Skip to main content

Banned Website တွေကို ၀င်နိုင်တဲ့ နည်းလမ်း (၁၀) ခု

သူငယ်ချင်းတွေကလည်း ပြောကြပါတယ်... " ban ထားတဲ့ website တွေကို Anonymous လုပ်ပြီး ၀င်ဖို့ ဘာခက်တာမှတ်လို့ ဒီလောက်လွယ်နေတာ " လို့ပြောပါတယ်... ဒီလို ကျော်ခွပြီးဝင်တာက မြန်မာနိုင်ငံကလူတွေနဲ့လည်း ယဉ်ပါးပြီးသားပါ... ကျနော်က အထူးအဆန်းလုပ်ပြီး တင်တာတော့ မဟုတ်ပါဘူး... မသိသေးသူတွေများ ရှိနေမလားဆိုပြီး တင်ပေးလိုက်တာ... banned website တွေကို access လုပ်နိုင်တဲ့ နည်းလမ်းပေါင်း မြောက်မြားစွာရှိပါတယ် ... အဲဒီထဲက ထိပ်တန်းရောက်နေတဲ့ (၁၀) ခုလောက်ကို မသိသေးသူများအတွက် ဖော်ပြလိုက်ပါတယ်... သိပြီးသားသူတွေကတော့ ဖတ်မနေပါနဲ့ ... အချိန်ကုန်ပါတယ်။

၁။ IP address ကိုအသုံးပြုခြင်း

ဒီနည်းလမ်းကတော့ ၀င်ရောက်ဖို့ ကန့်သတ်ထားတဲ့ domain name တွေကို ဖြတ်ကျော်ဝင်ရောက်ဖို့အတွက် အရိုးရှင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဥပမာ... www.webstuffscan.com ကဲ့သို့သော domain name အစား direct IP address ကို အသုံးပြုတာဖြစ်ပါတယ်။ IP address ကိုရှာဖွေဖို့အတွက် ဒီ site လိုမျိုး online IP ပြောင်းလဲပေးတဲ့ free host တစ်ခုကို အသုံးပြုနိုင်ပါတယ်။


၂။ Google cache အသုံးပြုခြင်း

အကယ်၍များ site တစ်ခုခုကများ banned website ကို ဖွင့်နိုင်လေမလားဆိုပြီး စိတ်ရှည်လက်ရှည်နဲ့ ရှာနိုင်မယ်ဆိုရင်တော့ Google cache က အကောင်းဆုံးဖြစ်ပါတယ်။ သင်ဖွင့်ချင်တဲ့ banned site ကို Google search မှာ ရိုက်ထည့်ပြီး search results အောက်မှာရှိတဲ့ cached link ကို click ပြီး ၀င်ကြည့်ဖို့ပဲဖြစ်ပါတယ်။


၃။ Anonymizer တစ်ခုကို အသုံးပြုခြင်း

ဒီနည်းက သုံးရတာပိုအဆင်ပြေစေပါတယ်...။ Anonymizer ဆိုတဲ့အတိုင်းပဲ ဖော်ပြထားခြင်းမရှိတဲ့ proxy တစ်ခုနဲ့ ၀င်ရောက်ခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းမှာတော့ သင်ဟာ third party site တစ်ခုကနေ ၀င်ကြည့်ရမှာဖြစ်ပြီး ၄င်းက သင် တောင်းဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်အောင် လိုအပ်တဲ့ server ဆီသို့ ပြောင်းလဲပေးပါတယ်။ အချို့ serviceတွေကတော့ URL ကို encryption လုပ်ပေးခြင်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် ပြဿနာတစ်ခုရှိတာကတော့ အဲဒီ serverအများစုက သိပ်ကြာကြာ free မရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အောက်မှာဖော်ပြထားတဲ့ service တွေကတော့ အလုပ်လုပ်နေဆဲပါ (free!)။
Daily Best Links - မူလ URL ကိုဖျောက်ပစ်လိုက်ပြီး အဆင်ပြေတဲ့ လမ်းကြောင်းကနေ ၀င်ရောက်နိုင်ဖို့ စီစဉ်ပေးပါတယ်။ အကောင်းဆုံး free server တွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။
Anonymouse - ဒီဟာကလည်း သင့်ကို ကောင်းကောင်း အကူအညီပေးနိုင်ပါလိမ့်မယ်... ဒါပေမယ့် URL က visible ဖြစ်နေပါတယ်... ဒါကြောင့် filtering software တွေကနေ block လုပ်ဖို့ ဖြစ်နိုင်ခြေရှိနေပါတယ်။


၎။ Online Translation Tool များကို အသုံးပြုခြင်း

ဒီနည်းလမ်းကတော့ ကျနော်တို့ မြန်မာဘာသာနဲ့တင်ထားတဲ့ site တွေအတွက် သိပ်မကောင်းဘူးလို့ ထင်တာပါပဲ။ ဒီနည်းလမ်းမှာတော့ translation service တွေကို web proxy တစ်ခုကဲ့ သို့ အသုံးပြုနိုင်ပါတယ်။ အောက်မှာ အကောင်းဆုံး Link တွေကို ဖော်ပြပေးထားပါတယ်။
Altavista Babel fish - လွယ်ပါတယ် Babel fish site ထဲကို သွားကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ သင် လိုချင်တဲ့ site ကို ထည့်လိုက်ရုံပါပဲ။
Google Translate - ဒါကလည်း Babel fish နဲ့ အတူတူပါပဲ။



၅။ Google Mobile Search ကို အသုံးပြုခြင်း

Google mobile search ကလည်း အလုပ်လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကောင်းကောင်းမဖော်ပြပေးနိုင်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒီဟာကို အသုံးပြုရတာ Web proxy တစ်ခုကို အသုံးပြုရတာနဲ့ အလွန်ဆင်တူပါတယ်။


၆။ Public Proxy server တစ်ခုကို အသုံးပြုခြင်း

အခုဖော်ပြထားပေးမယ့် Website ထဲမှာ free proxy server တွေ အများကြီးပါဝင်ပါတယ်။ တော်တော် အားရဖို့ကောင်းပါတယ်။ တစ်ခုမှတ်ထားရမှာကတော့ ဒါတွေကို အသုံးပြုတဲ့အခါမှာ IE (သို့ ) သင် အသုံးပြုနေတဲ့ browser ထဲမှာရှိတဲ့ internet connection setting တွေကို ပြောင်းလဲရပါတယ်။ ဒီကနေပြီး ၀င်သွားလိုက်ပါ။


၇။ Email မှတဆင့် web pageများကို ရယူခြင်း

အကယ်၍ သင်က Web page တစ်ခုထဲကို လိုချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းက အသုံးဝင်ပါတယ်။ ကြီးမားတဲ့ file တွေကို access လုပ်ဖို့မဖြစ်နိုင်ဘူးဆိုတာတော့ သိကြမှာပါ။ အောက်မှာ ဥပမာပြထားပါတယ်..

- message ရဲ့ body မှာ SEND http://www.yahoo.com/ ဆိုပြီး အသုံးပြုနိုင်ပါတယ်။ ပြီးရင် ၄င်းကို - agora@dna.affrc.go.jp ကို send ပြီး yahoo.com home page ကို ပြန်ရယူနိုင်ပါတယ်။
- web2mail ဆိုတဲ့ service မှာလည်း check out လုပ်နိုင်ပါတယ်။
- Expita.com မှာလည်း server တွေအများကြီးရှိပါတယ်။ ဒါပေမယ့် အဲဒီစာရင်းထဲက အများစုကတော့ ကြာကြာရှည်ရှည်အလုပ် မလုပ်ပါဘူး။

၈။ Tor Distributed Proxy ကိုအသုံးပြုခြင်း

Tor ဆိုတာကတော့ anonymous server အစုအပေါင်းတွေကို အသုံးပြုထားတဲ့ advanced proxy server တစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းမှာတော့ application တစ်ခုကို download ချပြီး install လုပ်ထားဖို့လိုက်ပါတယ်။


၉။ ကိုယ်ပိုင် proxy server အသုံးပြုခြင်း

ဒီနည်းလမ်းကတော့ တိုးတက်လာတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး အကောင်းဆုံးနည်းလမ်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့ အိမ် ဒါမှမဟုတ် hosting service provider တစ်ခုကနေပြီး သင့်ကိုယ်ပိုင် proxy server ကို host လုပ်ပေးဖို့လိုအပ်ပါတယ်။ ဒီနည်းလမ်းမှာ သင်ဟာ SSL (Secure Socket Layer) ကို enable လုပ်ထားရမှာပြီး ပါဝင်လာတဲ့ အနှောင့်အယှက်မှန်သမျှကို တားဆီးနိုင်ပါမယ်။ ဒါ့အပြင် access control လည်း ထည့်ထားရမှာဖြစ်ပါတယ်... အဲလိုမှမဟုတ်ဘူးဆိုရင်တော့ တခြားတစ်ယောက်က service ကိုတွေ့ရှိသွားနိုင်ပြီး အလွဲသုံးစား လုပ်နိုင်ပါတယ်။ ( ဒီလိုအလွဲသုံးစား လုပ်နိုင်ဖို့ ရှာဖွေနေတဲ့ သူတွေများကြီး ရှိပါတယ်။) [ proxy server ပြုလုပ်ခြင်း အဆင့်ဆင့်ကို ကိုယ်ပိုင် proxy server ပြုလုပ်ခြင်း တွင်ကြည့်ပါ။ ]
Apache Web server ကို proxy server ကဲ့သို့အသုံးပြုခြင်း - setup လုပ်ဖို့အတွက် အနည်းငယ်ရှုပ်ထွေးပါတယ်။
Privoxy အသုံးပြုခြင်း - ဒါကတော့ recommended approach ပါ။ အသေးစိတ်အချက်အလက်များကို သိနိုင်ဖို့အတွက် ဒီ page မှာ သွားကြည့်နိုင်ပါတယ်။


၁၀။ Alternate content providerများကို အသုံးပြုခြင်း

တစ်ခုနဲ့မှာ အဆင်မပြေဘူးဆိုရင်တော့ သင်ဟာ Alternate service provider တွေကို အသုံးပြုနိုင်ပါတယ်။ ဥပမာ သင်ရဲ့ နေရာမှာ Gmail ကို banned ထားတယ်ဆိုရင် သင်ဟာအခြား မထင်ရှားတဲ့ mail address တွေကို ရယူအသုံးပြုနိုင်ပြီး Gmail မှ email forward ကို enable လုပ်နိုင်ပါတယ်။

[ web proxy ( ၃၀၀ ) ကျော်ကို ဒီ blogမှာ သွားပြီး ယူသုံးနိုင်ပါတယ်...။]


(မှတ်ချက် - public proxy server တွေကို အသုံးပြုတဲ့ အခါမှာ သတိထားဖို့လိုပါတယ်။ ဖြတ်သန်းလာတဲ့ data တွေကို အနှောင့်အယှက်ပေးဖို့အတွက် hosting service ပြုလုပ်ထားတဲ့ သူတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် public proxy server တွေကို အသုံးပြုတဲ့ အခါ အရေးကြီးတဲ့ ဘယ် information မဆို (ဥပမာ - credit card နဲ့ဆိုင်တဲ့ အသေးစိတ်အချက်အလက်တွေ ) ကို မထည့်မိဖို့ အထူးသတိပြုပါ။)

Comments

Popular posts from this blog

Zomi: Who They Are

Zomi Total population ca. 2,500,000 Languages Various Kuki , Mizo , Chin , Naga , Paite Religion Christianity , Animism , Buddhism , Laipian Related ethnic groups Naga , Meitei , Hmar , Mizo , Kuki Zomi [1] is the name of a major tribe found in various parts of South and South East Asia. The term Zomi meaning, Zo People [2] is derived from the generic name 'Zo', the progenitor of the Zomi. They are found in northwestern Myanmar, northeastern India and Bangladesh. Anthropologists classify them as Tibeto-Burman speaking member of the Mongoloid race. In the past they were little known by this racial nomenclature. They were known by the non-tribal plain peoples of Myanmar, Bangladesh and India as Chin, Kuki, or Lushai. Subsequently the British employed these terms to christen those 'wild hill tribes' living in the "un-admiral. They are Zomi not because they live in the highlands or hills, but are Zomi and call the...

CHIN, ZOMI, MIZO, ZO cihtawh kisai Debate

CHIN, ZOMI, MIZO, ZO cih minvai tawh kisai India gam aom ih mipihte kikupna, Debate bawlna hi. Sausimsim in alunglut velvelte bekin atawpdong simzo bekding hi. This is the outcome of the debate about our nomenclatures like Chin-Kuki-Mizo-Zomi on FaceBook – Zolengthe Group. The debate Vaphual shows that every one of us clearly know who we are – We are Zo, but some opined that Kuki nomenclature should be used as it is recognised nationaly and internationally. This is the starting point of the debate: Dear friends, MIZO=ZOMI, then is it something like both side of a coin? If it is so, then there is no chance of sitting under one administrative umbrella. Another Point: Mizo or Zomi ~ Which one should be the right word? I know You will say both. But according to Pu T. Gougin, Founder President of Zomi National Congress, “The land come first and then the people” therefore, it should be Zo… Mi….. that means Zo = Land and Mi = People. He further argued that MIZO is a wrong word; ...

Dr. Chin Do Kham Tangthu

Dr. Chin Do Kham Biography Education     Scholar in Residence for Ph.D. Educational Studies Program at Trinity International University, Chicago, USA, May 2003-August 2005.D., Intercultural Studies, Trinity Evangelical Divinity School of Trinity International University, Chicago, 1998.Min.(Doctor of Ministry in Pastoral Leadership), Oral Roberts University, Tulsa, OK, 1994.Special Study Program at Jerusalem Center for Biblical Studies, Israel, 1996. Educational Administrative and Teaching Experiences Adjunct Professor of Missions and Leadership at Myanmar Evangelical Graduate School of Theology (MEGST), Myanmar since Fall 2008 to PresentAssociate Adjunct Professor of Graduate School of Theology at Global University, Springfield, MO, USA 1996-present.Professor and Director of M.A. Missions Program and taught Leadership and Missions courses for M.A./M.Div./D.Min. courses at Oral Roberts University (2006-2008)Dean of Students and Professor of Missions/Leadership at Asia Pacific T...