Skip to main content

CDMA 800 MHz ဖုန်းများကို တစ်နိုင်ငံလုံး နယ်မြေ အကန့်အသတ်မဲ့ အသုံးပြုနိုင်ရန် 450 MHz ဟန်းဆက်များတွင် ထည့်သွင်း၍ အသုံးပြုနိုင်

ရန်ကုန် မန္တလေး တိုင်းဒေသကြီးများတွင်သာ စတင် ချပေးခဲ့သော CDMA 800 MHz ဖုန်းများကို  တစ်နိုင်ငံလုံးတွင် အသုံးပြုခွင့် ချပေးပြီးနောက် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စ၍ တစ်နိုင်ငံလုံးသို့ အဆိုပါ 800 MHz ဖုန်းများကို သယ်ဆောင် အသုံးပြုနိုင်ပြီ ဖြစ်ပြီး ထိုသို့ အသုံးပြုရာတွင် CDMA 450 MHz သုံး
ဟန်းဆက်များတွင် ထည့်သွင်း သယ်ဆောင် အသုံးပြု ရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကြားသိရသည်။

မူရင်း ချပေးထားသော ဒေသတွင်ပင် အသုံးပြုမည် ဆိုပါက 800 MHz ဟန်းဆက်နှင့်ပင်
အသုံးပြုနိုင်ပြီး ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၅၀ ကျပ် ကျသင့်မည် ဖြစ်ကာ ကျန်
ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်မူ ၆၀ ကျပ် ကျသင့်မည်ဟု သိရသည်။
ဖုန်းငွေဖြည့်ကပ်မှာလည်း 450 နှင့် 800 ဖုန်းများ အနေဖြင့် အပြန်အလှန် လဲလှယ်
အသုံးပြုနိုင်မည် ဖြစ်ပြီး ဟန်းဆက်ပြောင်းလဲ အသုံးပြု ပြီးနောက်တွင်လည်း
လက်ကျန်ငွေကို ဆက်လက် အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

ထိုသို့ 800 MHz ဖုန်းများကို အခြား နယ်မြို့များသို့ ယူသွားသော အခါတွင်မှသာ
450 MHz ဟန်းဆက်များ အတွင်းသို့ ထည့်သွင်း အသုံးပြု သင့်ကြောင်း ၊ အဘယ့်ကြောင့်
ဆိုသော် အဆိုပါ 800 MHz ဖုန်းများကို အများဆုံး ချပေးထားသော ရန်ကုန်မြို့နှင့်
မန္တလေးမြို့တို့တွင် 450 ဖုန်းများ အလွန်များပြားလာမှုကြောင့်
အထူးလိုင်းကြပ်နေကြောင်း ၊ ထို့ကြောင့် 450 ဟန်းဆက်ကို ပြောင်းလဲ၍ ရန်ကုန်
မန္တလေး မြို့များ၌ သုံးမည်ဆိုပါက ပို၍ လိုင်းကြပ်သွားစေမည် ဖြစ်ကြောင်း
ချော်တွင်းကုန်းမီးပွိုင့် အနီးတွင် ဖွင့်လှစ်ထားသော ဟန်းဆက်အရောင်းဆိုင်
တစ်ခုမှ CDMA ဖုန်းကျွမ်းကျင် ၀န်ထမ်းတစ်ဦးက *mmDailyNews *သို့ ပြောပြခဲ့သည်။

လက်ရှိ ပြည်တွင်း CDMA ဟန်းဆက်ဈေးကွက်တွင် 450 နှင့် 800 ကွန်ရက်
နှစ်မျိုးစလုံး အသုံးပြုနိုင်သော ဟန်းဆက်များ အထူး အ၀ယ်လိုက်နေကြောင်း
သိရှိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် CDMA 800 MHz ဖုန်း အလုံးရေ
တစ်သိန်းသာသာခန့်၊ မန္တလေးတိုင်းဒေသကြီးတွင် သုံးသောင်းခန့် ရှိကြပြီး
အဆိုပါဖုန်းများ အားလုံးသည်လည်း CDMA 450 MHz ဖုန်းများ၏ ကွန်ရက်ကိုပါ
အသုံးပြု၍ အဆိုပါ ဖုန်းများကဲ့သို့ တစ်နိုင်ငံလုံး နယ်မြေအကန့်အသတ်မဲ့ သယ်ဆောင်
အသုံးပြုနိုင်ပြီ ဖြစ်သည်။
ထို့အပြင် အဆိုပါ ဖုန်းများ၏ နံပါတ်များ ရှေ့တွင် ထည့်သွင်း အသုံးပြုနေရသော
ရန်ကုန်ဖုန်းများအတွက် ၀၁xxxxxx ၊ မန္တလေးဖုန်းများ အတွက် ၀၂xxxxx စသည့် Areal
Code များကို ၀၉xxxxxxx အဖြစ်သို့ မကြာမီ ပြောင်းလဲပေးသွားမည်ဟု ရတနာပုံ
တယ်လီပို့မှ ကြားသိရသည်။
ယခုနှစ် နှစ်ဆန်းပိုင်းက မြို့နယ် နယ်မြေအကန့်အသတ်ဖြင့် စတင်ချပေးခဲ့သော အဆိုပါ
CDMA 800 MHz ဖုန်းများကို ပြီးခဲ့သော ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်၍ ရန်ကုန် ၊
မန္တလေးမြို့များတွင် အသုံးပြုနိုင်သည်အထိ ကွန်ရက် တိုးချဲ့ပေးခဲ့ခြင်း ဖြစ်ပြီး
ယခုအခါ နေပြည်တော်ဖုန်းဟု လူသိများသော CDMA 450 MHz ဖုန်းများ နည်းတူ
တစ်နိုင်ငံလုံးသို့ သယ်ဆောင် အသုံးပြုနိုင်ခွင့် ချပေးခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်၌ ဖုန်းအမျိုးအစား အားလုံးအသုံးပြုနိုင်ရန် ဆောင်ရွက်မည်ဟုဆို နေပြည်တော်၌ ဖုန်းအမျိုးအစား စနစ်အားလုံးအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့်နည်းပညာဌာန
မှ တာဝန်ရှိသူတစ်ဦးက၇-၁၂-၂၀၁၀ ရက်တွင်ပြောသည်။““နေပြည်တော်မှာ ဖုန်း နေပြည်တော်မှာ ဖုန်း နေပြည်တော်မှာ ဖုန်းနေပြည်တော်မှာ ဖုန်း နေပြည်တော်မှာ ဖုန်း System အကုန်ဖွင့်မယ်။ လက်ရှိ  CDMA
450MHz  နဲ့ နေရာတချို့မှာ  GSM တွေ အသုံးပြုနိုင်ပြီ။ CDMA 800 MHz ဖုန်း တွေလည်း အသုံးပြုနိုင်ဖို့ ဆောင်ရွက်မှာပါ”” ဟု ၄င်းက ပြောပြသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတိုးတက်စေရန် အတွက် နှစ် ၃၀ နှစ်ရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ တယ်လီဖုန်းလုပ်ငန်း၊ ကြေးနန်းလုပ်ငန်း၊ စာပို့လုပ်ငန်းများအတွက် သီးခြားရည်မှန်းချက်များထားရှိ ဆောင်ရွက်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ နေပြည်တော်၌ ၀၉၄၉ ဖြင့် စသော ကျပ်ငါးသိန်းတန် CDMA 450 MHz ဖုန်းအမျိုးအစား အသုံးပြုမှု စတင်တွင်ကျယ်ခဲ့ပြီး ၄င်းဖုန်းများကို မြန်မာတစ်နိုင်ငံလုံး သယ်ယူအသုံးပြုနိုင်ရန် ၂၀၁၀စက်တင်ဘာလ ၁ ရက်မှ စတင်၍လိုင်းဖွင့်ပေးခဲ့ကြောင်း နိုဝင်ဘာလ ၅ရက်မှစပြီး နေရာအချို့တွင် GSM မိုဘိုင်းများ စတင်အသုံးပြုနိုင်ခဲ့ရာ ထိုသို့အသုံးပြုနိုင်ရန်အတွက် GSM BTS ရေဒီယိုစခန်း ၁၁ ခုကို တည်ဆောက်ခဲ့ပြီး ဆက်လက်တိုးချဲ့လျက်ရှိကြောင်း သိရသည်။
CDMA 800 MHz ဖုန်း အမျိုးအစား အား Data ၊ အချက်အလက်၊ အလွယ်တကူ ပေးပို့နိုင်စေရန်အတွက် နေပြည်တော်၌ အသုံးပြုနိုင်စေရန် ဆောင်ရွက်နေပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးသုံးမြို့တွင် အဓိက သယ်ယူအသုံးပြုလာနိုင်မည့် ဖုန်းအမျိုးအစားဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

Comments

Popular posts from this blog

Zomi: Who They Are

Zomi Total population ca. 2,500,000 Languages Various Kuki , Mizo , Chin , Naga , Paite Religion Christianity , Animism , Buddhism , Laipian Related ethnic groups Naga , Meitei , Hmar , Mizo , Kuki Zomi [1] is the name of a major tribe found in various parts of South and South East Asia. The term Zomi meaning, Zo People [2] is derived from the generic name 'Zo', the progenitor of the Zomi. They are found in northwestern Myanmar, northeastern India and Bangladesh. Anthropologists classify them as Tibeto-Burman speaking member of the Mongoloid race. In the past they were little known by this racial nomenclature. They were known by the non-tribal plain peoples of Myanmar, Bangladesh and India as Chin, Kuki, or Lushai. Subsequently the British employed these terms to christen those 'wild hill tribes' living in the "un-admiral. They are Zomi not because they live in the highlands or hills, but are Zomi and call the...

CHIN, ZOMI, MIZO, ZO cihtawh kisai Debate

CHIN, ZOMI, MIZO, ZO cih minvai tawh kisai India gam aom ih mipihte kikupna, Debate bawlna hi. Sausimsim in alunglut velvelte bekin atawpdong simzo bekding hi. This is the outcome of the debate about our nomenclatures like Chin-Kuki-Mizo-Zomi on FaceBook – Zolengthe Group. The debate Vaphual shows that every one of us clearly know who we are – We are Zo, but some opined that Kuki nomenclature should be used as it is recognised nationaly and internationally. This is the starting point of the debate: Dear friends, MIZO=ZOMI, then is it something like both side of a coin? If it is so, then there is no chance of sitting under one administrative umbrella. Another Point: Mizo or Zomi ~ Which one should be the right word? I know You will say both. But according to Pu T. Gougin, Founder President of Zomi National Congress, “The land come first and then the people” therefore, it should be Zo… Mi….. that means Zo = Land and Mi = People. He further argued that MIZO is a wrong word; ...

Zawgyi KeyBoard Installer For Windows 7

Zawgyi Font for Bit 64 1. Firstly, install the file. The File is Zawgyi Font for Windows 7 . 2. Download this software, its a keyboard for  Zawgyi. 3. Go to "Text Services and Input Language" in Control Panel >>Fonts; and Select "Zawgyi Myanmar Unicode L" Then all will be ok! If you still have some problems on Bit 64, you can run Alpha Zawgyi and then, run the given file from Mediafire . That is "ZawGyil_amd64.msi, ZawGyil_i386.msi and ZawGyi_ia64.msi". Among all these three, you can choose whatever u wanna install, which of them is ok, that means you run one ".msi" file from the downloaded file. It will solve your problems. If you still have problem on installing Zawgyi keyboard on Windows 7, You add this IEZawgyiGtalkFont . Download this and run it. There will be ok! Zawgyi Keyboard Installer for Bit 32. Zawgyi Keyboard Installer for Bit 32 is to run Alphazawgyi only. If you run Alpha Zawgyi , everything is ok.