငြိုးမထားဘဲ အာဃာတ တရားကို ဖျောက်ဖျက်ပစ်ပါလေ ချစ်သမီး..
ဟူ၍ ဖြစ်လေတော့သည်။
Ref;
သိသင့်သိစရာ သမိုင်းဝင်ဖြစ်ရပ်များစွာ – နန္ဒာမိုးကြယ်
အမှတ်မှားဆဲ လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀ဝ – မောင်ကြည်သန့်

No comments:
Write comments