သမိုင်း

Theme images by Storman. Powered by Blogger.

Text Widget

Sports

Gadgets

Blog Archive

Travel

Definition List

Thursday, December 23, 2010

Answers to Questions &&&


Q...(1) နိုင်နိုင် အစ်ကို မလေးရှားနိုင်ငံက အင်တာနက်ဆိုင်တွေမှာ controlpenal ပိတ်ထားတယ်။ဘယ်လိုပြန်ဖွင့်ပြီးဖောင့်ထည့်ရမလဲ

Ans... ကိုနိုင်နိုင် ခင်ဗျာ ... Control Panel ဖော်တဲ့နည်းလေးတွေ ကတော့ အမျိုးမျိုးရှိပါတယ်..။ အောက်မှာ Control Panel  ဖော်တဲ့ နည်းလေးတွေ ကျွန်တော်ပြောသလိုလေး လုပ်ကြည့်ဗျာ  အဆင်ပြေသွားပါလိမ့်မယ်..။

၁။ Registry ကနေ ပြန်ဖော်တဲ့နည်းလေးပါ..။
Run ကနေ gpedit.msc ရိုက်ပါ User Configuration-->Administrative Templates -->Control Panel ကိုရောက်အောင်သွားလိုက်ဗျာ...ညာဘက် Box ထဲက Prohobit access to the Control Panel မှာ ပိတ်ထားတယ် ဆိုတဲ့ အတွက် Enabled ဖြစ်နေပါလိမ့်မယ် Disabled ပြန်ရွှေးပေးလိုက်ပါ။ ဒါဆို အဆင်ပြေသွားပါလိမ့်မယ်။
    ဖောင့်ထည့်တာလောက်ဆိုရင် Window ထဲကို တန်းထည့်သုံးလို့ရပါတယ် ..My computer-->(C:) Local Disk ကို ဖွင့်လိုက်ပါ --> Windows --> Fonts ဆိုတာကို ဖွင့်လိုက်ပါ။ မိမိ အသုံးပြုလိုတဲ့ ဖောင့်ကို copy ကူပြီး Fonts ထဲမှာ  Paste ချ လိုက်ဗျာ ဒါဆိုအဆင်ပြေသွားပြီ..။

၂။  ဒါကလည်း Control Panel ဖော်နည်းလေးပါပဲ..
My computer ကိုဖွင့်ဗျာ.. အပေါ် Tools မှာ Folder Options ကို click နှိပ်လိုက်ရင် Folder Options Box ကျလာပါလိမ့်မယ် View ကို ရွှေးလိုက်ဗျာ အဲမှာ  Advanced setting : ထဲက
Show Control Panel in My Computer ကို check လုပ်ပါ ။ Apply ..ok  ဗျာ ဒါဆိုရင်ပေါ်လာပါပြီ။ 


 ၃။ ဒါလေးက Start ကို Click ကြည့်လို့  Control Panel မရှိရင်  ဖော်တဲ့နည်းလေးဗျာ.။
Task Bar --> Right Click --> Properties သွားလိုက်ဗျာ..။ Tackbar and Start Menu Properties Box ကျလာလိမ့်မယ် အဲမှာ Start Menu ကိုရွှေးလိုက်ပါ Start Menu က Customize  ကို Click လိုက်ပါ။ Customize Start Menu Box ကျလာလိမ့်မယ် Advanced ရွှေးလိုက်ပါ Start menu items: အောက်မှာ Control Panel ကို  Display as a Link ကို ရွှေး ok ပေးလိုက်ပါ ဒါဆို Start ကနေ အလွယ်တကူ မြင်နေရပါလိမ့်မယ်။ အသုံးပြုရတာ လွယ်သွားပါလိမ့်မယ်။


Q...(2) thetpai ph myanmar font lay ya yin pyaw par byooo :P
Ans--- ခု လောလောဆယ်တော့ သူငယ်ချင်းရေ ကျွန်တော် သုံးနေတဲ့ မြန်မာဖောင့်လေးတော့ ရှိတယ်။ ကျွန်တော်ကတော့  Nokia ဖုန်း အမျိုးအစား သုံးတာဆိုတော့ဗျာ သူငယ်ချင်း ဖုန်းအမျိုးအစားတော့ ဘာလဲ မသိဘူး သူငယ်ချင်း ဖုန်းမှာ  အဆင်ပြေ မလားတော့မသိဘူး။  တကယ်လို့ ကျွန်တော် သုံးတဲ့ Fonts လေး သုံးကြည့်ချင်တယ် ဆိုရင်ဗျာ။   အောက်မှာ  Install 1--2 ဆိုပြီး နှစ်မျိုးတင်ပေး ထားပါတယ် Download ဆွဲပြီး  မိမိဖုန်းမှာ install  လိုက်ရင် အဆင်ပြေ သွားပါလိမ့်မယ်.။ Install လုပ်တာတော့  လုပ်တတ်မယ် ထင်ပါတယ်။ 
Myanmar  Font for Nokia---->
Install--1
Install--2


Q...(3)  အောင်ဟိန်းထက် "အကို ကျွန်တော် Hard Disk ၀ယ်လာတာ အကိုရာ 320 Gb ဆိုပြီး ကွန်ပျူတာ မှာ တပ်ပြီး ကြည့်ကြည့်တော့ 320 Gb မပြည့်ဘူး..။ ဘာလို့လဲအကို။  ပြန်သွားလဲ ရမှာလား..?''

   ကိုအောင်ဟိန်းထက် ခင်ဗျာ ကျွန်တော်လည်း ဖြစ်ဘူးပါတယ်။ ကျွန်တော်ဖြစ်တာက ပိုဆိုးတယ်ဗျို့ ။  ကျွန်တော်ပြောပြမယ်။ ဒီလိုဗျ ကွန်ပျူတာ အကြောင်း ဘာမှ မသိပဲ ကွန်ပျူတာ ၀ယ်သုံးဖြစ်တယ်ဗျာ။ အကိုကြီး တစ်ယောက် လိုက်ဝယ်ပေးတာပါ။ တကယ်ဘာမှ ကို မသိဘူးဗျာ  Hard Disk ဆိုတာမျိုးလဲ ဘာမှန်း မသိခဲ့ဘူး။ အကိုကြီး က သူဘာသူ အဆင်ပြေမယ်ထင်တာလေးတွေ ရွှေးဝယ်ပေးခဲ့တာ။ နောက်တော့ ကျွန်ပျူတာလေး မတောက် တခေါက် ကလိ တတ်လာတော့ Hard Disk က Gb ဘယ်လောက်လဲ ကြည့်ဖြစ်တယ်ဗျို့  ။ အဲမှာ စတာပဲ ဟာ.. ဘာလို့လဲ မသိဘူး အကိုကြီးပြောတော့ 500Gb ဆိုပြီး ခုကြတော့ အပြည့်လဲမရှိဘူး။ ဘယ်သူခိုးသွားလဲမသိဘူး ..ဟားဟား! အဲလောက်တောင် ဖြစ်ခဲ့ဘူးပါတယ်။ နောက်မှ သူရဲ့  ရေတွက်ပုံ နည်းလေး သိသွားတာ ကိုအောင်ဟိန်းထက်ရေ..။

    ဒီလိုဗျ ရောင်းတဲ့ ကုမ္ပဏီတွေက လူတွေ စိတ်ဝင်စားအောင် Size များများနဲ့ ဈေးနည်းနည်း ရောင်းတယ်ဆိုတဲ့ သဘောပေါ့ဗျာ။ အဲလို ပုံစံမျိုးဖြစ်အောင်  1000 Mb = 1 Gb နဲ့ တွက်ချက်ပြီးရောင်းပါတယ် ။ အဲဒါကို ဂျပန် တွက်ချက်မှု စနစ်လို့ခေါ်ပါတယ်။ တကယ်ကွန်ပျူတာ က တွက်ချက်တာကတော့ 1024 Mb = 1 Gb နှုန်းဖြစ်ပါတယ်။ ဒီလောက် ဆို ကို အောင်ဟိန်းထက်  စိတ်နဲနဲ သက်သာသွားမယ်ထင်ပါတယ်။ ပြန်သွားလဲ လဲမနေနဲ့အုံးဗျ..း)။ ကျွန်တော် လက်တွေ့ပြမယ်ဗျာ ကျွန်တော် စက်က ၀ယ်လာတုန်းက 500 Gb ဘာဖြစ်လို့ ရော့နေလဲ .. 1024 Mb = 1 Gb နဲ့ စက်ကတွက်ထားတော့ 500 Gb မပြည့်ပဲ 465.75 GB ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ အောက်မှာ ကျွန်တော် စက်ရဲ့  ပုံလေးဗျ ကြည့်ကြည့်..။ ကဲ အဆင်ပြေပါစေဗျာ...။




.................♣ အဆင်ပြေပါစေဗျာ ♣..................


No comments:
Write comments