ကျပ်ငါးသိန်းတန်စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများတွင် အင်တာနက်အသုံးပြုခကို တစ်မိနစ်လျှင် ၄ ကျပ်နှုန်းဖြင့်သတ်မှတ်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်မိုဘိုင်းဖုန်းများအတွက် အင်တာနက်သုံးစွဲခွင့်ကို ဇန်န၀ါရီလ ၈ ရက်မှစတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး Download အမြန်နှုန်း 3.1 Mbps နှင့် Uploadအမြန်နှုန်း 1.8 Mbps အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါဖုန်းများတွင် အင်တာနက်သုံးစွဲနိုင်ရန်အတွက် မူလသုံးစွဲလျက်ရှိသော RUIM ကတ်အစား ဖုန်းနှင့်အင်တာနက်အသုံးပြုနိုင်သည့် RUIM ကတ်သို့ လဲလှယ်သုံးစွဲရမည်ဖြစ်သည်။ “RUIM ကတ်တွေကို ရန်ကုန်အလုံစီးပွားရေးဌာနစိတ်နဲ့ မန္တလေးတိုင်းမြန်မာ့ဆက်သွယ်ရေးရုံးတွေမှာ လဲလှယ်ပေးပါတယ်။ ကတ်လဲခအဖြစ် ငွေကျပ် ၃၀,၀၀၀ ပေးသွင်းရမှာပါ” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။ EVDO နည်းပညာဖြင့် အင်တာနက်အသုံးပြုနိုင်ပြီဖြစ်သော စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်မိုဘိုင်းဖုန်းလိုင်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြီးခဲ့သည့်နှစ်၊ ဇန် န၀ါရီလတွင် နယ်မြေကန့်သတ်ချက်ဖြင့် စတင်ချထားပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးသုံးမြို့သို့သာမက တစ်နိုင်ငံလုံးအနှံ့သယ်ဆောင်သုံးစွဲနိုင်ပြီဖြစ်သည်။ “စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဖုန်းတွေကို Roaming Network အနေနဲ့ ၄၅၀ ကွန်ရက်ရှိတဲ့မြို့တွေမှာ သုံးစွဲခွင့်ရအောင်ဆောင်ရွက်ပေးခဲ့ပါတယ်။ အခုလည်း ကွန်ရက်ကို 2.75 Genernation အဖြစ် အဆင့်မြှင့်တင်ပြီးတော့ အင်တာနက်သုံးလို့ရအောင် ဆောင်ရွက်ပေးခဲ့တာပါ။ ဖုန်းလိုင်းမိတဲ့နေရာတွေမှာ အင်တာနက်အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟု၎င်းကပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကထုတ်ပြန်သည့် တရားဝင်စာရင်းများအရ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများကို အလုံးရေနှစ်သိန်းခွဲအထိ အများပြည်သူသို့ ငှားရမ်းသုံးစွဲခွင့်ပေးပြီးဖြစ်ကြောင်းသိရသည်။
Tuesday, January 18, 2011
D' Leh စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဖုန်း အင်တာနက်သုံးစွဲခ တစ်မိနစ်လျှင် ၄ ကျပ်နှုန်း သတ်မှတ်မည်
Similar Posts
About Sianzun
Dei Gratius
Subscribe to:
Post Comments (Atom)
No comments:
Write comments