Skip to main content

Windows 8 ကိုအသုံးပြုသင့်သည့်အကြောင်း

Windows 8 ကိုအသုံးပြုသင့်သည့် အဓိကအကြောင်းအရင်း (၅)ချက်

ယခု Windows 8 တွင် Microsoft မှနေ၍ အသုံးပြုသူများလွယ် ကူစွာ အသုံးပြုနိုင်ရန် အတွက် User Interface ကို Modern UI (Metro UI) ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် ဒီ Modern UI သည် Touch အတွက် လည်း ကောင်းကောင်း Support
ပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ 


သို့ သော် ကျနော်တို့  အနေနဲ့  ယခုအသုံးပြုနေသော OS များမှနေ၍ Windows 8 ကိုပြောင်းလဲ၍ အသုံးပြုသင့်ပါသလား? Windows 8 ကို အသုံးပြုသင့် မသင့်စဉ်စားနေသူများကို အထောက်အကူဖြစ်စေရန်အတွက် မကြာမီထွက်ရှိလာတော့မည့် Windows 8 ကိုအသုံးပြုသင့်သည့် အဓိကအကြောင်းအရင်း (၅)ချက်ကို ဖော်ပြလိုက်ပါတယ်။

(၁) Windows 8 သည်ဈေးသက်သာခြင်း
ယခုထွက်ရှိလာမည့် Windows 8 သည် ထွက်ရှိပြီးသမျှ Windows OS အားလုံးထဲတွင်တော့ ဈေးအသက်သာဆုံးဖြစ်လာမည် ဖြစ်သည်။ ကျနော် တို့  မြန်မာနိုင်ငံကလူများအဖို့ တော့ ၁၀၀၀၊၂၀၀၀ ဖြင့် Windows အတု ခွေ များကိုဝယ်ယူ၍ ရသောကြောင့် သိပ်မသိသာသော်လည်း အကယ်၍ Windows အစစ်ကို အသုံးပြုချင်သူများအတွက်တော့ Windows ဈေးနှုန်း သည် အတားအဆီးတစ်ခုပင်ဖြစ်သည်။ 

Windows 7 Home Premium ကိုပင် US$119.99 ဈေးရှိသောကြောင့် တော်ရုံတန်ရုံမှာ ၀ယ်ယူအသုံး မပြုလိုကြချေ။ ယခု Windows 8 တွင်တော့ ယခင် Windows ဗားရှင်းများမှ Upgrade လုပ်မယ်ဆိုလျှင် US$39.99 တည်းဖြင့်ပင် အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူ Upgrade လုပ်နိုင်နေပြီ ဖြစ်သည်။ အကယ်၍ အရောင်းဆိုင်များမှ DVD ဖြင့်ဝယ်ယူမည်ဆိုလျှင်တော့ US$69.99 ကျသင့်မှာ ဖြစ်ပါတယ်။ 

ယခုဈေးနှုန်းများကို Microsoft မှလျှော့ဈေးဖြင့်ရောင်းချပေးနေတာဖြစ်ပြီး ဇန်န၀ါရီ ၃၁ အထိသာ ယခုဈေးဖြင့် ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ ယခုအချိန်မှစ၍ ဇန်န၀ါရီ ၃၁အတွင်း Windows 7 အသုံးပြု ထားသော PC ကိုဝယ်ယူမည်ဆိုလျှင်တော့ Windows 8 ကို US$14.99 တည်းဖြင့် Upgrade လုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရပါသည်။

(၂) Windows 8 သည်ပိုမို၍ လျှင်မြန်လာခြင်း
Microsoft မှပြောကြားတာကတော့ ယခု Windows 8 တွင် Boot Up Time (ကွန်ပြူတာ စဖွင့်ချိန်မှစ၍ Desktop ပေါ်လာသည်အထိ) သည် ယခင် OS ဗားရှင်းများထက် ပိုမိုမြန်ဆန် လာကြောင်း ပြောကြားထာပါတယ်။
 Boot Up Time သည်ပိုမိုလျှင်မြန်လာသလို ကွန်ပြူတာ Shut Down Time (ကွန်ပြူတာပိတ်ချိန်) သည်လည်း သိသိသာသာ လျှင်မြန်လာကြောင်း သိရပါတယ်။ SSD (Solid State Drive) အသုံးပြုထားသော ကွန်ပြူတာများ တွင် ပို၍ သိသာကြောင်း သိရပါတယ်။

 စမ်းသပ်ချက်များအရ Windows 8 အသုံးပြုထားသော Toshiba Satellite U920t သည် Windows 7 Ultrabook များထဲတွင် အကောင်းဆုံးဟုဆိုသော Ultrabook ထက်ပင် ၂ဆပိုမို၍ လျှင်မြန်စွာ Windows တက်လာကြောင်း သိရပါတယ်။

အကယ်၍ ပုံမှန် HDD (Hard Disk Drive) သာအသုံးပြုထားသော ကွန်ပြူတာဖြစ်လျှင်တောင် အနည်းငယ်မျှ ပိုမိုမြန်ဆန်လာတာကို သတိထားမိမည်ဖြစ်ကြောင်း သိရပါတယ်။ Windows 8 တွင် ကွန်ပြူတာ Boot Up Time နှင့် Shut Down Time တို့ မှာ ပိုမိုလျှင်မြန်လာရုံသာမက Windows 8 တွင် Microsoft Office သည်သုံးရတာပိုမို၍ ကောင်းမွန်လာ သလို Multimedia Test များသည်လည်း အချိန်အနည်းငယ်တွင်းတွင်ပင် ပြီးစီးအောင် လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။

(၃) Reset နှင့် Refresh ပါဝင်ခြင်း
Windows ကိုအသုံးပြုတာ ကြာပြီဖြစ်သော အသုံးပြုသူများအနေနှင့် Windows အသုံးပြုတာကြာလာတာနဲ့  အမျှ Virus ကိုက်လို့ ပဲဖြစ်ဖြစ်၊ မိမိ Windows ကြီးကအသုံးပြုရတာ လေးလို့ ပဲဖြစ်ဖြစ်၊ Windows မှာ Error တွေအများကြီးတက်လို့ ပဲဖြစ်ဖြစ် Windows ပြန်တင်ရတာကို ပြုလုပ်ကြရပါတယ်။ Windows 8 မှာတော့ ယခုအခါအသုံးပြုသူများကို လျှင်လျှင်မြန်မြန်နဲ့  Windows ပြန်တင်နိုင်အောင် ပြုလုပ်ပေးထားပြီ ဖြစ်ပါတယ်။ 
ပထမဆုံးအနေနဲ့  “Reset your PC” ဟုခေါ်သော Feature ပါရှိပြီး ထို Feature ကိုအသုံးပြုလျှင် မိမိ ကွန်ပြူတာကို Windows 8 စတင်ခဲ့သလို့  (သို့ ) Windows 8 ကွန်ပြူတာကို စတင်ဝယ်ရှိခဲ့သလို အခြေအနေမျိုးရောက်အောင်ပြန် ပြုလုပ်ပေး သွားမှာဖြစ်ပါတယ်။ Reset your PC သည် စမတ်ဖုန်းများ နှင့် Tablet များတွင်တွေ့ ရသော Factory Reset ကဲ့သို့  Feature မျိုးဖြစ်ပါတယ်။ မိမိကွန်ပြူတာထဲမှာရှိသမျှကို ဖျက်ပြစ်မှာဖြစ်ပြီး Windows 8 ကို အသစ်ပြန် သွင်းပေးလိုက်မှာဖြစ် ပါတယ်။

 နောက်ထပ် Reset your PC ကဲ့သို့  ဆင်တူသော Process တစ်ခုဖြစ်သောRestore from an Image Feature သည်လည်း Windows 7 တုန်းက မိနစ် ၃၀ ၀န်းကျင်ကြာမြင့်ပြီး ယခု Windows 8 တွင်တော့ ၆ မိနစ်သာ ကြာမြင့်မြင်ဖြစ်ကြောင်း Microsoft မှပြောကြားထားပါတယ်။

နောက်ထပ် Feature တစ်ခုဖြစ်တဲ့ “Refresh your PC” ကို အသုံးပြု လျှင်တော့ မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ နဲ့  Personal Settings များသည် ပကတိအတိုင်း ကျန်ခဲ့မည်ဖြစ်သော်လည်း PC Settings ကတော့ Default ကိုပြန်၍ ပြောင်းလဲသွားမှာ ဖြစ်ပါသည်။

 ထို့ အပြင် Windows Store မှ Download လုပ်ထားသော Modern Style UI Application များကိုလည်း ထိန်းသိမ်းထားနိုင်မည် ဖြစ်သော်လည်း အခွေများနှင့် Website များမှ Download လုပ်၍ သွင်းထားသော Application များအားလုံးမှာမူ ပျက်သွားမည် ဖြစ်သည်။ သို့ သော်ထို ဖျက်ပြစ်လိုက်သော Application များအားလုံးရဲ့ စာရင်းကိုတော့ Desktop ပေါ်တွင် စာရင်းရှိမည်ဖြစ်သောကြောင့် မိမိပြန်၍ သွင်းချင်လျှင်လည်း သွင်းနိုင်မည် ဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုသော် ဤ Refresh your PC Feature သည်မိမိကွန်ပြူတာကိုလည်း အကောင်းအတိုင်းပြန်ဖြစ်စေချင်သလို မိမိရဲ့ Data တွေကိုလည်း မပျက်စေချင်ဘူးဆိုရင်တော့ အလွန်အသုံးဝင်မယ့် Feature ဖြစ်ပါတယ်။

(၄) File History
Windows တွင် Back Up Feature သည်ယခင်ကတည်းက ပါဝင်ပြီးဖြစ်သော်လည်း အသုံးမများပဲ Microsoft ရဲ့ပြောပြချက်အရ Windows အသုံးပြုသူအားလုံးရဲ့ ၅ ရာခိုင်နှုန်းသာ အသုံးပြုကြောင်း သိရပါတယ်။ ယခုအခါ Windows 8 တွင်တော့ File History ဟုခေါ်သော Back Up Tool တစ်ခုပါဝင်လာပြီ ဖြစ်ပါတယ်။ ယခု Feature သည် default အရ ပိတ်ထားမည်ဖြစ်ပြီး အသုံးပြုသူမှ အသုံးပြုလိုလျှင် External Hard Disk (သို့ ) Network Drive ကဲ့သို့  Drive မျိုးကို ကွန်ပြူတာကို တပ်၍ သွားဖွင့်ပေးရမှာ ဖြစ်ပါတယ်။

 ထိုအခါ File History မှနေ၍ မိမိရဲ့ ကွန်ပြူတာ Libraries (My Documents, My Music, My Pictures,etc..) ထဲရှိ File များကို Copy လုပ်၍ အလိုအလျှောက် သိမ်းပေးသွားမှာ ဖြစ်ပါတယ်။ ထို့ အပြင် Desktop မှာရှိသော အခြား File များနှင့်အတူ Contacts, Favorites တို့ ကိုလည်း သိမ်းပေးသွားမှာ ဖြစ်ပါတယ်။ အကယ်၍ အသုံးပြုသူမှနေ၍ သီးသန့်  Backup လုပ်ချင်တယ်ဆိုလျှင်လည်း မိမိ Back Up လုပ်လိုသော File ကိုရွေးချယ်ပေးလို့  ရပါတယ်။
File History သည် နာရီအလိုက် File များကို စောင့်ကြည့်သွားမှာဖြစ်ပြီး အကယ်၍ အပြောင်းအလဲရှိလျှင် External Drive များမှာ သွားရောက်၍ သိမ်းပေးသွားမှာ ဖြစ်ပါတယ်။ 

ထို့ ကြောင့် အသုံးပြုသူများအနေဖြင့် ထို File များရဲ့ အပြောင်းအလဲများကို External Drive များမှာသွားရောက် ကြည့်ရှုနိုင်ပြီး မိမိတို့ လိုချင်သော File Version ကိုပြန်လည်၍ ရယူပြီး သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ File History ကို File Explorer (ယခင်က Windows Explorer) နှင့် ချိတ်ဆက်ပေးထားသောကြောင့် မိမိလိုချင်သော File များကို File Explorer မှတစ်ဆင့်ပင် ရှာဖွေ၍ အလွယ်တကူပင် အရင်ဗားရှင်းများကို ပြန်လည် ရယူနိုင်ပါတယ်။

File History ရဲ့အကောင်းဆုံး အချက်တစ်ချက်ကတော့ Back Up လုပ်ရန်အတွက် မည်သည့် အချိန်တွင် Back Up လုပ်ရမယ်လို့  အချိန်သတ်မှတ်ထားတာမျိုး လုပ်ပေးဖို့ မလိုပါဘူး။ Windows 8 မှာ Back Up Process ကို Windows ရဲ့နောက်ကွယ်ကနေတစ်ဆင့်တာ အလိုအလျှောက် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

(၅) Storage Spaces
နောက်ဆုံး အချက်တစ်ချက်အနေနဲ့  ကတော့ Windows 8 တွင်ယခုအခါ Storage Spaces ဟုခေါ်သော Feature အသစ်တစ်ခု ပါဝင်လာပြီ ဖြစ်ပါတယ်။ ယခု Feature ကတော့ Internal ရော External ရော Drive တွေအားလုံးကို ပေါင်း၍ Drive တစ်ခုတည်းအဖြစ် အလုပ် လုပ်ဆောင်စေနိုင်မယ့် Feature ဖြစ်ပါတယ်။ 
Storage Spaces အလုပ် လုပ်ပုံကတော့ မည်သည့် Drive (Internal Hard Disk, External Hard Disk, Thumb Drives, etc.. ) ဖြစ်စေ အားလုံးကို Drive ၁ခုတည်းအဖြစ်ပေါင်းကာ Pool တစ်ခုတည်ဆောက်ပေးပြီး အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေး တာဖြစ်ပါတယ်။ 

Drive နာမည်ကိုလည်း မိမိကြိုက်တဲ့ နာမည် (ဥပမာ - My Drive, John, Emma စသည်ဖြင့်) ပေးလို့  ရပြီး Drive Letter ကိုလည်းမိမိကြိုက်သာ စာလုံး (ဥပမာ - G, H, I, J စသည်ဖြင့်)ပေးလို့  ရပါတယ်။
Storage Spaces ကို ဖန်တီးစဉ်တွင် မိမိတွင်ရှိသော Disk များရဲ့ Storage ထက်ပို၍ ဖန်တီးလို့  ရပါတယ်။ ဥပမာ မိမိတွင် 500GB Internal Hard Disk ၁ လုံး နှင့် 20GB နှင့် 80GB ဆိုပြီး External Hard Disk ၂လုံး ရှိသည်ဆို ပါစို့ ။ 
အသုံးပြုသူကနေ၍ Storage Spaces ကိုအသုံးပြု၍ Pool တစ်ခုဖန်တီး သည့်အခါထို Hard Disk ၃ ခုပေါင်းရဲ့ Storage ဖြစ်သော 600GB သာမကဘဲ အဲဒီထက်ပိုလွန်၍ (ဥပမာ - 800GB) ရှိသော Drive တစ်လုံး ဆိုပြီး ဖန်တီးထားလို့  ရပါတယ်။ အဲဒီ 800GB ထဲကို နောက်မှ Hard Disk တွေထပ်ပေါင်းထည့်ချင်လည်း ရပါတယ်။ 

အကယ်၍ မိမိကနေ၍ External Hard Disk ၂ လုံးထဲကို ပေါင်းချင်တယ်ဆိုလျှင်လည်း 100GB ရှိသော Pool တစ်ခုတည်ဆောက်ကာ Drive တစ်ခုကိုဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။

File History ကဲ့သို့ ပင် Storage Spaces ၏အားသာချက်မှာ အသုံးပြုသူ အနေဖြင့် တစ်ခါသာ Configure လုပ်ပေးစရာလိုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ Drive များအားလုံးကို ပေါင်း၍ Drive ၁ ခုတည်းသာ လုပ်ထားပေး ထားကြောင့် မိမိအနေနဲ့  ဘယ် File တွေကို ဘယ် Hard Disk မှာမှတ်သား ထားလဲ ဆိုတာကို သေချာမှတ်မိစရာ မလိုတော့ပါဘူး။ အကုန်လုံးကို Storage Spaces ထဲကိုသာ သွားရောက်၍ ရှာဖွေနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရသော် Windows 8 တွင် အခြား Features များစွာ ပါဝင်ပါသေးတယ်။ သင့်အနေနှင့် Windows 8 တွင်ပါဝင်သော Modern Style UI ကိုအသုံးမပြုချင်လျှင် လည်း Desktop Mode ကိုသာအသုံးပြုလို့ ရ ပါတယ်။ Windows 8 မှာ Windows 7 Application များကိုလည်း အဆင်ပြေစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ထို့ ကြောင့် သင့်အနေနှင့် Windows 8 ကိုသုံးကြည့်ချင်တယ်ဆိုလျှင်တော့ အောက်တိုဘာ ၂၆ တွင် Windows 8 တရားဝင် ထွက်ရှိလာသည့်အခါတွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

techspace စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ဖျာ ကျန်းမား ချမ်းသာ ကြပါစေ။
(IT4Zomi)
Ref : CNET Asia
http://techspacejournal.blogspot.com/2012/10/windows-8.html

 

Comments

Popular posts from this blog

Zomi: Who They Are

Zomi Total population ca. 2,500,000 Languages Various Kuki , Mizo , Chin , Naga , Paite Religion Christianity , Animism , Buddhism , Laipian Related ethnic groups Naga , Meitei , Hmar , Mizo , Kuki Zomi [1] is the name of a major tribe found in various parts of South and South East Asia. The term Zomi meaning, Zo People [2] is derived from the generic name 'Zo', the progenitor of the Zomi. They are found in northwestern Myanmar, northeastern India and Bangladesh. Anthropologists classify them as Tibeto-Burman speaking member of the Mongoloid race. In the past they were little known by this racial nomenclature. They were known by the non-tribal plain peoples of Myanmar, Bangladesh and India as Chin, Kuki, or Lushai. Subsequently the British employed these terms to christen those 'wild hill tribes' living in the "un-admiral. They are Zomi not because they live in the highlands or hills, but are Zomi and call the...

CHIN, ZOMI, MIZO, ZO cihtawh kisai Debate

CHIN, ZOMI, MIZO, ZO cih minvai tawh kisai India gam aom ih mipihte kikupna, Debate bawlna hi. Sausimsim in alunglut velvelte bekin atawpdong simzo bekding hi. This is the outcome of the debate about our nomenclatures like Chin-Kuki-Mizo-Zomi on FaceBook – Zolengthe Group. The debate Vaphual shows that every one of us clearly know who we are – We are Zo, but some opined that Kuki nomenclature should be used as it is recognised nationaly and internationally. This is the starting point of the debate: Dear friends, MIZO=ZOMI, then is it something like both side of a coin? If it is so, then there is no chance of sitting under one administrative umbrella. Another Point: Mizo or Zomi ~ Which one should be the right word? I know You will say both. But according to Pu T. Gougin, Founder President of Zomi National Congress, “The land come first and then the people” therefore, it should be Zo… Mi….. that means Zo = Land and Mi = People. He further argued that MIZO is a wrong word; ...

Zawgyi KeyBoard Installer For Windows 7

Zawgyi Font for Bit 64 1. Firstly, install the file. The File is Zawgyi Font for Windows 7 . 2. Download this software, its a keyboard for  Zawgyi. 3. Go to "Text Services and Input Language" in Control Panel >>Fonts; and Select "Zawgyi Myanmar Unicode L" Then all will be ok! If you still have some problems on Bit 64, you can run Alpha Zawgyi and then, run the given file from Mediafire . That is "ZawGyil_amd64.msi, ZawGyil_i386.msi and ZawGyi_ia64.msi". Among all these three, you can choose whatever u wanna install, which of them is ok, that means you run one ".msi" file from the downloaded file. It will solve your problems. If you still have problem on installing Zawgyi keyboard on Windows 7, You add this IEZawgyiGtalkFont . Download this and run it. There will be ok! Zawgyi Keyboard Installer for Bit 32. Zawgyi Keyboard Installer for Bit 32 is to run Alphazawgyi only. If you run Alpha Zawgyi , everything is ok.