ဖုန်းနှင့်ပတ်သက်သော သတင်းများအား အွန်လိုင်းပေါ်တွင် အခမဲ့ ကြည့်ရှုနိုင်မည့် အစီအစဉ် တစ်ရပ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း လူကြီးမင်း ဖုန်းဆိုင်မှ အထွေထွေမန်နေဂျာ ဦးကိုကိုအောင်က ပြောသည်။အဆိုပါ အစီအစဉ်အား ဖေဖော်ဝါရီလ အတွင်း ဆောင်ရွက်မည် ဖြစ်ပြီး ယခင်လွှင့်တင်ထားသော လူကြီးမင်းဝက်ဘ်ဆိုက် (www.Lugyimin.com) မှတစ်ဆင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ “အချိန်နှင့်တစ်ပြေးညီ ဖြစ်နေတဲ့ ဖုန်းသတင်းတွေ၊ မိုဘိုင်းဖုန်း အသုံးပြုရာမှာ ဖြစ်ပေါ်တတ်တဲ့ ပြဿနာတွေ၊ ဥပမာအားဖြင့် ဖုန်းထဲမှာ အင်တာနက်သုံးလို့ မရရင် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ လမ်းညွှန်ချက်တွေ ပါဝင်မှာပါ။
မိုဘိုင်းဖုန်း အသုံးပြုသူတွေ အနေနဲ့ ဆိုင်တွေကို သွားရောက်စရာ မလိုဘဲ မိမိ မိုဘိုင်းဖုန်းကို မိမိဘာသာ ပြုပြင်ထိန်းသိမ်းနိုင်ဖို့ အတွက် ရည်ရွယ်ပြီး လွှင့်တင်ထားခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ ၎င်းဝက်ဘ်ဆိုက်တွင် မိုဘိုင်းဖုန်း သတင်းများ၊ မိုဘိုင်းဖုန်း ပြဿနာများ အပြင် ဈေးကွက်အတွင်း ပေါ်ပြူလာဖြစ်နေသော ဟန်းဆက်များ အကြောင်း၊ ၎င်းဟန်းဆက်များ၏ အားနည်းချက်၊ အားသာချက်များ အပြင် နောက်ဆုံးဝင်ရောက်လာသော ဟန်းဆက်များကိုလည်း အချိန်နှင့် တစ်ပြေးညီ အခမဲ့ ဖော်ပြသွားမည် ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် ဆော့ဖ်ဝဲများ၊ ဂိမ်း၊ Ring Tone,Themes, Wall paper နှင့် Screen Saver များကိုလည်း အခမဲ့ Download ပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ ၎င်းဝက်ဘ်ဆိုက်အား ၂၀၁၀ ခုနှစ်တွင် စတင် လွှင့်တင်ခဲ့ပြီး အခမဲ့နှင့် အခပေး ၀န်ဆောင်မှုများ ပါဝင်ခဲ့ကြောင်း သိရသည်။
Monday, February 7, 2011
ဖုန်းသတင်း အွန်လိုင်း တင်နေပြီ။
Similar Posts
About Sianzun
Dei Gratius
Subscribe to:
Post Comments (Atom)
No comments:
Write comments