ဦးနေမင်းဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလမှာ ဘီဘီစီသတင်းဌာနကို သတင်းပေးပို့လို့ စစ်ထောက်လှမ်းရေးတွေရဲ့ဖမ်းဆီး မှုကို အကြိမ်ကြိမ်ခံခဲ့ရသူဖြစ်ပြီး ၂ဝ၁၁မှာ ပြန်လည်လွတ်မြောက်လာခဲ့သူ သတင်းသမားတစ်ဦးဖြစ်ပါတယ်။ ဗိုလ်ချုပ်နဲ့ရင်းနှီးတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စက်ရောင်က ဂဠုန်ဦးစော ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရအဖွဲ့ကို လုပ်ကြံဖို့ ဗမာပြည်ဆိုရှယ်လစ်ပါတီက ဇာတ်လမ်းဆင်ခဲ့တာလို့ အင်းစိန်ထောင်ထဲမှာ သူ့ကိုပြောခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေမင်းက ပြောပါတယ်။ အောင်ဆန်းအက်တလီစာချုပ်အတွက် ဗိုလ်ချုပ်တို့ လန်ဒန်ကိုသွားတဲ့အချိန် လွတ်လပ်ရေးကို အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့တောင်းဖို့ပြင်ဆင် ချိန်မှာ ဗမာပြည်ဆိုရှယ်လစ်ပါတီနဲ့ ပြည်သူ့ရဲဘော်အောက်ခြေပိုင်းတွေ မှာ ကြိုတင်ပြင်ဆင်ခဲ့ပြီး ဆိုရှယ်လစ်ပါတီ လူငယ်စစ်ရေးခေါင်းဆောင်အဖြစ် စောရန်နောင် ပြည်သူ့ရဲဘော်ဘက်က ဗိုလ်စိန်မှန်ကို နာမည်တွေတင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဗြိတိသျှနဲ့စာချုပ်ချုပ်နိုင်ခဲ့ လို့ အကြမ်းနည်းနဲ့ဖြေရှင်းတဲ့လမ်းကို မရောက်ခဲ့ပေမယ့် လုပ်ကြံမှုကြီးပြီးလို့ ဦးစောအိမ်မှာ ဖမ်းဆီးမိတဲ့လက်နက်တွေထဲ စောရန်နောင်ရဲ့သေနတ် ပါခဲ့ပါတယ်။ စောရန်နောင်ကို ပဲခူးမှာ...