ချေးငွေ ကန်ဒေါ်လာ သန်း ၂၀၀ ထဲမှ ဆောက်လုပ်ရေးဝန်ကြီးဌာနအသုံးပြုမည့် ကန်ဒေါ်လာ ၁၀၅ သန်းသည် ချင်းပြည်နယ်ရှိ လမ်း၊ တံတားများနှင့် ရခိုင်ပြည်နယ်ရှိ လမ်းတံတားများ ပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်း များ အတွက် အသုံးပြုသွားမည့် အစီအစဉ် အသေးစိပ်ကိုလည်း ဝန်ကြီးက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ခဲ့သည်။
“ချင်းပြည်နယ်သို့ World Bank မှ နိုင်ငံတကာကျွမ်းကျင်အကြံပေးအဖွဲ့များသည် အဆိုပါပျက်စီးခဲ့သည့်လမ်း များအား ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပြီး ပြည် နယ်ရှိ ပြည်သူများနှင့် အနီးကပ်တွေ့ဆုံခဲ့ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ယင်းချေးငွေနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအနေဖြင့် မေလ ၁၇ ရက်နေ့ နောက်ဆုံး ထား၍ ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း ပြည်ထောင် စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ပြောသည်။
“စီမံကိန်း အပိုင်း ၁ အနေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရာသီဥတုဒဏ်ခံ နိုင်သော လမ်း၊ တံတားများ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
ချေးငွေများဖြင့် ဆောင်ရွက်မည့် စီမံကိန်းများအား အပိုင်းလေးပိုင်ခွဲခြား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၄င်းက ဖြည့်စွက်ပြောသည်။
စီမံကိန်းအပိုင်း ၂ အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ သန်း ၇၀ ဖြင့် ကျေးလက်ဒေသများ ပြန်လည်ထူထောင်ခြင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပံ့ပိုးခြင်းလုပ် ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။
Photo: Chin State
Src: The Ladies News
Photo: Chin State
Src: The Ladies News

Comments
Post a Comment