သမိုင်း

Theme images by Storman. Powered by Blogger.

Text Widget

Sports

Gadgets

Blog Archive

Travel

Definition List

Tuesday, December 21, 2010

၂၀၁၀ခုနှစ် အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် မာခ်ဇူကာဘာ့ဂ်အား Time မဂ္ဂဇင်းရွေးချယ်

ကမ္ဘာ့စာဖတ်ပရိသတ်အပေါ် ဩဇာကြီးမားသော မဂ္ဂဇင်းကြီးက Facebook၀က်ဘ်ဆိုက် ထူထောင်သူ ဇူကာဘာ့ဂ်နောက်တွင် Wikileaks၀က်ဘ်ဆိုက် ထူထောင်သူ ဂျူလီယန်အက်ဆန်ဂီ၊ အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ ဟာမစ်ကာဇိုင်းနှင့် ချီလီိနိုင်ငံမှ နှစ်လကျော်ကြာ မြေအောက်ပိတ်မိနေခဲ့သူ မိုင်းအလုပ်သမားများကို တစ်နှစ်တာ အကျော်ကြားဆုံး ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ပေးခဲ့
Posted on Dec 17 10 - 03:54 PM | Hits : 685
၂၀၁၀ခုနှစ် အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် မာခ်ဇူကာဘာ့ဂ်အား Time မဂ္ဂဇင်းရွေးချယ်
Time မဂ္ဂဇင်းက ယခုနှစ်၏ အထင်ရှားဆုံး လူပုဂ္ဂိုလ်အဖြစ် မာ့ခ်ဇူကာဘာ့ဂ်အား ရွေးချယ်သတ်မှတ်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့စာဖတ်ပရိသတ်အပေါ် ဩဇာကြီးမားသော မဂ္ဂဇင်းကြီးက Facebook၀က်ဘ်ဆိုက် ထူထောင်သူ ဇူကာဘာ့ဂ်နောက်တွင် Wikileaks၀က်ဘ်ဆိုက် ထူထောင်သူ ဂျူလီယန်အက်ဆန်ဂီ၊ အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ ဟာမစ်ကာဇိုင်းနှင့် ချီလီိနိုင်ငံမှ နှစ်လကျော်ကြာ မြေအောက်ပိတ်မိနေခဲ့သူ မိုင်းအလုပ်သမားများကို တစ်နှစ်တာ အကျော်ကြားဆုံး ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ပေးခဲ့သည်။ Time၏ အယ်ဒီတာ ရစ်ချတ်စတန်ဂယ်လ်က ကမ္ဘာ့အအောင်မြင်ဆုံး Social Networking ၀က်ဘ်ဆိုက်ဖြစ်သည့် Facebookမှ CEO တာဝန် ယူထားသူ ဇူကာဘာ့ဂ်သည် ၎င်း၏ မျိုးဆက်တွင် အထူးချွန်ဆုံး စွန့်ဦးတီထွင်သူ တစ်ဦးအဖြစ် ချီးကျူးခဲ့သည်။ ယခုအခါ Facebookကို ပုံမှန်သုံးစွဲနေသူ အရေအတွက်သည် သန်း(၆၀၀)နီးပါးထိ ရှိလာခဲ့သည်။ အကယ်၍ Facebookကို ပုံမှန်သုံးစွဲနေသူများအားလုံး စုစည်းပြီး နိုင်ငံတစ်ခုအဖြစ် စုစည်းသတ်မှတ်ပေးခဲ့ပါက ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံးနိုင်ငံတစ်ခု ဖြစ်လာနိုင်သလို တီရှပ်ကိုသာ အမြဲလိုလို ၀တ်ဆင်တတ်သူ ဟားဗက်တက္ကသိုလ်ကျောင်းထွက် ဇူကာဘာ့ဂ်သည် နိုင်ငံ၏ ပြည်သူများအကြောင်း ခြေခြေမြစ်မြစ် အသိဆုံး ခေါင်းဆောင်ဖြစ်လာမည်ဟု စတန်ဂယ်လ်က မှတ်ချက်ပြုခဲ့သည်။ နိုင်ငံတကာ အစိုးရများ၏ သံတမန်ရေးရာနှင့် ထောက်လှမ်းရေး ကေဘယ်လ်များကို ခြေရာခံ ဖော်ထုတ်ပြီး Wikileaks၀က်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့သူ ဩစတြေးလျနိုင်ငံသား အက်ဆန်ဂီသည်လည်း ကမ္ဘာ့မီဒီယာလောကကို အကိုင်လှုပ်နိုင်ဆုံး လူတစ်ဦးဖြစ်ခဲ့သော်လည်း တရားတဘောင်ကိစ္စများ၊ ၎င်း၏ လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး အမြင်ကွဲပြားမှုများကြောင့် အယ်ဒီတာအဖွဲ့က ဇူကာဘာ့ဂ်ကို ယခုနှစ်၏ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။



စတန်ဂယ်လ်က ဇူကာဘာ့ဂ်နှင့် အက်ဆန်ဂီတို့အား ယှဉ်တွဲသုံးသပ်ခဲ့ရာ “သူတို့နှစ်ယောက်က ဒင်္ဂါးတစ်ခုရဲ့ မျက်နှာပြင်နှစ်ဖက်နဲ့ တူနေတယ်။ ပွင့်လင်းပြီး အကွယ်အ၀ှက် မရှိတဲ့ အမြင်မျိုးကို တင်ပြချင်တဲ့ ဆန္ဒမျိုး ရှိသူတွေပါ။ အက်ဆန်ဂီဟာ အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီး အများပြည်သူ သိရှိအောင် လုပ်ပေးခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်ဟာ ကမ္ဘာ့နိုင်ငံအားလုံး အင်အားချိန်ခွင်လျှာ ညီမျှဖို့အတွက်ပါ။ ဇူကာဘာ့ဂ်ကတော့ လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို လိုလိုချင်ချင် ဝေမျှလာအောင် ဆွဲဆောင်ပေးခဲ့တယ်။ သူဟာ လူတွေအတွက် အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ပါ။ အက်ဆန်ဂီဟာ ကမ္ဘာကြီးကို စစ်မှန်မှုနဲ့ ဝေမျှမှုကို ပေးခဲ့တယ်။ ဇူကာဘာ့ဂ်ကတော့ တည်မြဲတဲ့ ခင်မင်ရင်းနှီးမှုအကြောင်း သင်ပြပေးခဲ့တယ်”ဟု ဖော်ပြသွားသည်။



ဇူကာဘာ့ဂ်သည် Timesမဂ္ဂဇင်း၏ တစ်နှစ်တာ အထင်ရှားဆုံး လူပုဂ္ဂိုလ်စာရင်းတွင် ဒုတိယ အသက်အငယ်ဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ Timesမဂ္ဂဇင်းက ပထမဆုံး တစ်နှစ်တာ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် ကြေညာခဲ့သူ လေယာဉ်မှူး ချားလ်စ်လင်းဘက်မှာ ယခုတိုင် အသက်အငယ်ဆုံးအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း သိရသည်။

Source: Yahoo

No comments:
Write comments