Skip to main content
Posts
Showing posts with the label အိုင်တီ
T3D Desktop
Hih a tunga lim dan in Dektop 3D tawh a en nuam te ading in..ong koih pong ing..Deihsak na leh theihsak na ci lo dia... A zat dan pen na file i taklam a tungah a sikli neu liklek om ding..tua pen mek leteh ki ngha ziau hi....Ciam kim ding ee... T3Desk for XP leh T3Desk for Win7 ah na la un. Lungdam
Maxthon Browser
ကွန်ပျူတာရှိပြီဆိုကတည်းက Internet ကွန်နက်ရှင် တော့ ရှိကြတာပေါ့။ Windows OS နှင့် တွဲယှက်လာတဲ့ Internet Explorer ကိုတော့ မသုံးကြတော့တာ အမှန်ဘဲ။ Chrome နှင့် Mozilla Firefox ကို အသုံးပြုကြတာ တွေ့ ရပါတယ်။ အပေါ်မှာ တင်ပြထားတာတွေထက် ၂၀၀%လောက်မြန်တယ်လို့  ပြောကြတဲ့  Maxthon  ကတော့ Zawgyi   နှင့်ဆို အဆင်ပြေသလို Myanmar Unicode နှင့်တော့ နည်းနည်းမကဘူး အများကြီးဝေးနေတယ်။ မြန်တာကို လိုချင်ရင် တော့ Maxthon3 ကိုသာ သုံးလိုက်ကြရအောင်....
Create personal Proxy Server
ဒီpostကတော့ Banned Websiteတွေကို ၀င်နိုင်တဲ့ နည်းလမ်း(၁၀)ခု ထဲက ၉ ခုမြောက် နည်းလမ်းကို အထောက်အကူပြုစေနိုင်ဖို့ဖြစ်ပါတယ်။ ဒီနည်းလမ်း နံပါတ် ၉ ဟာ အခြား နည်းလမ်းတွေထက်သာလွန်တဲ့ အချက်တွေ ရှိနေပါတယ်။ ပထမအချက်အနေနဲ့ free public proxy တွေဟာ ဘယ်တော့မှ safe မဖြစ်ပါဘူး ။ အဲဒီ serverတွေက သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ၊ ကိုယ်ပိုင်သတင်းအချက်အလက်တွေကို ထိခိုက်စေနိုင်သလို အဲဒီ server တွေဟာ proxy software အသုံးပြုပြီး block တာကိုလည်း ခံရနိုင်ပါတယ်။ နောက်တချက်ကတော့ သင့်ကိုယ်ပိုင် proxy server အသုံးပြုခြင်းဖြင့် သင်ကိုယ်တိုင် အပြည့်အ၀ ထိန်းချုပ်လုပ်ကိုင်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင် browse လုပ်ခဲ့တာကို ဘယ်သူမှမသိစေဖို့အတွက် သင့်ရဲ့ traffic ကိုလည်း လျှို့ ၀ှက်ထားနိုင်ပါတယ်။ ဒီpost မှာတော့ Windows XP တင်ထားတဲ့ computer တစ်ခုပေါ်မှာ Http proxy server တစ်ခုဘယ်လိုပြုလုပ်နိုင်သလဲ ဆိုတာကို ဖော်ပြထားပါတယ်။ အဆင့် ၁ - Perl distribution ကို Download ပြုလုပ်ခြင်း နှင့် install ပြုလုပ်ခြင်း Active State site မှ Active Perl ရဲ့ Windows x86 version ကို download ပြုလုပ်ပါ။ ကျနော် "C:\us...
Banned Website တွေကို ၀င်နိုင်တဲ့ နည်းလမ်း (၁၀) ခု
သူငယ်ချင်းတွေကလည်း ပြောကြပါတယ်... " ban ထားတဲ့ website တွေကို Anonymous လုပ်ပြီး ၀င်ဖို့ ဘာခက်တာမှတ်လို့ ဒီလောက်လွယ်နေတာ " လို့ပြောပါတယ်... ဒီလို ကျော်ခွပြီးဝင်တာက မြန်မာနိုင်ငံကလူတွေနဲ့လည်း ယဉ်ပါးပြီးသားပါ... ကျနော်က အထူးအဆန်းလုပ်ပြီး တင်တာတော့ မဟုတ်ပါဘူး... မသိသေးသူတွေများ ရှိနေမလားဆိုပြီး တင်ပေးလိုက်တာ... banned website တွေကို access လုပ်နိုင်တဲ့ နည်းလမ်းပေါင်း မြောက်မြားစွာရှိပါတယ် ... အဲဒီထဲက ထိပ်တန်းရောက်နေတဲ့ (၁၀) ခုလောက်ကို မသိသေးသူများအတွက် ဖော်ပြလိုက်ပါတယ်... သိပြီးသားသူတွေကတော့ ဖတ်မနေပါနဲ့ ... အချိန်ကုန်ပါတယ်။ ၁။ IP address ကိုအသုံးပြုခြင်း ဒီနည်းလမ်းကတော့ ၀င်ရောက်ဖို့ ကန့်သတ်ထားတဲ့ domain name တွေကို ဖြတ်ကျော်ဝင်ရောက်ဖို့အတွက် အရိုးရှင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဥပမာ... www.webstuffscan.com ကဲ့သို့သော domain name အစား direct IP address ကို အသုံးပြုတာဖြစ်ပါတယ်။ IP address ကိုရှာဖွေဖို့အတွက် ဒီ site လိုမျိုး online IP ပြောင်းလဲပေးတဲ့ free host တစ်ခုကို အသုံးပြုနိုင်ပါတယ်။ ၂။ Google cache အသုံးပြုခြင်း အကယ်၍များ site တစ်ခုခုကများ banned website က...
Repairing Memory Stick
Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်။ သဘောတရားကတာ့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့်Partition Table ဖျက်ပြီးအသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွား ပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။ ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်။ No Log ကို Keyboard က Arrow Key နဲ့ ရွေးပြေီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geom...
Art Project, Powered by Google
ဒီနေ့ google ကိုဖွင့်ရင်း ခုပုံထဲမှာ ပြထားတာလေးကိုတွေ့လို့ လိုက်ဝင်ကြည့်တာ google က      အသစ်လုပ်ပေးလိုက်တဲ့ Art project လေးကို တွေ့တာပဲ.သူက ဘာတွက်လဲ ဆိုတော့ ကမ္ဘာပေါ်က ထင်ရှားတဲ့ အနုပညာ     ပြတိုက်တွေ ပြခန်းတွေ ကို တနေရာထဲကနေ ကြည့်လို့ရအောင် စီစဉ်ပေးလိုက်တာပဲ.ဘယ်နိုင်ငံက musen ကိုကြည့် ချင်တယ် ဆိုရင် ရွေးပြီးတော့ သွားကြည့်လို့ရတယ်လေ.ကျနော်တို့အရင်က google map လေး သုံးနေသလိုပဲ ပြတိုက် ခန်းမ တခုလုံးကိုလှည့်ပတ်ကြည့် ရှု့နိုင်ပြီးတော့ ကိုကြည့်ချင်တဲ့နေရာကို အသေးစိတ်ကြည့်နိုင်ပါသေးတယ်.ကျနော်အောက်မှာ အစမ်းအနေနဲ့ ပန်းချီဆရာကြီး van gogh ရဲ့ ပန်းချီကားလေးကိုကြည့်တာပြထားပါတယ်.သူပြထားတဲ့ ပန်းချီကား ဘယ်နေ့မှ စဆွဲတယ် ဘယ်နေရာမှာတည် ရှိလဲ ဆိုတာက အစ အသေးစိတ်ကြည့်နိုင်ပါတယ်.နောက်တခုက ကိုကြည့်တဲ့ ဟာလေးကို သဘောကျတယ်ဆိုရင်လဲ ကိုသုံးနေ တဲ့ FACEBOOK ,TWITTER လို ဆိုဒ်တွေမှာ ပြန်ရှယ်ခွင့်ပေးထားပါတယ်.ဒီလောက်ဆိုနားလည်ကျပါလေ့မယ် အောက်ကပုံ လေးတွေကိုကြည့်လိုက်ရင် ပိုပြည့်စုံပါလေ့မယ်.. ပုံတွေကို တမင် အကြီးနဲ့ ထည့်ပေးထားတာပါ ကြည့်ရတာ အဆင်ပြေအောင်လို့ပါ.လုံးဝ...
Trial Version ကနေ Full version လုပ်ရအောင်
ကျွန်တော်တို့တွေ Program တွေသုံးတဲ့အခါ Trail Version တွေကို အများအားဖြင့် သုံးကြရပါတယ်။ Trial ကာလ ၁ လ ပေးတာတို့ ၊ ၁၀ ရက် ပေးတာတို့မျိုးပေါ့။ ၁၀ ရက် Trial version ဆိုရင် ၁၀ ရက်ပြည့်တဲ့အခါ Your Trial Version is Expire ဆိုပြီး သုံးမရတော့ဘူးလေ။ အဲဒီလို Expire မဖြစ်ရအောင် လုပ်နည်းလေးပါ။ အရင်တုန်းကတော့ program expire မဖြစ်ခင် computer date ကို ရှေ့ပြန်တိုးပေးလိုက်ရင် အဆင်ပြေသွားပါတယ်။ အခုတော့ RunAsDate ဆိုတဲ့ Program လေးကို တွေ့လိုက်ပါတယ်။ ဥပမာ- Program တစ်ခုကို ၂၀၀၈ ၁ လပိုင်း ၁ ရက်နေ့မှာ install လုပ်မယ်၊ သူ့ရဲ့ Trial ကာလက ၁၀ရက်ပေးတယ်ဆိုရင် အဲဒီ Program ဟာ ၂၀၀၈ ၁ လပိုင်း ၁၁ ရက်နေ့ရောက်ရင် သုံးရမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် အဲဒီ Trial Program ကို RunAsDate ဆိုတဲ့ Program ကနေတစ်ဆင့် ၂၀၀၈ ၁လပိုင်း ၁ရက်နေ့အနေနဲ့ပဲ အမြဲ run ခိုင်းပြီး သုံးမယ်ဆိုရင် ဘယ်တော့မှ expire ဖြစ်မှာ မဟုတ်တော့ပါဘူး။ တကယ့်အသုံးဝင်တဲ့နည်းလေးမို့ တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ Serial key နဲ key Generater တွေကို တော့ www.keygenguru.com မှာ ရရှိနိုင်ပါတယ်။ RunAsDate Program အတွက် Download Link ကတော့ zawthureintun.googlepages.com/...
Show Current Music track in Google talk for Window Vista and Window 7
အရင်က Window XP မှာဆိုရင်တော့ Google talk မှာ Window Media Player နဲ့ ကိုယ့်ဖွင့်ထားတဲ့ သီချင်းခေါင်းစဉ်လေး ပေါ်နေအောင် လုပ်တာ အားလုံး သိ ပါ တယ် ။ Window Vista and Window7 မှာကျတော့ ဘယ်လိုလုပ်ရမှန်းမသိလို့ ဒီတိုင်းထားထား ရတာ ရှိပါ တယ် ။ Window7 မှာ ဆိုရင် mp3 တင်မဟုတ်တော့ဘူး ဗွီဒီယိုဖိုင်တွေ ဖွင့်ရင်တောင် အဲဒီဖွင့်ထားတဲ့ သီချင်း ခေါင်စဉ်လေး ပေါ်ပါတယ်ခင်ဗျာ။ အခုပြောပြမှာကတော့ Window Vista and Window7 သုံးနေသူများ အ တွက် Google talk မှာ Window Media Player နဲ့ သီချင်းဖွင့်ရင် သီချင်းခေါင်းစဉ်လေး ပေါ်ဖို့ အတွက်ပါ။အဆင့်(၁)။ မိမိတင်ထားတဲ့ ဂျီတော့ဆော့ဝဲလ်ကို Add/remove programs မှ uninstall လုပ်ပါ။ အဆင့်(၂)။ Google talk installation file အား Right Click ထောက်ပြီး Run as Administrator ဖြင့် Run ပါ။ This will give you higher power (called elevation) to install Google Talk so that you will see all functionality.အဆင့်(၃)။ Google talk ကို install လုပ်ပြီးသွားရင်။ Window Media Player ဖြင့် သီချင်းတစ်ပုဒ်ဖွင့်လိုက်ပါ။ Tools-- Plug-ins – Options ကိုဝင်၍ ပုံတွင်ပြထားသည့်အတိုင်း လုပ်လိုက်ပ...
Wi-Fi ဆိုတာဘာလဲ?
ကျွန်တော်တို့ပတ်၀န်းကျင်မှာ Wi-Fi ( ဝိုင်ဖိုင် ) ဆိုတာကိုတွင်ကျယ်စွာအသုံးပြုလာနေကြပါပြီ။ Cable တွေသုံးလို့အဆင်မပြေတဲ့နေရာတွေမှာ ဒီ Wireless Network တွေကြောင့် Communication တွေပိုမိုအဆင်ပြေရပါတယ်။ Wi-Fi ဆိုတာက WLAN ( Wireless Local Area Network ) ဖြစ်ပါတယ်။ Wi-Fi ဆိုတာအတိုကောက်ယူထားတာပါ။ သူ့ရဲ့အရှည်စကားလုံးကတော့ "Wireless Fidelity" ဖြစ်ပါတယ်။ ဒါကို IEEE ( Electrical and Electronic Engineer ) အဖွဲ့ကနေ သူတို့ရဲ့Frequency Rate ပေါ်မူတည်ပြီး 802.11 standard တွေသတ်မှတ်ထားပါတယ်။သူတို့ရဲ့Data rate တွေ Range တွေကိုတော့အောက်မှာဖော်ပြထားပါတယ်။ Wi-Fi Network တည်ဆောက် ရန်အတွက် Transmit လုပ်မယ့် Router (or ) AP ( Access Point ) နှင့် Receive လုပ်မယ့် Wireless NIC (wireless network card ) ရှိရပါမယ်။ ဒီနှစ်ခုရဲ့ကြားမှာ Radio Frequency ( RF ) တွေဖြင့် Communicate လုပ်သွားမှပါ။ သင်လိုချင်တဲ့ range ( အကွာအဝေး ) နှင့် Speed ကတော့ ရွေးချယ်မယ့် Router နှင့် Network Card အပေါ်မှာမူတည်ပါလိမ့်မယ်။ ပုံမှန် Home wi-fi အိမ်တွင်းတွင်အသုံးပြုရန်အတွက်တော့ Wireless Router ရှိရုံ ...
Wi-Fi ဆိုတာ ဘာလဲ?
ကျွန်တော်တို့ပတ်၀န်းကျင်မှာ Wi-Fi ( ဝိုင်ဖိုင် ) ဆိုတာကိုတွင်ကျယ်စွာအသုံးပြုလာနေကြပါပြီ။ Cable တွေသုံးလို့အဆင်မပြေတဲ့နေရာတွေမှာ ဒီ Wireless Network တွေကြောင့် Communication တွေပိုမိုအဆင်ပြေရပါတယ်။ Wi-Fi ဆိုတာက WLAN ( Wireless Local Area Network ) ဖြစ်ပါတယ်။ Wi-Fi ဆိုတာအတိုကောက်ယူထားတာပါ။ သူ့ရဲ့အရှည်စကားလုံးကတော့ "Wireless Fidelity" ဖြစ်ပါတယ်။ ဒါကို IEEE ( Electrical and Electronic Engineer ) အဖွဲ့ကနေ သူတို့ရဲ့Frequency Rate ပေါ်မူတည်ပြီး 802.11 standard တွေသတ်မှတ်ထားပါတယ်။သူတို့ရဲ့Data rate တွေ Range တွေကိုတော့အောက်မှာဖော်ပြထားပါတယ်။ Wi-Fi Network တည်ဆောက် ရန်အတွက် Transmit လုပ်မယ့် Router (or ) AP ( Access Point ) နှင့် Receive လုပ်မယ့် Wireless NIC (wireless network card ) ရှိရပါမယ်။ ဒီနှစ်ခုရဲ့ကြားမှာ Radio Frequency ( RF ) တွေဖြင့် Communicate လုပ်သွားမှပါ။ သင်လိုချင်တဲ့ range ( အကွာအဝေး ) နှင့် Speed ကတော့ ရွေးချယ်မယ့် Router နှင့် Network Card အပေါ်မှာမူတည်ပါလိမ့်မယ်။ ပုံမှန် Home wi-fi အိမ်တွင်းတွင်အသုံးပြုရန်အတွက်တော့ Wireless Router ရှိရုံ ဖြင့်အောက်မှပုံလို ချိတ်ဆ...
Freegate အသံုးၿပဳပံု
Freegate ဟာ Dynamic Internet Technology (DIT) က ထုတ်တဲ့ ဆော့ဖ်ဝဲ တခု ဖြစ်ပြီး၊ Dynaweb တဆင့် အင်တာနက်ကို ခဵိတ်ပေးတဲ့ peer-to-peer ခဵိတ္ဆက္မွဳနဲႛ တူတဲ့ ပေရာ့ဆီ (proxy) ကြန္ရက္စနစ္ ၿဖစ္ပၝတယ္။ Freegate ရဲႚ အားသာခဵက္က USB Flash Drive ထည့္ထားၿပီး ဘယ္ေနရာက ကြန္ပဵဴတာမွာ မဆုိ ထပ္မံ သွင်းစရာမလိုဘဲ Freegate ပုံလေးကို နှ်ပ်ပြီး (Click လုပ်ပြီး) အလွယ်တကူ စိတ်ခဵစွာ သုံးစွဲနိုင်တဲ့ ဆော့ဖ်ဝဲ တခုဖြစ်ပၝတယ်။ (Freegate Tutorial - Tutorial on downloading, installing, and using Freegate.) [သတိပြုရန် - မြန်မာစာတန်းထိုး ဗီဒီယို ကြည့်လိုပၝက ပလေး (PLAY) ခလုပ် '►' ကို မနှိပ်ခင်မှာ၊ ဗီဒီယို ပလေးယား အောက်ခြေရှိ 'Choose Language …' မှာ 'Burmese (Myanmar) [100 %]' ကို အရင်ေ႟ွးထားပြီးမှပေလေး (PLAY) '►' ခလုပ်ကိုနှိပ်ပၝ။ ပုံမှန်အားဖြင့် 'Choose Language …' မှာ 'English [100 %]ဆိုပြီးပေါ်နေပၝလိမ့်မယ်။] Duration: 7 minutes and 7 seconds - Producer & Director: Calvin Rhodes ကGန်ရက်နေရာရဲႚ လိပ်စာကတော့ http://dotsub.com/view/53640525-d3e7-435...
ဆိုင်ဘာစစ်ပွဲများနှင့်အာရပ်ကမ္ဘာ
လက်နက်ကိုင်တော်လှန်ရေးအကြောင်းမကြာခဏာလာပြောတတ်တဲ့၊မိတ်ဆွေတချို့ကို၊အမေရိကန်အမျိုးသားလုံခြုံရေးဘာသာရပ်မှာ သင်ကြားလေ့ရှိတဲ့စိုးရိမ်မှုတွေအကြောင်း၊ ဆွေးနွေးကြည့်ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုကိုအကြမ်းဖက်တိုက်ခိုက်မဲ့သူတွေဟာ ဇီဝဗေဒနည်းပညာတွေကို အမေရိကန်တက္ကသိုလ်တွေဆီမှာသင်ယူပြီး၊ နိုင်ငံတွင်းမှာလက်နက်အဖြစ်အသုံးချတိုက်ခိုက်လာနိုင်တယ်။ ဆိုင်ဘာ အကြမ်းဖက်မှုတွေကလည်း အချိန်မရွေးပေါ်ပေါက်လာနိုင်တယ်။ ဒါကြောင့် အဲ့ဒီ အန္တရာယ်နှစ်ခုကို အဆက်မပြတ်စောင့်ကြည့်ကာကွယ်နေရတယ် လို့ဆိုတယ်။ Biomedical Engineering၊ Biotech ဆိုတာ တိုးတက်တဲ့နိုင်ငံတွေမှာ ခေတ်စားနေတဲ့ဘာသာရပ်တခုဖြစ်လာသလို၊ ဆိုင်ဘာ တိုက်ခိုက်မှုနည်းပညာတွေကလည်း မျိုးဆက်သစ်လူငယ်တွေအတွက် ဆန်းသစ်တီထွင်စရာနယ်ပယ်တခုလိုဖြစ်နေခဲ့တယ်။ တူနီးရှားနိုင်ငံရဲ့လှုပ်ရှားမှုမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တချက်ကိုတွေ့ရတယ်။ အစိုးရက ဒီမိုကရေစီရေးလှုပ်ရှားသူတယောက်ယောက်ရဲ့ ကွန်ပြူတာကို ဟက်ခ် လုပ်မိပြီဆိုရင်၊ ကျန်တဲ့ ကွန်ပြူတာတွေရဲ့ မျက်နှာပြင်မှာ “ အန်မာ- ၄၀၄” ဆိုတဲ့ အစိုးရဆင်ဆာအဖွဲ့နာမည်ပေါ်လာပြီး လှုပ်ရှားသူတွေအားလုံးကို သတိပေးလိုက်တယ်။ ကျန်တဲ့သူတွေက ...
Android နှင့် iOS ရှိ ဂျီမေးလ်မှ ကြိုးမဲ့ပရင့်ထုတ်နိုင်တော့မည်
ဂျီမေးလ်အသုံးပြုသူများအတွက် ၎င်းတို့၏ iOS နှင့် Android devices မှ Google Cloud Print ကို အသုံးပြုခြင်းဖြင့် document များကို ပရင့်ထုတ်ရန် မကြာမီအချိန်အတွင်း ရရှိနိုင်ပေလိမ့်မည်။ Apple ၏ AirPrint နှင့် HP ၏ ePrint printer များနှင့် ဆင်တူပြီး Cloud Print သည် driver များ ထည့်သွင်းခြင်း သို့မဟုတ် printer တခုကို တည်ဆောက်ပြင်ဆင်ခြင်းအတွက် ပူပင်စရာမလိုဘဲ devices များ သို့ဟုတ် တည်ရှိရာ နေရာမျိုးစုံမှ အသုံးပြုသူများအား ပရင့် လုပ်နိုင်ရန် ပုံစံဆွဲထားခြင်း ဖြစ်သည်။ Google Chrome သည် Cloud Print ကို ဒီဇင်ဘာ၊ ၂၀၁၀ ခုနှစ်တွင် support လုပ်ထားခဲ့သည်။ ယခုတွင် Cloud Print သည် ကနဦးအတွက် Windows များတွင်သာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သို့သော်လည်း Mac နှင့် Linux အတွက် မကြာမီ ရရှိမည်ဟု ဂူဂဲလ်က ပြောသည်။ Google Cloud Print သို့ printer တခု ဆက်သွယ်ပြီးသောအခါ အသုံးပြုသူ user များသည် iOS သို့မဟုတ် Android မှ gmail.com ၀င်ရောက်ပြီး အဆိုပါ deivice များမှ attachment များ သို့မဟုတ် message များကို တိုက်ရိုက်ပရင့်ရန် လုပ်ပေးနိုင်လိမ့်မည်။ Document အမျိုးအစားများသည် *.PDF နှင့် *.DOC files များကို support သည်။...
၅ သိန်းတန်ဖုန်း အင်တာနက် လိုင်းများတွင်လည်း ဆင်ဆာဖြတ်
ရန်ကုန်နှင့် မန္တလေးမြို့တွင် ချထားပေးသော ၅ သိန်းတန် CDMA 800 MHz ဖုန်းများ အင်တာနက် စတင်သုံးစွဲခွင့် ပြုခဲ့ရာတွင် နိုင်ငံရေးနှင့် ပတ်သက်သော ဝက်ဘ်ဆိုဒ်များ၊ အစိုးရက တားမြစ်ထားသော သတင်းဝက်ဘ်ဆိုဒ်များကို ကြည့်ရှုခွင့် ပိတ်ပင်ထားကြောင်း ရတနာပုံ တယ်လီပို့နှင့် မြန်မာ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ သိရသည်။ ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းဟန်းဆက် အရောင်းဆိုင်တဆိုင်တွင် CDMA 800 MHz ဖုန်းဟန်းဆက် ၀ယ်ယူရန် မေးမြန်းနေသူတဦး။ (ဓာတ်ပုံ - Myanmar Times) ကျပ် ၅ သိန်းတန်ဖုန်း CDMA 800 MHz များ Network မိလျှင် အင်တာနက် အသုံးပြုနိုင်သော EDVO Dater Service စနစ်ပါ SIM ကတ်ကို ငွေကျပ်သုံးသောင်းဖြင့် လဲလှယ်ပြီး အင်တာနက် သုံးစွဲနိုင်သည်။ “၀န်ကြီးဌာနက ပိတ်ထားတဲ့ ဆိုဒ်တွေ ကြည့်လို့မရဘူး။ ညစ်ညမ်း ဗီဒီယိုတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဗွီဒီယိုတွေကို Download လုပ်လို့မရဘူး” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (အလုံမြို့နယ်) ရှိ ၅ သိန်းတန်ဖုန်းများ ချထားပေးသည့် ဌာနမှ ဝန်ထမ်းတဦးက ပြောသည်။ အဆိုပါ ၅ သိန်းတန် ဖုန်းများကို ဇန်န၀ါရီလ ၁၈ ရက်နေ့မှ စတင်၍ အင်တာနက် သုံးစွဲနိုင်ရန် စတင် လျှောက်ထားခွင့် ပေးခဲ့ပြီ...
PhotoShop Tutorial - bolder ကိုပဲ အနည်းငယ် ဆန်းသစ်ကြည့်ရအောင်
Blogger တွေအတွက် Photoshop လေ့လာ နိုင်ရန် ရည်ရွယ်ပါ သည်။ Bolder ကိုဒီတိုင်းထည့်တာ ကြည့်ရတာ ရိုးပါတယ် လေးထောင့်ကြီးလိုချင်တော့ပါဘူး ဒီတော့ နည်းနည်လေး ပိုလုပ်ကြည့်ပါမယ် ပုံတစ်ပုံဖွင့်ပါတယ် layer အသစ်တစ်ခုခေါ်ပါတယ် အရင်ဆုံးကို bolder ထည့်မယ့်လိုချင်သလောက် အနေအထားကို select လုပ်ပါတယ် ဒီတစ်ခါ လေးထောင့်ကြီးမလိုချင်တဲ့အတွက် select ကို အ၀ိုင်းယူလိုက်ပါတယ် Alt ဖိပြီး ကိုယ်ဖယ်ထုတ်မယ့် အပိုင်းလောက်ကို select လုပ်ပြီး ဖယ်ထုတ်လိုက်ပါတယ် အစောက bolder လုပ်ခဲ့သလိုပါပဲ ဒီနေရာမှာ ထက်ထက်ဝင့်မှာ အစိမ်းနဲ့ အဖြူဖြစ်နေပါတယ် အဖြူဆိုရောကုန်မှာပါ ဒီအတွက် အစိမ်းရောင် သူကိုင်ထားတဲ့ ပန်းနဲ့ မတိမ်းမယိမ်း အစိမ်းသုံးလိုက်ပါတယ် ကာလာဖြည့်ပါတယ် opacity လျော့ပါတယ်  ပြီးတော့ ctrl+T နှိပ်ပြီး ကိုယ်လိုချင်သလောက် bolder ကိုနည်းနည်းကြီးလိုက်ပါတယ် ဒီတိုင်းတော့ ထားလို့မဖြစ်သေးပါဘူး အထက်မှာ တစ်ခုခုဆွဲရအောင်ကလည်း ရိုက်ကတည်းက ဆံပင်ပါဖြတ်ရိုက်ထားတာပါ မဖြစ်သေးပါဘူး လောလောတယ် ပုံအနေအထားကိုကြည့်တော့ သူ့နောက်ခံက အရမ်းဖြူနေတဲ့ အတွက် လူက သိပ်မပေါ်လွင်သလိုဖြစ်နေပါတယ် ဒီတော့ နောက်ခံ layer ကို အလွယ်တကူပဲ Magic Wand နဲ့ ...
ဆက်သွယ်ရေးလုပ်ငန်း ရတနာပုံ တယ်လီပို့ ချုပ်ကိုင်မည်
၂၀၁၁ ခုနှစ်တွင် ဖုန်းသုံးစွဲမှု၊ အင်တာနက်အသုံးပြုမှု နှင့် IT ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများအားလုံးကို  ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက် မှ ဦးဆောင်လုပ်ကိုင်သွားမည်ဟု သိရသည်။ ရတနာပုံ တယ်လီပို့ အဆောက်အအုံ(ဓာတ်ပုံ - theingara.blogspot.com) အာဏာပိုင်များက  ပြည်သူ လူထုကို ၀န်ဆောင်မှု ပီပီပြင်ပြင်နှင့်ထိထိရောက်ရောက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရ လုပ်ငန်းနှင့် မသက်ဆိုင် သည့် ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်ကို ယခုကဲ့သို့ ဦးဆောင်လုပ်ပိုင်ခွင့် ပေးခြင်းဖြစ် သည်ဟု မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနှင့် နီးစပ်သူ အရာရှိ တဦးက ဆိုသည်။ ယင်းကဲ့သို့ လုပ်ဆောင်ရန် ရတနာပုံတယ်လီပို့ နှင့် ပူးပေါင်းလုပ်ကိုင်မည့် စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းမှုဆိုင်ရာ သ ဘောတူစာချုပ်ကို ၂၀၁၁ ၊ ဇန်န၀ါရီလ ၈ ရက်နေ့မှ ၁၂ရက်နေ့အထိကျင်းပခဲ့သော  မြန်မာ အိုင်စီတီ ရက်သတ္တပတ်ပွဲတော် တွင် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ ရတနာပုံတယ်လီပို့ ကုမ္ပဏီ သည် မြန်မာ့ဆက်သွယ်ရေးဌာန၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိက ကုမ္ပဏီများ စုစည်းတည်ထောင်ထား ခြင်း ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနမှ လုပ်ကိုင်...
ရန်ကုန်မြို့၏ပထမဦးဆုံး ဖိုင်ဘာအင်တာနက်လိုင်းများ စတင်အသုံးပြုနိုင်ပြီဖြစ်
ရန်ကုန်မြို့၏ ပထမဦးဆုံးဖိုင်ဘာဖန်ကြိုးမျှင်သုံးအင်တာနက် (Fibre To The X{FTTX}) လိုင်းများကို လှိုင်မြို့နယ်ရှိ ရွှေဟင်္သာကွန်ဒိုတွင် ဒီဇင်ဘာလ ၁၄ ရက်မှစတင်၍ အသုံးပြုနိုင်ခဲ့ပြီဖြစ်ကြောင်း ထိုအင်တာနက်ဝန်ဆောင်မှုအတွက် နည်းပညာပိုင်းပံ့ပိုးဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Digital Signature ကုမ္ပဏီဒါရိုက်တာဦးသူရိန်က ပြောကြားသည်။ “ရွှေဟင်္သာကွန်ဒိုမှာရှိတဲ့ အခန်း ၁၀ ခန်းလောက်က FTTX အင်တာနက်လိုင်းကို စတင်အသုံးပြုနေပါပြီ။ ရုပ်သံလိုင်းကိုတော့ အသုံးပြုလို့မရသေးဘူး။ အင်တာနက်လိုင်းနဲ့ VOIP (Voice Over Internet Protocol) ဖုန်းလိုင်းကိုတော့ သုံးလို့ရနေပါပြီ။ အခုတပ်ဆင်ထားတဲ့လိုင်းတွေကို ဇန်န၀ါရီလကုန်အထိ လစဉ်ကြေးအခမဲ့ပေးထားပါတယ်” ဟု ၎င်းကပြောသည်။ စတင်အသုံးပြုနိုင်ခဲ့သည့် အဆိုပါ အင်တာနက်လိုင်းများသည် အမြန်နှုန်းအားဖြင့် 1Mbps ရှိပြီး စတင်သုံးစွဲခါစတွင် လျင်မြန်သောအင်တာနက်အမြန်နှုန်းကို ရရှိခဲ့ကြောင်းသိရသည်။ “ကုမ္ပဏီအနေနဲ့ ဖိုက်ဘာအင်တာနက်လိုင်းတွေကို အရင်ဆုံးစတင်စမ်းသပ်ချပေးနေတာပါ။ စတာကတော့ အခြားသောကုမ္ပဏီများနဲ့အတူ ဇန်န၀ါရီလမှာစတင်မှာပါ။ ရတနာပုံတယ်လီပို့ကလည်း ဇန်န၀ါရီလထဲမှာ FTTX စနစ်ကို မိတ်ဆက်ကြေ...
Windows XP ရဲ့ ရိုးစင်းတဲ့ လျှို့ ဝှက်ချက်(၄၀)
(၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့ Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editorကိုဆိုလိုတာပါ။) ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ“control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click နှိပ်ပါ။ Modifyကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။ (၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။ - Start ကိုသွားပါ။ - Run box ကိုဖွင့်ပါ။ - “gpedit.msc” ဆိုပြီး ရိုက်ပါ။ - ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။ - “Administrative Templates” ကိုရွေပါ။ - “Windows components” ကို ရွေးချယ်ပါ။ - “Terminal services” ကိုရွေးချယ်ပါ။ - ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာRight click နှိပ်ပါ။ - Properties ကို ရွေးချယ်ပါ။ - ပြီးရင် “disable” ကို ရွေးချယ်ပါ။ (၃) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။ နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။ - Start ကို ကလစ်နှိပ်ပါ။ - Run box...
Ubuntu ဆိုတာဘာလဲ?
Ubuntu ဆိုတာဘာလဲ? Ubuntu ဆိုတာ Linux distro တစ်ခုပါ Linux distro ပေါင်းများစွာအနက်အသုံးအများဆုံး Linux distro ဟာ ubuntu ဖြစ်ပါတယ် သို့ သော် ubuntu ကို အကောင်းဆုံး linux distro လို့ တော့ပြောလို့ မရပါဘူး အဘယ်ကြောင့်ဆိုသော် Linux distro တစ်ခုနဲ့ တစ်ခုထုတ်လုပ်ရသော ရည်ရွယ်ချက်များ မတူညီကြသဖြင့် တစ်ခုနဲ့ တစ်ခု နှိုင်းယှဉ်ရန်ခက်ခဲပါသည်။ ubuntu သည် မူလ Debian distribution ကိုပြန်ကာ develop လုပ်ထားခြင်းဖြစ်သည်။ payment ဖြင့်သုံးရသော် Linux OS ကို distribution ဟုခေါ်ပြီး free ရသော Linux OS ကို distro ဟုခေါ်သည်။ သာမန် window user များအနေနဲ့  Linux ကိုပြောင်းလဲအသုံးပြုလို ပါက အခက်အခဲအနည်းဆုံးဖြင့်အသုံးပြုနိုင်သော OS မှာ ubuntu ဖြစ်သည်။ ubuntu တွင် Desktop Environment သုံးခုရှိသည်။ ထိုသုံးခုသည် အခြား linux distro အတော်များများတွင်လည်းအသုံးပြုကြသည်။ ထိုသုံးခုမှာ GNOME , KDE , Xfce တို့ ဖြစ်သည်။ ubuntu တွင်သုံး DE (Desktop Environment) သုံးခုကို install လုပ်ကာအသုံးပြုနိုင်သည်။ install မလုပ်ချင်ပါကလည်း GNOME ကိုအသုံးပြုလိုပါက Ubuntu , KDE အတွက် Kubuntu , Xfce အတွက် Xubuntu တို့ ကို insta...
ဓာတ်ပုံတွေကို အွန်လိုင်းမှာပဲ တည်းဖြတ်ဖို့ ကောင်းနိုးရာရာ ဆိုဒ်များ စုစည်းမှု