သမိုင်း

Theme images by Storman. Powered by Blogger.

Text Widget

Sports

Gadgets

Blog Archive

Travel

Definition List

Wednesday, August 1, 2012

Ubuntu OS ပေါ်တွင် Skype အသုံးပြုချင်သူများတွက် Skype ထည့်သွင်းပုံUbuntu OS ပေါ်တွင် Skype အသုံးပြုချင်သူများတွက် Skype ထည့်သွင်းပုံ

Ubuntu OS အသုံးပြုသူတွေအနေနဲ့ နိုင်ငံတကာသို့ Ubuntu OS ပေါ်ကနေ ဖုန်းခေါ်ဆိုချင်တယ်ဆိုရင် Skype ကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Skype ကို Windows Platform မှာလိုပဲ Ubuntu OS ပေါ်မှာလည်း အလွယ်တကူ တင်နိုင်မှာ ဖြစ်ပါတယ်။ Skype ကို Ubuntu OS ပေါ်မှာ တင်ချင်တယ်ဆိုရင် ယခုမှ စတင်ပြီး Operating System ထည့်သွင်းသူများအတွက် OS ကို Update File တွေ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ Update ဖိုင်တွေ ဒေါင်းလုပ်ပြုလုပ်ပြီး ထည့်သွင်းပြီးပြီဆိုရင် Upgrade ထပ်ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ ဒီအဆင့်တွေ ပြီးပြီဆိုရင်တော့ Skype ကိုထည့်သွင်းဖို့အတွက် အဆင်သင့် ဖြစ်နေပါပြီ။ Skype ကို Ubuntu OS ပေါ်မှာ ထည့်သွင်းမယ်ဆိုရင် Skype.deb Installer ဖိုင်ကို ပထမဆုံး Download ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ Skype Installer ဖြစ်တဲ့ .deb ဖိုင်ကို ဒေါင်းဖို့အတွက် www.skype.com/intl/en/get-skype/on-your-computer/linux ဒီလင့်ခ်မှာ အရင်ဆုံး ဒေါင်းလုပ်ချရမှာ ဖြစ်ပါတယ်။
ဒေါင်းလုပ်ပြုလုပ်ပြီးပြီဆိုရင်တော့ Skype ကို စတင် Install ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ Ubuntu အသုံးပြုသူတွေအတွက် Skype ကို ထည့်သွင်းပုံ အမျိုးမျိုးကို ရွေးချယ်တင်ပြလိုက်ပါတယ်။ Skype ကို Ubuntu OS ပေါ်မှာ ထည့်သွင်းမယ်ဆိုရင် www.skype.com/intl/en/get-skype/on-your-computer/linux ဒီနေရာကနေ ဒေါင်းလုပ်ချထားတဲ့ .deb ဖိုင်ကို Click နှိပ်ပြီး Install ပြုလုပ်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Ubuntu Software Centre ထဲမှာ Skype ဆိုတဲ့ Installer နေရာကို တွေ့ရမှာဖြစ်ပြီး အဲဒီနေရာကနေ အလွယ်တကူနဲ့ Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒေါင်းလုပ်ပြုလုပ်ပြီး Install ပြုလုပ်ပြီးပြီဆိုရင်တော့ Skype ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Skype ကို Terminal ကို ခေါ်ရမှာဖြစ်ပါတယ်။ Terminal ကိုရောက်ပြီဆိုရင် #gksudo gedti/etc/apt/sources.list ဆိုတဲ့ Command ကိုရိုက်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ Source List ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ အဲဒီနေရာမှာ deb http://download.skype.com/linux/repos/debian/stable non-free ဆိုတာကိုထည့်ပေးရမှာ ဖြစ်ပါတယ်။
ဒီလင့်ခ်ကိုထည့်ပြီးပြီဆိုရင် Text Editor ကို Save လုပ်ပြီး ပိတ်လိုက်ပါ။ ပြီးရင် Terminal မှာ sudo apt-key adv-keyserver pgp.mit.edu-recv-keys 0xd66b746e ဒီ Command နဲ့ GPG Key ကို Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။ GPG Key ကို Install ပြုလုပ်ပြီးပြီဆိုရင်တော့ Terminal ထဲမှာ #sudo aptitude update ဆိုတဲ့ command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ aptitude ကို Install မပြုလုပ်ရသေးသူများအတွက် #sudo apt-get install aptitude ဆိုတဲ့ command နဲ့ အရင်ဆုံး Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။ aptitude ပြုလုပ်ပြီးပြီဆိုပါက #sudo aptitude update ဆိုတဲ့ command နဲ့ Update ပြုလုပ်ပြီးနောက် #sudo aptitude install Skype ဆိုတဲ့ command ကိုအသုံးပြု၍ Skype ကို Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒေါင်းလုပ်ပြုလုပ်ပြီး Install ထည့်သွင်းပြီးသွားပြီ ဆိုရင်တော့ Skype VoIP Application ကို Ubuntu OS ပေါ်မှာ စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

No comments:
Write comments