Skip to main content

To Solve 50 Windows Problems

 
ကွန်ပျူတာတွေမှာ အများဆုံး ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာ အခုငါးဆယ်အတွက် ဖြေရှင်းထားတဲ့ အမေးအဖြေတွေပါ။ Computer Active magazine ရဲ့ 18 FEB to 3 MAR 2010 ပါ 50 PC problems solved ဆောင်းပါးကို ဘာသာပြန်ရေးသားတာ ဖြစ်ပါတယ်။ သူ့မှာက မေးတဲ့ မေးခွန်းအတွက်ပဲ ကွက်ဖြေထားပါတယ်။

ကျနော်က အဲဒီပြဿနာရဲ့ သဘောတရားကိုပါ နားလည်အောင် ဖြည့်စွက်ရေးသားထားပါတယ်။ အခြို့မေးခွန်းများကိုလည်း ကျနော့်စိတ်ကူးနဲ့ ပိုကောင်းမယ်ထင်သလို ပြောင်းရေးထားပါတယ်။ မေးခွန်း အားလုံးလိုလိုက ခဏခဏ ဖြစ်တတ်တဲ့ ပြဿနာတွေပါ။ အခြို့သော မေးခွန်းတွေကတော့ ဒီလိုလည်းရှိ လားဆိုပြီး သတိမထားမိတဲ့ ကိစ္စတွေလည်းပါပါတယ်။ သို့သော် ကျွမ်းကျင်ပြီးသား လူတွေအတွက် child play တွေလည်း ဖြစ်နေနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် စတင်လေ့လာသူတွေကတော့ ဖြစ်တတ်တာတွေ၊ ဖြေရှင်းနည်းတွေ များများဖတ်လေ ပိုမိုနားလည်လေပဲ။ အတတ်နိုင်ဆုံး နာလည်အောင် ရေးပေးထားပါတယ်။ အချိန်ဆင်းရဲမှုကြောင့် ခေါင်းစဉ် ခွဲတွေအလိုက် တင်ပေးပါ့မယ်။ အားလုံးပြီးရင်တော့ ပို့စ်တစ်ခုထဲ ပြန်ပေါင်းပြီး pdf လုပ်ပေးမယ်။ လောလောဆယ် ပြီးသလောက်ကို အောက်မှာ တင်ပေးထားပါတယ်။ ခေါင်းစဉ်တစ်ခုစာ မေးခွန်း ၁၁ ခုပေါ့။

WINDOWS PROBLEMS

1. File grouping fix – Windows 7, Vista
မေး … My Documents folder ကို ဖွင့်လိုက်တဲ့အခါမှာ Today, Yesterday, Last week နှင့် A long time ago စသော ခေါင်းစဉ်များအလိုက် file တွေကို စီစဉ်ထားတာတွေ့ရပါတယ်။ မူလ သုံးနေကျအတိုင်း ပြန်ပြောင်းလိုပါတယ်။
ဖြေ … Arrange by – Date modified ဆိုပြီး ဖိုင်တွေကို modified လုပ်ထားတဲ့ ရက်စွဲအလိုက် စီစဉ်စေတဲ့အတွက် အခုလို ပေါ်တာဖြစ်ပါတယ်။ အဲဒီ windows နေရာလွတ်တစ်ခုမှာ Right-click လုပ်ပြီး Group by – None လို့ ရွေးလိုက်ပါ။ အကယ်၍ Group by မပေါ်ခဲ့ဘူးဆိုရင်၊ Arrange by – Folder လို့ ပြန်ပြောင်းပေးပါ။


2. Scroll or browser ? – Windows XP
မေး … အရင်ကဆိုရင် Start menu မှာ ရှိတဲ့ All programs list မှာ columns တွေအများကြီးနဲ့ပြတယ်။ အခု ကော်လံတစ်ခုပဲပေါ်တော့တယ်။ အရင်လို ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ?

ဖြေ … all programs list ဟာ column တစ်ခုတည်းနဲ့ ပြလို့မလောက်အောင် များလာတဲ့အတွက် ကော်လံတစ်ခုပြီးတစ်ခု ထပ်ပြီးခွဲပြပါတယ်။ အဲဒါကို ကော်လံတစ်ခုအနေနဲ့ပဲ ထားပြီး scroll bar လေးထည့်လို့ရပါတယ်။ windows 7 နဲ့ Vista တို့လိုပေါ့။ programs တွေ ဘယ်လောက်များများ start menu box ထဲမှာပဲ scroll နဲ့ပြပါတယ်။ XP မှာတော့ all programs ဆိုပြီး column တစ်ခုမှာ scroll နဲ့ပြမှာပေါ့။ အဲလိုမကြိုက်ပဲ အရင်အတိုင်း ကော်လံအများကြီးနဲ့ မြင်ချင်ရင်တော့ Start လိုဂို နေရာမှာ Right-Click လုပ်ပြီး Properties ကိုနှိပ်။ ပေါ်လာတဲ့ box ရဲ့ Start Menu tab မှာ Customise ကိုနှိပ်ပါ။ Advanced tab မှာ Scroll Programs ကို uncheck လုပ်လိုက်ပါ။ (scroll နဲ့လိုချင်ရင် check ၊ မပါချင်ရင် uncheck ပေါ့)။ ပြီးတဲ့နောက် OK နှိပ်ပြီး ပြင်ခဲ့တာကို apply ဖြစ်စေပါတယ်။


3. Task Manager tabs - Windows 7, Vista, XP
မေး … Task manager မှာ သူ့ရဲ့ tabs တွေ menu တွေ တစ်ခုမှ မပေါ်တော့ပါဘူး။ အရင်လိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။
ဖြေ … Task Manager ရဲ့ usage ပြတဲ့ Grid တွေနေရာကို Double-Click နှိပ်မိလို့ ဖြစ်ပါတယ်။ အဲဒီ edge (grid ကွက်) ကို Double-Click ပြန်နှိပ်ပေးလိုက်ပါ။

4. Missing Quick Launch – Windows 7
မေး … Windows 7 ရဲ့ Taskbar မှာ Quick Launch ပါမလာတော့ဘူး။ အရင် windows တွေအတိုင်း Quick Launch menu ထည့်သုံးချင်ပါတယ်။

မိမိသုံးချင်တဲ့ programs (သို့) windows explorer ကို ဖွင့်ပြီး taskbar မှာ right-click နှိပ်၊ pin this taskbar ဆိုရင်လည်း taskbar မှာ icon ထည့်ပြီးသားဖြစ်မှာပါ။


5. Taskbar gone awry ... Windows 7, Vista, XP
မေး … taskbar ဟာ ပုံမှန်အတိုင်း အောက်မှာမဟုတ်ပဲ ညာဘက်ကို ဒေါင်လိုက်ရောက်ပြီး sidebar ပုံစံဖြစ်နေပါတယ်။ အောက်ကို ပြန်ရောက်အောင် ဘယ်လို ရွှေ့ရမလဲ။
ဖြေ … taskbar ကို lock မချထားရင် ဘားပေါ်မှာ click ဖိထားပြီး ပြောင်းချင်တဲ့ ဘက် (အပေါ်၊ အောက်၊ ဘေးနှစ်ဖက်) ကို Drag ဆွဲယူကာ ပြောင်းနိုင်ပါတယ်။ ပုံမှန်အတိုင်း အောက်ကို ပြန်ရောက်ဖို့အတွက် taskbar မှာ right click နှိပ်ပြီး Lock the taskbar ကို check မပေးထားပါနဲ့ (uncheck)။ taskbar ရဲ့ နေရာလွတ်တစ်ခုမှာ click ဖိထားရင်း အောက်ဘက်ကို Drag ဆွဲယူပါ။ ပြီးရင် Lock the taskbar ကို check ပြန်ပေးလိုက်ပါ။


6. The wrong browser - Windows 7, Vista, XP
မေး … firefox ကို default browser အဖြစ်သုံးချင်ပါတယ်။ (browser နဲ့ ပွင့်ရမယ့် ဘယ်လင့်ကိုပဲ နှိပ်လိုက် နှိပ်လိုက် firefox နဲ့ပဲ ပွင့်ချင်တာပါ)။ အခု Internet Explorer နဲ့ ပွင့်နေပါတယ်။ ဘယ်လိုပြောင်းရမလဲ။
ဖြေ … ဒါက Default program ရွေးထားတာနဲ့ ဆိုင်ပါတယ်။ windows system ကနေ ပြောင်းမယ် ဆိုရင်တော့ restart ပေးပြီးမှ ပြောင်းပါတယ်။ မိမိပြောင်းချင်တဲ့ program ကနေပဲ ပြောင်းပေးလိုက်တာ အကောင်းဆုံးပါပဲ။ ဥပမာ – firefox ကို Default သုံးချင်တာဆိုရင် firefox ရဲ့ menu မှာ Tools – Options ကိုနှိပ်။ ပေါ်လာတဲ့ Options box ရဲ့ Advanced tab မှာ Always check to see if Firefox is the default browser on startup ကို check ပေးပြီး Check Now ခလုပ်ကို နှိပ်။ OK ပေးလိုက်ရင် firefox က Default browser ဖြစ်သွားပါပြီ။ IE ကို Default ပေးချင်တာဆိုရင် IE ရဲ့ menu မှာ Tools – Internet Options ကိုနှိပ်ပြီး Programs tab မှာ Make default ခလုပ်ကို click ပါ။ Default browser ဟုတ်မဟုတ် သတိပေးစေလိုရင် Tell me if Internet Explorer is not the default web browser ဆိုတာကို check ပေးထားလိုက်ပါ။ အခြားသော browser များကိုလည်း Default ဖြစ်စေလိုရင် ဒီနည်းလမ်းအတိုင်းပဲ လုပ်ပါ။ (browser အများစုက IE နဲ့ မတူရင် Firefox နဲ့ တူလိမ့်မယ်)


7. Wrong Windows starts – Windows 7, Vista, XP
မေး … ကျနော်က windows နှစ်ခုတင်ထားပါတယ်။ Windows 7 နဲ့ Vista ပါ။ ပုံမှန်တိုင်း တက်လာမယ့် Windows ကို Windows 7 ဖြစ်စေချင်ပါတယ်။ Windows 7 ကို Default ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။
ဖြေ … ဘယ် windows တွေပဲ တင်ထားတင်ထား windows တစ်ခုထက် ပိုတာနဲ့ boot မှာ OS menu ပေါ်ပါ တယ်။ မိမိသုံးချင်တဲ့ windows ကို arrow နဲ့ ရွေးချယ်ပြီး သုံးနိုင်ပါတယ်။ နောက်ဆုံးသုံးခဲ့တဲ့ windows က အပေါ်ဆုံးက (Default အဖြစ်) ရှိနေမှာပါ။ waiting time ကို 30 sec (Default time) စောင့်ပါတယ်။ အဲဒီ စက္ကန့်သုံးဆယ်အတွင်း မိမိက ဘာမှ ထပ်မရွေးခဲ့ရင် အပေါ်ဆုံးက Default windows ကိုပဲ boot ယူပြီး တက်သွားမှာပါ။ အခုမေးခွန်းအတွက်ပဲ ပြောရရင် windows 7 ကို ရွေးပေးလိုက်ပါ။ Computer ကို Right-Click လုပ်ပြီး Properties နှိပ်လို့ပဲ ဖြစ်ဖြစ်၊ Win+Break key ကို နှိပ်လို့ပဲဖြစ်ဖြစ် system properties ကို ဖွင့်ပါ။ ဘယ်ဘက်က Advanced system settings ကိုနှိပ်ပါ။ ပေါ်လာတဲ့ Advanced tab မှာ Start and Recovery ရဲ့ Settings ကိုနှိပ်ပါ။ Default Operating system မှာ Windows 7 ကို ရွေးပေးလိုက်ပါ။ Time to display list of OS ဆိုတဲ့ box မှာ boot waiting time ကို မိမိထားချင်သလောက် ပြောင်းထားလိုက်ပါ။ (Default time က 30 sec ဖြစ်ပြီး 0 sec ထိ လျှော့နိုင်ပါတယ်)


8. Disk space missing – Windows 7, Vista, XP
မေး … hard disk ရဲ့ C:\ က သိမ်းထားတာ သုံးထားတာ အဲလောက်မများပဲ ပြည့်လုနီးပါးဖြစ်နေပြီ။ သုံးထားတဲ့ disk space ဘာလို့ ပိုများသွားတာလဲ။
ဖြေ … windows က သိပ်ပြီး မလိုအပ်တဲ့ ဖိုင်တွေကိုလည်း copy သိမ်းထားလေ့ရှိတယ်။ ဥပမာ – temporary လိုမျိုးပေါ့။ အဲဒါတွေဖျတ်ဖို့အတွက် (my) Computer ရဲ့ C:\ ကို right-click လုပ်ပြီး properties ကိုနှိပ်၊ ပေါ်လာတဲ့ general tab မှာ Disk cleanup ဆိုတာကိုနှိပ်ပြီး သူ့ရဲ့ wizard အတိုင်းဆက်သွားပြီး delete လုပ်ပေးလိုက်ပါ။ ၀င်းဒိုးကို သုံးတာ ကြာရင် ကြာသလောက် Copy ယူထားတဲ့ space ပိုများမှာပါ။


9. Too many fonts – Windows 7, Vista, XP
မေး … ၀င်းဒိုးမှာ ဖောင့်တွေအရမ်းများနေပါတယ်။ လိုအပ်တဲ့ဖောင့်တွေ ရှိသလို မလိုအပ်တဲ့ဖောင့်တွေလည်း ပါပါတယ်။ မလိုတာတွေ သိနိုင်ဖို့ ဖောင့်တွေကို ဘယ်လိုကြည့်မလဲ။
ဖြေ … www.computeractive.co.uk/2142304 ကိုသွားပြီး Cfont Pro ကို Download လုပ်ပါ။ Cfont Pro ရဲ့ ဘယ်လောက်ခြမ်းမှာ တင်ထားသမျှဖောင့်နာမည်တွေ ပေါ်ပါတယ်။ နာမည်ပေါ်နှိပ်လိုက်ရင် ဖောင့်ရဲ့ properties, Sample အကုန်ပေါ်ပါတယ်။ uninstall လုပ်နှိင်သလို၊ လိုအပ်ရင်ပြန်သုံးနှိင်အောင် backup လည်း လုပ်ထားလို့ရပါတယ်။ (C:\windows\font ကို ဖွင့်ပြီး ဖောင့်တွေပေါ် Double-Click နှိပ်ရင်လည်း properties နဲ့ sample ကို မြင်ရမှာပါ။ windows 7 မှာ medium icon အနေနဲ့ view ထားထားပေးရင် icon မှာကို font sample ပြနိုင်ပါတယ်။ Cfont Pro နဲ့ဆိုတော့ ပိုပြီး ပြည့်စုံလွယ်ကူတာပေါ့)


10. Vitural Drives – Windows 7, Vista, XP
မေး … Game တွေ၊ Learning CD တွေကို သုံးတဲ့အခါမှာ CD drive ကို စက်ထဲ ထည့်ပေးထားမှ အဆင်ပြေပါတယ်။ ခွေမပါပဲ သုံးနှိင်အောင် ဘယ်လိုလုပ်ရမလဲ။
ဖြေ … Vitural CD software ကို သုံးလို့ရပါတယ်။ MagicDisc Software ကို သုံးဖို့ အကြံပေးပါရစေ။ ဒီ software ကို Install လုပ်လိုက်ရင် DVD Drive အတုတစ်ခုရလာပါတယ်။ (တစ်ခုမက ဖြစ်စေချင်ရင်လည်းရပါတယ်)။ drive ကလည်း အတုဖြစ်လို့ ခွေကလည်း အတုပဲ ထည့်ပေးရပါမယ်။ သုံးမည့် CD ကို iso software တစ်ခုသုံးပြီး iso image အဖြစ် ဖန်တီးလိုက်ပါ။ ပြီးနောက် MagicDisc ရဲ့ tray icon မှာ right-click နှိပ်ကာ၊ mount ဆိုပြီး လုပ်ထားတဲ့ iso ဖိုင်ကို ရွေးပေးလိုက်ရင် drive ထဲ CD ထည့်ထားသကဲ့သို့ ဖြစ်သွားပါပြီ။ (လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲကနေ အခုထိ ဒီနည်းကိုပဲ သုံးနေကြတုန်းပါ)


11. Moving My Documents - Windows 7, Vista, XP
မေး … ကျနော် hard disk အဟောင်းမှာ free space မရှိတော့တဲ့အတွက် HDD အသစ်တစ်လုံးထပ် တပ်လိုပါတယ်။ My Documents ဖိုဒါကို အသစ်ဆီ ရွှေ့လို့ရမလား သိချင်ပါတယ်။
ဖြေ … ရပါတယ်။ XP နဲ့ Vista မှာဆိုရင် Start ကို နှိပ်၊ (My) Documents မှာ right-click ထောက်ပြီး Properties နှိပ်။ Location ဆိုတဲ့ tab မှာ လက်ရှိသိမ်းထားတဲ့ နေရာပြနေပါလိမ့်မယ်။ Move ဆိုတဲ့ ခလုပ်ကိုနှိပ်ပြီး ပြောင်းလိုတဲ့ နေရာကို ရွေးချယ်ပေးလိုက်ပါ။ Windows 7 မှာ ဆိုရင် Start – Documents ကို ဖွင့်ပါ။ ဘယ်ဘက် sidebar ရဲ့ Libraries အောက်မှာ Documents ကို ပြနေပါလိမ့်မယ်။ Documents မှာ right-click လုပ်ပြီး၊ Expand ကိုနှိပ်လိုက်ရင် My Documents ဆိုပြီး ထွက်လာပါမယ်။ My Documents ရဲ့ properties ကိုနှိပ်ပြီး XP နဲ့ Vista တုန်းကအတိုင်း ဆက်လုပ်သွားရုံပါပဲ။
http://youth-it-technican.blogspot.com/

Comments

Popular posts from this blog

Zomi: Who They Are

Zomi Total population ca. 2,500,000 Languages Various Kuki , Mizo , Chin , Naga , Paite Religion Christianity , Animism , Buddhism , Laipian Related ethnic groups Naga , Meitei , Hmar , Mizo , Kuki Zomi [1] is the name of a major tribe found in various parts of South and South East Asia. The term Zomi meaning, Zo People [2] is derived from the generic name 'Zo', the progenitor of the Zomi. They are found in northwestern Myanmar, northeastern India and Bangladesh. Anthropologists classify them as Tibeto-Burman speaking member of the Mongoloid race. In the past they were little known by this racial nomenclature. They were known by the non-tribal plain peoples of Myanmar, Bangladesh and India as Chin, Kuki, or Lushai. Subsequently the British employed these terms to christen those 'wild hill tribes' living in the "un-admiral. They are Zomi not because they live in the highlands or hills, but are Zomi and call the...

CHIN, ZOMI, MIZO, ZO cihtawh kisai Debate

CHIN, ZOMI, MIZO, ZO cih minvai tawh kisai India gam aom ih mipihte kikupna, Debate bawlna hi. Sausimsim in alunglut velvelte bekin atawpdong simzo bekding hi. This is the outcome of the debate about our nomenclatures like Chin-Kuki-Mizo-Zomi on FaceBook – Zolengthe Group. The debate Vaphual shows that every one of us clearly know who we are – We are Zo, but some opined that Kuki nomenclature should be used as it is recognised nationaly and internationally. This is the starting point of the debate: Dear friends, MIZO=ZOMI, then is it something like both side of a coin? If it is so, then there is no chance of sitting under one administrative umbrella. Another Point: Mizo or Zomi ~ Which one should be the right word? I know You will say both. But according to Pu T. Gougin, Founder President of Zomi National Congress, “The land come first and then the people” therefore, it should be Zo… Mi….. that means Zo = Land and Mi = People. He further argued that MIZO is a wrong word; ...

Dr. Chin Do Kham Tangthu

Dr. Chin Do Kham Biography Education     Scholar in Residence for Ph.D. Educational Studies Program at Trinity International University, Chicago, USA, May 2003-August 2005.D., Intercultural Studies, Trinity Evangelical Divinity School of Trinity International University, Chicago, 1998.Min.(Doctor of Ministry in Pastoral Leadership), Oral Roberts University, Tulsa, OK, 1994.Special Study Program at Jerusalem Center for Biblical Studies, Israel, 1996. Educational Administrative and Teaching Experiences Adjunct Professor of Missions and Leadership at Myanmar Evangelical Graduate School of Theology (MEGST), Myanmar since Fall 2008 to PresentAssociate Adjunct Professor of Graduate School of Theology at Global University, Springfield, MO, USA 1996-present.Professor and Director of M.A. Missions Program and taught Leadership and Missions courses for M.A./M.Div./D.Min. courses at Oral Roberts University (2006-2008)Dean of Students and Professor of Missions/Leadership at Asia Pacific T...