Skip to main content

Pu Vum Kho Hau Tangthu (သို့) စည်သူဒေါက်တာ ၀မ်ကိုဟော

(Ph.D) Cum Laude FRAI (Life) FRGS (Life) FRNS LONDON နိုင်ငံ့ဂုဏ်ဆောင်(ပထမအဆင့်)
Vum Kho Hau
သံအမတ်ကြီး(ငြိမ်း)
ပင်လုံစာချုပ်၊ အောင်ဆန်းကဲဘီနက်၊ နု-အက်တလီစာချုပ်
တွဲဖက် အတိုင်ပင်ခံ ၀န်ကြီး
Deputy Counselor
===================
စည်သူဒေါက်တာ ၀မ်ကိုဟောအား ၁၉၁၇ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ချင်းပြည်နယ်၊ တီးတိန်မြို့၊ ထုတ်လိုင်ကျေးရွာတွင် မွေးဖွားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် စစ်ကိုင်းမြို့အစိုးရ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ကာ ၁၉၃၇ မှ ၁၉၅၇ ထိ ချင်းတောင်တန်း ခရိုင်ရုံး၌ အမှုထမ်းခဲ့သည်။
စစ်ရုံးဖွဲ့စည်းခဲ့သော ချင်းစစ်ဝန်ထမ်းတပ်ဖွဲ့တွင်တပ်ရေးနှင့် ထောက်လှန်းရေးအရာရှိ၊ ဒုတိယအကြီးအကဲ၊ ချင်းတောင်တန်း ခရိုင်ဝန်နှင့် ဂျပန်တော်လှန်ရေးတွင် ချင်းအမျိုးသားများကို ခေါင်းဆောင်ခဲ့သည်။
၁၉၄၇ ခုနှစ် ပင်လုံညီလာခံတွင် ချင်းအမျိုးသား ကိုယ်စားလှယ်ခေါင်းဆောင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အဖွဲ့ဝင်၊ အစိုးရအဖွဲ့ ချင်း ရေးရာ အကြံ ပေးအဖြစ် လုပ်ကိုင်ခဲ့ပြီး၊ နုအက်တလီ စာချုပ် ချုပ်ဆို ရန်အတွက် လန်ဒန်သို့ သွားရောက်ရာတွင် ပါဝင်ခဲ့သည်။
လွတ်လပ်ရေးရပြီးနောက် နိုင်ငံခြားရေးရာဌာန ဒုတိယအတွင်းဝန်၊ သံတမန်ရေးရာ ကောင်စစ်ရေးရာ၊ ကမ္ဘာ့ ကုလ သမဂ ဌာနခွဲ ဦးစီးအရာရှိ၊ 1955 ခုနှစ်မှ စပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲခြင်းခံရသော သံအမတ်ကြီးအဖြစ် ပြင်သစ်၊ ကမ္ဘောဒီးယား၊ သြစတြီးးယား နှင့် ဟန်ဂေရီနိုင်ငံတို့တွင် တာဝန်ထမ်းဆောင် ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။Daw Tina Han @ Nu Mang Kho Ciin နှင့် လက်ထပ်ခဲ့ပြီး သားသုံးယောက် သမီး ငါးယောက်ထွန်းကားခဲ့သည်။
စည်သူဒေါက်တာ ဦးဝမ်းကိုဟောသည် သိက္ခာတော်ရဆရာ Revd. Za Khup & Pi Ciang Zam တို့၏ သားသုံးဦး၊သမီး လေးဦးအနက် ကြီးသြ ရသဖြစ်ပြီး 1917ခုနှစ် မတ်လ 17ရက်၊ သန်းခေါင်ယံ မနက် 22:00 AM တွင် မွေးဖွားခဲ့သည်။ မွေးဇာတိမှာ ချင်းပြည် နယ်၊ တီးတိန်မြို့၊ ထုတ်လိုင်ကျေးရွာ ဖြစ်သည်။ ဖခင် Revd. Za Khup သည် ဘုရားအမှုတော် ဆောင်ရင်း မိမိလူမျိုးများ၏ ပညာရေးအတွက် တစ်ဖက်တစ်လမ်းမှ စာပေသင်ကြားပေးသော ကျောင်းအုပ်ဆရာကြီး တစ်ပါး လည်းဖြစ် သည်။ ဆရာကြီး ဇခုပ်၏ ကြိုးပန်းဂုဏ်ပြုသောအားဖြင့် jan 1st, 1936 ခုနှစ် တွင် Governor of Burma H.L Stephenson K.C.S.I, K.C.I.E မှ Certificate of Good Service ကို ချီးမြှင့်ခံခဲ့ရသည်။
(1) ဖခင်ကြီး၏ အိပ်မက်။
စည်သူဒေါက်တာ ဦးဝမ်းကိုဟော၏ မိဘနှစ်ပါးမှာ ၁၉၁၆ ခုနှစ်တွင် အိမ်ထောင်ပြုခဲ့ကြသည်။ ပထမသားဦးဖြစ်သည့် စည်သူဒေါက်တာ ဦးဝမ်းကိုဟောမွေးခါနီးတွင် ဖခင်ကြီးက အိမ်မက်တစ်ခုမက်ခဲ့သည်။ ယင်းအိပ်မက်မှာ ခြေရင်းအိမ် (U Tuang Ko Thang ၏ ဖခင်) က အလွန်ကောင်းသော ခါးချိတ်ဓါး (Kawng naam) များ လာရောင်းရာ ၄င်းဓါးများမှ အကောင်းဆုံးဓါးကို ၀ယ်ယူခဲ့သည် ဟု မြင်မက်ခဲ့သည်။ မိမိတို့အယူဆအရ အလွန်ကောင်းမွန်သော အိမ်မက်တစ်ခုဖြစ် သည်။ ထို့ကြောင့် ဦးဝမ်းကိုဟောသည် မိမိ နာမကျန်းဖြစ်ချိန်၊ ဆင်းရဲဒုက္ခရောက်ချန်များတွင်...
"ငါမသေနိုင်သေး၊ ငါ..ပစ္စည်းဥစ္စာရှာဖွေစုစောင်းရဦးမယ်၊ ငါ..ချမ်းသာရဦးမယ်၊ လူပေါ်လူဇော်ဖြစ်ဦးမယ်" ဟု ဖခင်ကြီးအိပ်မက်ကို အောက်မေ့ လျက် အမြဲခွန်အားရမိပါကြောင်း ပြောလေ့ရှိသည်။
(2) ပညာသင်ကြားခြင်း။
ငယ်ရွယ်စဉ်ကပင် တစ်မူထူးခြားသည်။ အားကစားမှအစ ပညာရေးတွင် ထူးခွန်သည်။ ဖခင်ကြီးတာဝန်ထမ်းဆောင်ရာ Khuasak ရွာ ABM (American Baptist Mission) ကျောင်းတွင် ပညာ စတင်သင်ကြားခဲ့ပြီး အလယ်တန်းကို တီးတိန်၊ ဖလမ်းမြို့ အလယ်တန်းကျောင်းတွင်၎င်း၊ ထိုမှတဆင့် Scolar-ship ရရှိကာ စစ်ကိုင်းမြို့ အစိုးရ အထက်တန်းကျောင်း တွင် အထက်တန်းအောင်မြင်ခဲ့သည်။ တက္ကသိုလ်ဝင်တန်းတွင် အင်္ဂလိပ်၊ ပထ၀ီ၊ သမိုင်းဘာသာရပ်များအား ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
(3) နိုင်ငံ့ဝန်ထမ်း စတင်ခြင်း။
အထက်တန်းအောင်မြင်ပြီး ဖလမ်းမြို့ ချင်းတောင်တန်းဒေသဆိုင်ရာ အင်္ဂလိပ်အရေးပိုင်ရုံတွင် လက်ရေးတို ရုံးအုပ်စာရေးကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ (4) ဂျပန်စစ်ခေတ် ချင်းတော်လှန်ရေးတွင်ပါဝင်ခြင်း။
ဒုတိယကမ္ဘာစစ်ကာလ ဂျပန်စစ်ငွေ့စတင်လွှမ်းလာချိန်တွင် မြန်မာနိုင်ငံကိုလည်း ဂျပန်စစ်တပ်မှ သိမ်းပိုက်စပြုလာပြီး အရေးပိုင် ဗိုလ်မှူးကြီးနေလာ (Col. Naylar CBE) နှင့် ဗိုလ်မှူးကြီးစတီဗင် (Maj. Stevenson) တို့မှ ဥိးဆောင်သော ချင်းလဲဗီး (Chin Levies) တပ်တွင် Dr. Vum Ko Hau သည် ခေါင်းဆောင်တစ်ယောက်အဖြစ်ပါဝင်ပြီး ချင်းတောင်တန်း စစ်မြေပြင် အ သီးသီးတွင် တိုက်ပွဲဝင်ကာ Maj. Stevenson မှ 1943ခုနှစ်၊ အောက်တိုဘာ 20ရက်နေ့တွင် ယာယီ စစ်ဦးစီး ဗိုလ်မှူး (Staff Major) အဖြစ် ၁၉၄၃ခုနှစ်၊ အောက်တိုဘာ (၂၀)ရက် တွင် ချီးမြင့်ခဲ့သည်။
အင်္ဂလိပ်မဟာတင်ပေါင်းစုကို ဦးစီးသော အရှေ့တောင်အာရှ စစ်သေနာပတိချုပ် Lord Mount Batten သည် တီးတိန်မြို့တွင် ချင်းတော်လှန်ရေးခေါင်းဆောင် ဦးဝမ်းကိုဟော (Dr. Vum Ko Hau) အား တွေ့ဆုံပြီး အမှတ်တရဓာတ်ပုံနှင့် ငွေစီးကရက် တစ်ဗူးအား ချီးမြှင့်ခဲ့သေးသည်။
(နယ်ချဲ့အင်္ဂလိပ်မှ အထက်မြန်မာပြည်ကို သိမ်းပိုက်လာသောအခါ ချင်းပြည်နယ် Sizaang ဒေသမှ သူ့ကျွန်မခံ အရှုံးမပေး တော်လှန်တိုက်ခိုက်ခဲ့ကြသည်။
Sizaang နယ်သည် မျိုးချစ်စိတ်ဓာတ်ပြင်းပြသော ချင်းတော်လှန်ရေးခေါင်းဆောင် Bo Khai Kam နှင့် တိုက်သူကြီး Pu Khup Lian (Dr. Vum Ko Hau ၏အဖိုး) တို့အပါအ၀င် သူရဲကောင်းများ ပေါက်ဖွားရာ ဘူမိနက် သန်အောင်မြေ အဖြစ် အစဉ်အလာကြီးမားသောဒေသဖြစ်ရာ Sir. George White, V.C Commader in Cheif of Upper Burma မှ "The most difficult enemy to see or hit I ever fought" ဟု အင်္ဂလိပ် စစ်သမိုင်းတွင် မှတ်တမ်း တင်ခဲ့သည်။ ဒုတိယအကြိမ် အင်္ဂလိပ်မြန်မာ စစ်ပွဲကာလတွင် Victoria Cross (V.C) ချီးမြင့်ခံရသူနှစ်ဦးရှိရာ တစ်ဦးမှာ Sizaang နယ်တိုက်ပွဲတွင် ပါဝင်ခဲ့ဖူးသည်။)
(5) ပင်လုံညီလာခံ (Historic Panglong Conference) သို့တက်ခြင်း။
အမိမြေပေါ်မှ ဖက်ဆစ်ဂျပန်တို့အား တွန်းလှန်တိုက်ခိုက်ပြီးနောက် ဗြိတိသျှကိုလိုနီအစိုးရသည် မြန်မာနိုင်ငံကို ပြန်လည် သိမ်းပိုက်ကာ နယ်ချဲ့အုပ်ချုပ်ရေးစနစ်ကို ဆက်လက်ကျင့်သုံးလာရာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော တိုင်းရင်းသား လွတ်လပ်ရေးကြိုးပန်းမှုမှာလည်း ပိုမိုကြီးထွားလာခဲ့သည်။
ဦးဝမ်းကိုဟော (ဂျပန်ခေတ် CDA Chairman) သည် စစ်ကိုင်းအစိုးရအထက်တန်းကျောင်းမှ ကျောင်းနေဖက် သူငယ်ချင်း များဖြစ်ကြသော ဗိုလ်ခင်မောင်လေး (နောက်ပိုင်း - ပြည်ထဲရေးဝန်ကြီး) သခင်သာခင် တို့နှင့် မြန်မာ့လွတ်လပ်ရေးအတွက် အမြဲတမ်း လှို့ဝှက်စာ အဆက်သွယ်ရှိခဲ့ရာ 1947ခုနှစ်တွင်ကျင်းပမည့် ပင်လုံညီလာခံသတင်းကို ကြိုသိထားပြီးဖြစ်သည်။ ထို့ပြင် ယင်းညီလာခံတွင် တက်ရောက်မည့် ချင်းတောက်တန်းဒေသဆိုင်ရာ အင်္ဂလိပ်အရေးပိုင် De Glanville မှ ရွေးချယ် မည့် ကိုယ်စားလှယ်များမှာ အင်္ဂလိပ်အလိုတော်ရှိ တိုက်သူကြီး (Cheif) များသာဖြစ်မည်၊ မိမိအား ကိုယ်စားလှယ်အဖြစ် ရွေး ချယ်မည် မဟုတ်ကြောင်း ကြိုတင်ရိပ်မိသောကြောင့် မိမိဒေသတွင် ဖွဲ့စည်းထားသော The Siyin War Council နှင့် တိုင်ပင်ခဲ့သည်။ he Siyin War Council ၏ ညှိနှိုင်းဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်နှင့်တွေ့သောအခါ . . .
1) ဂျပန်ဖက်ဆစ်အစိုးရ၏ လက်အောက်တွင် ပါဝင်သော CDA, BDA နှင့် မျိုးချစ်တပ်မတော်သားများအား အင်္ဂလိပ်အစိုးရ ပြန်ဝင်လာသောအခါ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေနှင့် မတရားဖမ်းဆီးအရေးယူပြီး ထောင်ဒါဏ်၊ တစ်သက်တစ်ကျွန်းဒါဏ် စီရင်ခြင်းအပေါ် ခေါင်းဆောင်တစ်ဦးအနေနှင့် တာဝန်ရှိသဖြင့် ဗိုယ်ချုပ်အောင်ဆန်းနှင့် တိုင်ပင်ကာ ၄င်းအကျဉ်းသားများ ပြန် လည် လွတ်မြောက်ရေး ။
2) 1944 ခုနှစ် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် စတင်ဖွင်လှစ်သော ထုတ်လိုင်အထက်တန်းကျောင်းကို အစိုးရအထက်တန်းကျောင်းအဖြစ် အသိမှတ်ပြုနိုင်ရေးဟူသော အချက်(၂)ချက်တင်ပြရန်ဖြင့် စီးယင်းချင်း စစ်ကောင်စီနှင့် ချင်းအမျိုးသားလွတ်လပ်ရေးအဖွဲ့ ကိုယ်စားပြုကာ မိမိစရိတ်ဖြင့် ပင်လုံသို့သွားခဲ့ခြင်းဖြစ်သည်။
ဥိးဝမ်းကိုဟောသည် ရရှိသောအခွင့်အရေးကို တန်ဖိုးရှိစွာအသုံးချပြီး ချင်းတောင်တန်းဆိုင်ရာ အရေးပိုင် De Glanville မှ စေလွှတ်သော တိုက်သူကြီး Chief Hlur Hmung (Falam), Chief Thawng Za Khup (Tedim), Chief Kio Mang (Hakha) တို့နှင့် ပင်လုံညီလာခံတွင် ကြိုတင်တွေ့ဆုံညှိနှိုင်းကာ ဖဆပလ ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၏ စီစဉ်ပေးခြင်းအရ ညီလာခံကိုယ်စားလှယ် တစ်ဦးအဖြစ် ပါဝင်ဆွေးနွေးခွင့်ရခဲ့သည်။ ချင်းကိုယ်စားလှယ်(၃)ဦးမှာ ဘာသာစကား ခက်ခဲမှု ကြောင့် သူတို့၏ ကိုယ်စား 1947ခုနှစ် ဖေဖ၀ါရီလ 12ရက်နေ့ ညစာစားပွဲတွင်လည်း မိန့်ခွန်းပြောခဲ့ရသည်။
(6) ပင်လုံစာချုပ်မူကြမ်း
ဖဆပလ ဥကဌ တာဝန်ပေးချက်အရ ပင်လုံစာချုပ် မူကြမ်းကို
1. U Sang Sam (B.A) - Shan
2. Maj. Shan Lung- Kachin
3. U Vum Ko Hau (ချင်းတော်လှန်ရေးခေါင်းဆောင်) တို့မှ ဦးဆောင် ကနဦး ရေးဆွဲပြီး၊
4. ဦးစောစံထွန်း
5. ဦးစောရွှေသိုက်
6. ဦးဒူးဝါးဇော်လွန်း
7. ဦးကြာပု
8. ဦးလဗန်ဂရောင် တို့နှင့် ညှိနှိုင်းအတည်ပြုခဲပါသည်။
ယင်းမူကြမ်းတွင် ရှမ်းနှင့် ကချင်ကိုယ်စားလှယ်များ၏ လိုလားချက်အရ ပြည်နယ်ရရှိရေးနှင့် ခွဲထွက်ပိုင်ခွင့် ရရှိ ရေးများ ပါရှိ သဖြင့် ဗိုလ်ချုပ်နှင့် ညှိနှိုင်းမရဘဲ ဆွေးနွေးပွဲပျက်ပြယ်မည့်အခြေအနေဆိုက်လာလေသည်။ ယင်း အခြေအနေအား " တောင် တန်းမြေပြန့် ဆွေးနွေးပွဲ ပျက်ပြီ။ ဗိုလ်ချုပ်ပြန်တော့မယ် " ဟု မှတ်တမ်း တင် ထားသည်ကိုလည်းတွေ့နိုင်သည်။ ညှိနှိုင်းပွဲပျက်သွားပြီဟူသော သတင်းသည် တောမီးပမာ တမဟုတ်ခြင်း ပျန့်နှံ့သွားကာ ပွဲခင်းထဲရှိ ကြားရသူတိုင်း လှုပ်ရွရွဖြစ်ကုန်ကြ၏။ နယ်ချဲ့စေပါးများမှာမူ အောင်ပွဲခံနေကြ၏။ ဦးဝမ်းကိုဟော ဦးဆောင်သော ချင်းကိုယ်စားလှယ်အဖွဲ့သည် ဆွေးနွေးပွဲ အပျက်မခံနိုင်။ချင်းတို့အနေနှင့် . . .
(၁)မြန်မာပြည်မှ ဘဏ္ဍရေးအကူညီအား ဗြိတိသျှတို့ ထက်ပိုရန်၊
(၂)စီးပွားရေးနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကူညီပေးရန်၊
(၃)ချင်းသေနတ်ကိုင်တပ်ရင်းများ ဆက်လက်တည်တံ့ရန် စသည်တို့ကိုသာ အဓိကထားတင်ပြကြသည်။
ဗိုလ်ချုပ်နှင့် ဦးဝမ်းကိုဟောတို့ နှစ်ကိုယ်တူကြား ဆွေးနွေးကြရာဝယ် ကျေနပ်ဖွယ်ရာအဖြေကို နှစ်ဦးနှစ်ဖက် ရရှိပြီးဖြစ် သည်။ ချင်းပြည်နယ်တည်ထောင်ရေးကိုမူ စုံစမ်းရေးကော်မရှင်(သို့) တိုင်းပြုပြည်ပြုလွှတ်တော်ကျမှ စဉ်းစားဆုံးဖြတ်ကြရန် သဘောတူပြီး ဖြစ်နေသည်။ သို့ဖြစ်၍ ချင်းကိုယ်စားလှယ်များ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် သဘောတူညီ ချက် လက်မှတ် ရေးထိုးရန် အဆင်သင့်ဖြစ်နေပေပြီ။ ချင်းတို့၏ သဘောထားကို ဦးဝမ်းကိုဟောက မိုင်းပွန်စော်ဘွား စပ်စံထွန်း အား ပြောပြသောအခါ ချင်းတို့အနေနှင့် အလောတကြီး လက်မှတ်မထိုးကြရန် နှင့်ကချင်တို့တက်ရောက်မည့် အစည်းအ ဝေးတွင် တင်ပြရှင်းလင်းရန် တောင်းပန်တားဆီးခဲ့သည်။ ထိုအခြေအနေရောက်မှ ဦးဝမ်းကိုဟောသည် ကိုယ်စား လှယ်အဖွဲ့တွင် ပြန်လည်ညှိ နှိုင်းသောအခါ သဘောတူညီမှုရရှိပြီး နောက်ဆုံး ပင်လုံစာချုပ်ကြီးချုပ်ဆိုနိုင်ခဲ့သည်။
(7) စာချုပ်လက်မှတ် ရေးထိုးခြင်း။
ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း၏ မူရင်းပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သူ ချင်းကိုယ်စားလှယ်များမှာ အင်္ဂလိပ်နယ်ခြားအုပ်ချုပ်ရေးဌာနမှစေလွှတ်သော U Hlur Hmung (Falam), U Thawng Za Khup (Tedim), U Kio Mang (Hakha) တို့ ဖြစ်ကြသည်။
အထူးတင်ပြလိုသည်မှာ ဦးဝမ်းကိုဟောသည် အင်္ဂလိပ်လက်အောက်တွင် တာဝန်ထမ်းဆောင်ဆဲ ဖြစ်သော ကြောင့် တင်းကြပ်သော ၀န်ထမ်းစည်းမျဉ်းအရ 1947ခုနှစ် ဖေဖ၀ါရီလ 12ရက်နေ့တွင် လက်မှတ် ရေးထိုးခြင်းမရှိခဲ့ပါ။ ဗိုလ်ချုပ်အောင်ဆန်းမှ ဦးဝမ်းကိုဟောအနေဖြင့် လက်မှတ်ရေးထိုးပါက အစိုးရ(အင်္ဂလိပ်) အမှုထမ်းအဖြစ်မှ နှုတ်ထွက်ခြင်းမရှိသေးသောကြောင့် အရေးယူခံရမည်ဖြစ်၍ ၀န်ထမ်းအဖြစ်မှ နှုတ်ထွက်ပြီး၊ ဒုတိယ အတိုင်ပင်ခံ (ချင်းရေးရာဝန်ကြီး) အဖြစ်အရွေးခံပြီးမှ လက်မှတ်ရေးထိုးရန်၊ အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲစဉ်ကလဲ လွတ်လပ်ရေးအတွက် ကြိုးပန်းမှုတွင် ပါဝင်သော ပုဂ္ဂိုလ်အသီးသီးအား သမ္မတေ၇ျာ့ဝါရှင်တန်က ခွင့်ပြုထားသကဲ့သို့ ယခု ပင်လုံစာချုပ်ကိုလည်း အချိန်မရွေး လက်မှတ်ရေးထိုးနိုင်ကြောင်း အကြံပြုလမ်းညွှန်ထားသည်။ ထိုသို့ ချင်းတောင်တန်း အရေးပိုင် ရုံးမှ နှုတ်ထွက်၍ 15/3/1947 နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဒုတိယအတိုင်ပင်ခံဝန်ကြီး (ချင်းရေးရာဝန်ကြီး) အဖြစ် ရွေးချယ် ခန့်အပ်ခြင်းခံရပြီး 21/3/1947 နေ့တွင် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်ထံ၌ လက်မှတ်ရေးထိုးခဲ့သည်။
တက္ကသိုလ်နေ၀င်း ( (ဗိုလ်ချုပ်အောင်ဆန်းကိုယ်ရေးအရာရှိ) က 12/2/1995 နေ့ထုတ်ကြေးမုံသတင်းစာ "48 နှစ်မြောက် ပြည်ထောင်စုနေ့ ပင်လုံရှုခင်း" ဆောင်းပါးတွင် ကျွန်တော်ကိုယ်တိုင် ဗိုလ်ချုပ်ထံတွင် ရှိသော ပင်လုံစာချုပ် လက်မှတ်ရေး ထိုးသူများစာရင်းတွင် ဦးဝမ်းကိုဟော(ချင်းတော်လှန်ရေးခေါင်းဆောင်)၏ အမည်ကို တွေ့ရှိကြောင်း" ထည့်သွင်းရေးသားဖော်ပြခဲ့ပါသည်။
ဦးဝမ်းကိုဟော ချင်းရေးရာဝန်ကြီးဖြစ်လာသောအခါ U Thawng Cin Thang (နောက်ပိုင်းတိုင်းမင်းကြီး) အား ဦးဝမ်းကိုဟော၏ ကိုယ်ရေးအရာရှိနှင့် အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။
ပင်လုံစာချုပ် ချုပ်ဆိုပြီးသည့်အခါ ဦးဝမ်းကိုဟော တင်ပြခဲ့သည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းကလဲ အစိုးရအဖွဲ့အာဏာဖြင့် ထောင်ဒါဏ်တစ်သက်တစ်ကျွန်းခံရသူများကို အလျင်အမြန် လွတ်ငြိမ်းချမ်းသာခွင့်ရအောင် ချက်ချင်းဆောင်ရွက်ပေး သည့် အပြင် မျက်နှာဖြူနယ်ခြားအုပ်ချုပ်ရေးဝန် အရေးပိုင် Sde Glanville အား ပင်လုံညီလာခံအပြီး (၅) ရက်အတွင်း ရာထူးမှ ရပ်စဲလိုက်သည်။ ထို့ပြင် မိမိရပ်ရွာဖြစ်သော ထုတ်လိုင် (Old Fort White) နယ်တွင် ကိုယ်ထူကိုယ်ထတည်ထောင်ခဲ့ပြီး၊ ဖက်ဆစ်ဂျပန်အစိုးရ လက်ထက်ကတည်းက အသိမှတ်ပြုခြင်းခံခဲ့ရသော အထက်တန်းကျောင်းကို နိုင်ငံတော် အစိုးရ အသိအမှတ်ပြု ကျောင်းအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုချက်ကိုလည်း ဗိုလ်ချုပ် မှ ချက်ခြင်း အသိအမှတ်ပြုပေး ခဲ့ခြင်း များမှာ ပင်လုံမှ ရလဒ်များပင်ဖြစ်သည်။
(8) နိုင်ငံ့ကိုယ်စား ဆောင်ရွက်ချက်များ
(၁) အောင်တန်းစုံစမ်းရေး ကော်မရျင်တွင်ပါဝင်ခြင်း။
ပြည်နယ်ပြည်မ ပူးပေါင်း၍ လွတ်လပ်ရေးအရယူရန် ပင်လုံညီလာခံတွင် သဘောတူညီခံ့ကြသော်လည်း အင်္ဂလိပ်အစိုးရက ပြန်လည် ချေဖျကနိုင်လိမ့်မည်ဟု ယုံကြည်သဖြင့် Lt. Col. Rees William ခေါင်းဆောင်သော တောင်တန်းဒေသ စုံစမ်းရေး ကော်မရှင် (Frontier Area Inquiry Commission) တစ်ရပ် ဖွဲ့စည်းရာတွင် အဖွဲ့ဝင်များအဖြစ် မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း (ရှမ်း)၊ ဆမားဒူ ၀ါဆင်ဝါနောင် (ကချင်)၊ ဦးဝမ်းကိုဟော(ချင်း)၊ စောစံကေး (သံလွင်ခရိုင် ကိုယ်စားလှယ်၊ ကေအင်ယူ အဖွဲ့) နှင့် မြန်မာကိုယ်စားလှယ်များ ပါဝင်ကြသည်။ ကော်မရှင် အဖွဲ့ဝင်များဦးဆောင်မှုဖြင့် ပြည်နယ်ပြည်မ ပူးပေါင်း၍ လွတ်လပ်ရေးရရှိကြခြင်းဖြစ်သည်။
(၂) 1947 ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရာတွင် ပါဝင်ခြင်း။
1947 ပင်လုံညီလာခံ ဆုံးဖြတ်ချက်များအရ တစ်နှစ်အတွင်း လွတ်လပ်ရေးရရှိရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲ ရာတွင် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၊ ဗဟိုကော်မတီ၌ ချင်းကိုယ်စားလှယ်များအဖြစ် (၁) ဦးဝမ်းကိုဟော (၂) ဦးဆ၀စ် (၃) ကပ္ပတိန်မန်တုန်းနုန်း တို့ပါဝင်ပြီး နိုင်ငံတော်သီချင်းနှင့် နိုင်ငံတော်တံဆိပ်ကော်မတီတွင် ဦးဝမ်းကိုဟောလည်း တစ်ဦးအပါ အ၀င်ဖြစ်သည်။ ၄င်းကော်မတီမှ စပ်ဆိုထားသော သီချင်း (Anthem) ကို ယခုတိုင် ကျင့်သုံးဆဲဖြစ်သည်။ ထို့ပြင် အခြေခံ ဥပဒေ အချောကိုင် ကော်မတီတွင်လည်း ပါဝင်ခဲ့သည်။
(၃) နုအက်တလီစာချုပ် ရေးဆွဲရာတွင် ပါဝင်ခြင်း။
1947 ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးနောက် မြန်မာ့လွတ်လပ်ရေးအတွက် နုအက်တလီစာချုပ် ရေးဆွဲရန် လန်ဒန်မြို့သို့ ရေယာဉ်ခရီးဖြင့် သွားရောက်ခဲ့သော မြန်မာကိုယ်စား
ဝမ်းကိုဟော
လှယ်(၅)ဦးမှာ
1) ဦးတင်ထွဋ်
2) ဦးမန်းဝင်းမောင် (ကရင်)
3) ဦးဝမ်းကိုဟော (ချင်းဝန်ကြီး)
4) စပ်ခွန်ချို (ရှမ်း)
5) ဗိုလ်မှူးအောင် (ဖဆပလ ဒုဥက္ကဌ) တို့ဖြစ်ကြသည်။
နုအက်တလီစာချုပ်မူကြမ်းရေးဆွဲရာတွင် ဗြိတိသျှအစိုးရဘက်မှ ဘဏ္ဍာရေးဝန်ကြီး Dr. Hugh Dalton က Domination အဖွဲ့ဝင် နိုင်ငံမဟုတ်သောကြောင့် ဂျပန်စစ်အတွင်း ဂျပန်များပြန်လည်မောင်းထုတ်၍ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား ပြန်လည် သိမ်းပိုက်ရာ၌ ကုန်ကျငွေပေါင် ( Pound) သန်းပေါင်း 40 ကို ပေးလျော်နိုင်မှသာ လွတ်လပ်ရေးကို ပေးမည်ဟု တင်ပြလာပါသည်။ ဥိးဝမ်းကိုဟောမှ မြန်မာနိုင်ငံမှ ဂျပန်ကို ပြန်လည်တိုက်ထုတ်စဉ်က ဗြိတိသျှတစ်ခုတည်းမဟုတ်ပဲ BDA, BIA တပ်များ၊ ချင်းတော်လှန်ရေးတပ်များပါ အသက်ပေါင်းများစွာ ပေးလှူ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥိးဝမ်းကိုဟော ကိုယ်တိုင် ဦးဆောင်သော ချင်းတော်လီန်ရေးတပ်မှလည်း အသက်ပေါင်းများစွာ စတေးခဲ့ကြောင်း၊ အရှေ့တောင်အာရှဆိုင်ရာ စစ်သေနာပတိချုပ် Lord Mount Batten မှ စစ်နိုင်မှုကြောင့် ချီးမြှင့်သော စာရွက်စာတမ်း၊ ဓာတ်ပုံအထောက်ထားများပြသောအခါ ပေပါင်သန်းပေါင်း (၁၅)သန်းကျော် လျော့၍ ကျန်ငွေကို 1952ခုနှစ်မှစ၍ အတိုးမဲ့ (၁၂) ကြိမ် အရစ်ကျ ပေးဆောင်ရန် နောက်ဆုံးသဘောတူညီမှု ရရှိနိုင်သဖြင့် စာချုပ်လက်မှတ် ရေးထိုးရန် အသင့်ဖြစ်၁်၍ ရန်ကုန်မြို့မှ စောင့်နေသော သခင်နုနှင့် ဗိုလ်လက်ျာတို့ကို ကြေးနန်းရိုက်ခေါ်ပါသည်။ 1947ခုနှစ် လန်ဒန်မြို့ အမှတ်(၁၀)၊ ဒေါင်းနင်းလမ်း၌ ကျွန်ဘ၀မှ လွတ်မြေညက်သော နုအက်တလီစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့သည်။
၁၉၅၇ခုနှစ် လန်ဒန်မြို့တွင်ကျင်းပသော နုအက်တလီစာချုပ် (၁၀)နှစ်မြောက် အထိမ်းအမှတ်အစည်းအဝေးတွင်လည်း မြန်မာနိုင်ငံ ၀န်ကြီးချုပ်ကိုယ်စား ဦးဝမ်းကိုဟော တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသေးသည်။
(၄) ကမ္ဘာ့သမိုင်းဝင် ဘန်ဒုန်းမူ (၅)ချက်။
လွတ်လပ်ရေးရပြီး ၀န်ကြီးချုပ်ဦးနုသည် အိမ်နီးနားနိုင်ငံများနှင့် ရရှိရန်ရည်ရွယ်လျက် ၁၉၅၅ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒုန်း မြို့တွင် ကျင်းပသော အာရှ၊ အာဖရိက ညီလာခံကြီးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့ သည်။ အီဂျစ်နိုင်ငံ သမ္မတနာဆာ၊ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၊ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် နေရူး၊ မြန်မာနိုင်ငံ ၀န်ကြီးချုပ် ဦးနု တို့ ပါဝင်တက်ရောက်သော အစည်းဝေးဖြစ်မြောက်ရေးအတွက် ဦးဝမ်းကိုဟောမှ သီးဆောင်တာဝန်ယူပြီး အကြိုညှိနှိုင်းဆွေး နွေးပွဲတွင် နိုင်ငံတကာမှ နိုင်ငံတနိုင်ငံနှင့်တနိုင်ငံအကြား စောင့်ထိန်းရမည့်မူ (၅)ချကိကို သဘောတူညီမှု ရရှိသဖြင့် သမိုင်း ၀င် ဘန်ဒုန်းမူ (၅)ချက် (The Five Principle of Bandung) ကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
(5) ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံကြီးသို့ တက်ရောက်ခြင်း။
နိုင်ငံတော်ဝန်ကြီးချုပ်၏ တာဝန်ပေးချက်အရ ၁၉၅၃ခုနှစ်၊ ၁၉၆၄ ခုနှစ် နှင့် ၁၉၆၅ ခုနှစ်များတွင် နယူးယောက်မြို့တွင် ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂညီလာခံကြီးသို့ မြန်မာနိုင်ငံအစိုးရကိုယ်စား တက်ရောက်မိန့်ခွန်းပြောခဲ့သည်။
(၆)ဘန်ဒုန်းညီလာခံ (၁၀) နှစ်မြောက်သို့ တက်ရောက်ခြငိး။
၁၉၆၃ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ဘန်ဒုန်းညီလာခံ (၁၀) နှစ်မြောက်အထိမ်းအမှတ်ပွဲတွင် မြန်မာနိုင်ငံ ၀န်ကြီးချုပ်ကိုယ်စား တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
(၇)အင်ဒိုနီးရှားနိုင်ငံအား ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်ဝင်ရောက်နိုင်ရန် ဆောင်ရွက်ပေးခြင်း
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂနိုင်ငံမှ နှုတ်ထွက်ပြီးနောက် Dutch အစိုးရနှင့် အကြီးအကျယ် ပဋိပက္ခဖြစ်ပွားကာ အင်ဒိုနီးရှားခေါင်းဆောင် ဒေါက်တာ မဟာမက်ပါတားနှင့် ၀န်ကြီးချုပ်တန်စီးယားတို့အား Dutch အစိုးရမှ ဖမ်းဆီးသည်ကို ဦးဝမ်းကိုဟောမှ သတင်းကြားလျှင် ကြားချင်း ၀န်ကြီးချုပ်ဦးနုထံ တင်ပြ၍ ၀န်ကြီးချုပ်ဦးနုမှ အာရှ အရေးပေါ်အစည်း အဝေး ခေါ်ယူပြီး Dutch အစိုးရအား ရှုံ့ချကာ အင်ဒိုနီးရှားခေါင်းဆောင်ကြီးများ ပြန်လည်လွတ်မြောက်ခဲ့သည်။ ၎င်းအပြင် ဦးဝမ်းကိုဟော နိုင်ငံခြားရေးဝန်ကြီး ဌာနတွင် တာဝန်ထမ်းဆောင်စဉ်က ခင်မင်ရင်းနှီးခဲ့သော ဦးသန့်(UN Secretary) နှင့် တိုင်ပင်၍ အင်ဒိုနီးရှားနိုင်ငံအား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်နိုင်ရန် ဆောင်ရွက်ပေးခဲ့ပါသည်။
(9) နိုင်ငံတော်မှ ဂုဏ်ပြုခြင်း
(၁)စည်သူဘွဲ့ရရှိခြင်း
ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရမှ ဦးဝမ်းကိုဟောအား 1948ခုနှစ်၊ ဇန်န၀ါရီလ (၄)ရက်နေ့ လွတ်လပ်ရေးနေ့တွင် "စည်သူဘွဲ့" ကို ချီးမြှင့်ကြောင်း ထုတ်ပြန်ခဲ့သည်။
(၂)၀မ်းကိုဟော စစ်ကြောင်းဖြင့်ဂုဏ်ပြုခြင်း
၁၉၆၉ခုနှစ်တွင် နိုင်ငံတော်မှ မန္တလေးမြို့တွင် ကျင်းပသော(၂၂)ကြိမ်မြောက် ပြည်ထောင်စုနေ့ လူထုအစည်းအဝေးကြီးတွင် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံကြီး၌ အဓိက ပါဝင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများကို ဂုဏ်ပြုသောအားဖြင့်
(၁) အောင်ဆန်းစစ်ကြောင်း
(၂) ၀မ်းကိုဟောစစ်ကြောင်း
(၃) စပ်စံထွန်းစစ်ကြောင်း ဟူ၍ စစ်ကြောင်းကြီး(၃)ကြောင်းဖြင့် ပြည်သူလူထု(၃)သိန်းကျော်ခြေတက်ကာ ဂုဏ်ပြုခဲ့ကြပါသည်။
(၃)နိုင်ငံ့ဂုဏ်ရည် ပထမအဆင့် ရရှိခြင်း
၁၉၄၇ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ မြန်မာ့ ဆိုရှာလစ်လမ်းစဉ်ပါတီအစိုးရမှ ပထမအသုတ်တွင် ချီးမြှင့်သော နိုင်ငံ့ဂုဏ်ရည် ပထမအဆင့် ရရှိသူ ချင်းလူမျိုးထဲတွင်
(၁) ဦးဝမ်းကိုဟော (ပထမချင်းဝန်ကြီး)
(၂) ဦးလွမ်းပုံ (U Lun Pum) (လယ်ယာမြေ၀န်ကြီး)
(၃) ဦးဆွန်ခိုလျှံ (ချင်းရေးရာ ဦးစီးအဖွဲ့ ဥက္ကဌ)
(၄) ဦးကီယိုးမန် ( U Kio Mang) (ပင်လုံညီလာခံ ကိုယ်စားလှယ်)
(၅) ဦးထပ်လိုင် (U That Lai) (လွှတ်တော်ကိုယ်စားလှယ်) တို့ပါဝင်ကြသည်။
(10) နိုင်ငံတော် သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခြင်း
၁၉၄၇ခုနှစ် လွတ်လပ်ရေးရရှိပြီး ချင်းရေးရာဝန်ကြီးအဖြစ်မှ အနားယူပြီးသည့်အချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဒုတိယ အတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ကုလသမဂ္ဂဆိုင်ရာဌာန၊ နိုင်ငံတကာရေးရာဌာန၊ သံတမန်ရေးရာဌာန တို့တွင် အသီးသီးတာသန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၅၅ ခုနှစ်တွင် နိုင်ငံတောိမှ စေလွှတ်သည့် သံအမတ်ကြီးအဖြစ် ပြင်သစ်နိုင်ငံ၊ နယ်သာလင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ချက်ကိုစလိုဗေးကီးယားနိုင်ငံ၊ သြစတြီးယားနိုင်ငံ နှင့် ဟန်ဂေရီနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၅ခုနှစ်တွင် အငြိမ်းစားယူခံ့သည်။
(11) စာပေလောကလှုပ်ရှားမှုများ
၁၉၃၈ခုနှစ်တွင် Chin hills Education Upift Society တွင် Co-Founder and Secretary အဖြစ်တာဝန်ယူခဲ့ခြင်းကြောင့် စာပေဘက်တွင် ပိုမိုစိတ်ဝင်စားခဲ့ပြီး စီးယင်းဒေသတွင် ကိုယ်ထူကိုယ်ထကျောင်းထူထောင်နိုင်ရန် ကြိုးပန်းခဲ့သည်။
သုတေသီတစ်ဦးလည်းဖြစ်၍ မဂ္ဂဇင်း၊ စာစောင်၊ သတင်းစာများတွင် ဆောင်းပါး မြောက်များစွာ ရေးသားခဲ့သည့်အပြင် ဒေါက်တာမောင်မောင် (နိုင်ငံတော် သမ္မတဟောင်း) တို့နှင့် ပူးပေါင်းကာ ၁၉၅၃ ခုနှစ်တွင် The Guardian Press သတင်းစာတိုက်ကို တည်ထောင်ခဲ့သည်။ ၎င်းရေးသားပြုစုသော (Profile of A Burma Frontier Man) စာအုပ်သည် ကမ္ဘာကျော်၍ နိုင်ငံအသီးသီးရှိ တက္ကသိုလ်၊ ကောလိပ်များသို့ လှူဒါန်းခဲ့သည်။ ချက်ကိုစလိုဗေးကီးယားနိုင်ငံ Charles University Praque မှ ယင်းစာအုပ်ဖြင့် Ph.D ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ခဲ့သည်။ အမေရိကန် Yale University, History Department တွင် ယင်းစာအုပ်ကို Oriental Studies အဖြစ် အသုံးပြုရန် ပြဌာန်းထားသည်။ USA, New York, Pleasant Villee တွင်ရှိသော The Reader Digest မဂ္ဂဇင်းတိုက်မှ ဒေါက်တာ ဦးဝမ်းကိုဟောအား ပုဂ္ဂိုလ်ရေး စွမ်းဆောင်ချက်များကို လေးစားသောအားဖြင့် ၁၉၅၅ခုနှစ် ပြင်သစ်နိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်မှစ၍ Life Member, Life FreeSubcription တစ်ဦးအဖြစ် အသိအမှတ်ပြုခဲ့သည်။
12) နိုင်ငံတကာမှ ဂုဏ်ပြုခြင်း
(၁) ကမ္ဘာ့ စွမ်းဆောင်ရှင် လူ (၅၀၀၀) တွင် ပါဝင်ခြင်း။
The American Biographycal Institute မှ ထူးခြားသော ကမ္ဘာပုဂ္ဂိုလ်များ၏ နိုင်ငံရေး၊ စစ်ရေး၊ စာပေနှင့် စွမ်းဆောင်မှုကို ရှုဒေါင့်ပေါင်းစုံ သုတေသနပြုလုပ်၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူ (၅၀၀၀) ရွေးချယ်ရာတွင် အမှတ်စဉ် (၁၅)ဖြင့် ရွေးချယ်ခံရပြီး၊ ၁၉၉၆ခုနှစ်တွင် Diploma of Culture ဘွဲ့ကို ချီးမြှင့်ခံခဲ့ရသည်။
(2) နှစ်(၅၀)ပြည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ အခမ်းအနားသို့တက်ရောက်ခြင်း
၁၉၉၅ခုနှစ် သြဂုတ်လတွင် ဗြိတိသျှအစိုးရမှ ဦးစီးကျင်းပသော နှစ်(၅၀)ပြည့် ဒုတိယကမ္ဘာစစ်အောင်ပွဲအထိမ်းအမှတ် (The 50th Anniversary of the end of world war II and V.J (Victoria in Japan) အောင်ပွဲအခမ်းအနား၊ လန်ဒန်မြို့သို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံခဲ့ရသည်။ ဂျပန်စစ်အတွင်း အင်္ဂလိပ်စစ်တပ်နှင့် ပူးပေါင်း၍ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြ သော BDA, BIA တပ်မှ စစ်မှုထမ်း(၃)ဦးဖြစ်ကြသော
(၁) ဗိုလ်မှူးချုပ် စောကြာဒူး
(၂) ဦးဝမ်းကိုဟော (ချင်းတော်လှန်ရေးခေါင်းဆောင်)
(၃) ရဲဘော် အိုင်ဗင်ကိန်း တို့ကို ဖိတ်ကြားခဲ့သည်။
ဤသို့ဖြင့် Field Marshal Sir. Peter ခေါင်းဆောင်သော ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဒုတိယကမ္ဘာစစ်အတွင်းပါဝင်ခဲ့ကြသည့် စစ်မှုထမ်းဟောင်းများအား ဂုဏ်ပြုသည့် အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုခံခဲ့သည်။
(13) နိုင်ငံတော် လုပ်ကြံမှုအရေးခင်းမှ သီသီလေးလွတ်သွားခြင်း
၁၉၄၇ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ နိုင်ငံတော်လုပ်ကြံမှုကြီးသည် စစ်ပြီးခေတ် မြန်မာ့သမိုင်းတွင် မြန်မာ့နိုင်ငံရေး ကံကြမ္မာ ကို အခြေခံမှအစ ပြောင်းလဲစေသော အလွန်အရေးကြီးသည့် သမိုင်းဝင် ဖြစ်ရင်ကြီးတစ်ခုပင်ဖြစ်ပေသည်။ အင်္ဂလိပ်နယ်ချဲ့နှင့် တိုင်းရင်းသား သစ္စာဖောက် ဂဋုန်ဦးစောတို့လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီးများလုပ်ကြံခံရသည့် ယင်းနေ့ အစည်းအဝေးခန်းမတွင် ဦးဝမ်းကိုဟော (ချင်းဝန်ကြီး) လည်း တက်ရောက်ခဲ့သည်။
ထိုအစည်းအဝေးတက်ရောက်နေစဉ် တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးမှ တိုင်းရင်းသားရေးရာ ကဏ္ဍတစ်ခုပေါ်လာ ၍ ဗိုလ်ချုပ်အောင်ဆန်းထံတွင် ခွင့်ပန်၍ အစည်းခန်းမကြီးမှ ထွက်ခွာသည့် မိနစ်ပိုင်းတွင် နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပွားရာ ဦးဝမ်းကိုဟောသည် သေဘေးမှ သီသီကလေးလွတ်မြောက်ခဲ့ရသည်။
(14) သာသနာရေးဆောင်ရွက်မှုများ
သိက္ခာတော်ရဆရာ Revd. Za Khup ၏ သားဖြစ်သည့်အားလျော်စွာ ပြည်တွင်းပြည်ပတွင် နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း နှင့် ပင် ဘာသာရေး၊ လူမှုရေးတို့တွင် တက်ကြွစွာပါဝင်လေ့ရှိသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ YMCA တွင် ဒု-ဥက္ကဌ
Myanmar Baptist Convention, Man Falllowship Chairman
Emmanuel Baptist Church အသင်းထောက်လူကြီး
Yangon Siyin Baptist Church ရာသက်ပန် သင်းထောက်လူကြီး အဖြစ်တက်ကြွစွာပါဝင်သည့်အပြင်
ကမ္ဘာ့ကျမ်းစာအုပ် Gideon President အဖြစ်အမှုတော်မြတ်၌ တက်ကြွစွာပါဝင်ပြီး ကျမ်းစာလိုအပ်သူများကို အခမဲ့ဝေပေးခြင်းဖြင့် အမှုတော်မြတ်၌ ပါဝင်ခဲ့သည်။ ထို့ပြင် သူအသက်ရှင်စဉ်က တင်္နဂနွေ သက်ကြီးသံစုံအဖွဲ့ တွင်လည်း ဂုဏ်တော်ချီးမွန်းခဲ့သည့်အပြင် သူကိုယ်တိုင် SOLO သီချင်းကို အခါအားလျော်စွာ၊
Church တွင်၎င်း၊ နာရေးများတွင်၎င်း ဆိုတတ်ပါသေးသည်။
(15) ဘုန်းတော်ဝင်စားခြင်း
အသက်ကြီးလာသည်ဖြစ်၍ ပထမအကြိမ် ၂၀၀၆ခုနှစ် ဇန်န၀ါရီလ ၂၉ရက်မှ ဖေဖ၀ါရီလ ၅ရက်နေ့ထိ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင်၎င်း၊ ဒုတိယအကြိမ် ၂၀၀၆ ခုနှစ် မတ်လ (၅) မှ (၇) ရက်နေ့ထိ၎င်း ဆေးရုံတက်ခဲ့ရသည်။ဆက်လက်၍ ဖခင်ကြီးနေအိမ်မှာပင် ပြုစုကုသရင်း ၂၀၀၆ခုနှစ် ဇူလိုင် (၂၂) ရက် နံနက် ၁၁း၀၀ ညာရီတွင် ဘုန်းတော်ဝင်စားသွားပါ သည်။

Contributed By:
Pa. Ngin Do Pau
2007
စကားလုံးအသုံးနှုန်းတချို့ ရှင်းပြခြင်း။ “Sizang, Siyin, Sizaang” ၊ စီးယင်း တို့မှာ အဓိပ်ပာယ်တူ ဇိုမီး မျိုးနွယ် တစ်ခု၏ နာမည်ဖြစ်သည်။
References:
1-( Chin hills Gazetteer Vol -1: Page 133-134)
2-(Burma's Constitution 1957, 1958 by Dr. Maung Maung: Page-6
3- (Ref: 20/10/1943 နေ့ Lt.Col. Stevenson (S.C.A.O) Chinhills & O.C Chin wage. S.E.A Commander ၏ အမိန့်စာ။
4- (မြန်မာ့ ဆိုရှာလစ် လမ်းစဉ်ပါတီ ဌာနချုပ်မှ ထုတ်ဝေသော တိုင်းရင်းသားလူမျိုးများ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း စာမျက်နှာ-269)
5-(Ref:5- 18/3/1955 နေ့ထုတ် ကြေးမုန်သတင်းစာပါ တက္ကသိုလ်နေ၀င်း (ဗိုလ်ချုပ်အောင်ဆန်းကိုယ်ရေးအရာရှိ) ၏ နှစ်50ပြည့် ရွှေရတုတပ်မတော်နေ့အကြို "တပ်မတော်နှင့် ချင်းတိုင်းရင်းသားလူငယ်များ" ဆောင်းပါး။)
6- (မြန်မာ့သမ်ုင်းဖြစ်ရပ်မှန် ရေးသားရေးအဖွဲ့က စီစစ်ပြီး ဦးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသိန်းလှိုင်တို့က ပြုစုသော တိုင်းရင်းသားလူမျိုးများအရေးနှင့် 1947 အခြေခံဥပဒေ ပထမတွဲ- စာမျက်နှာ-255)
7-(Ref:ဦးအုန်းဖေ(ရှမ်းပြည်နယ် ဥိးစီးအဖွဲ့ဝင်ဟောင်း)၏ ပင်လုံ စစ်တမ်းစာမျက်နှာ- စာမျက်နှာ-(444-445)
8- 6- (မြန်မာ့သမ်ုင်းဖြစ်ရပ်မှန် ရေးသားရေးအဖွဲ့က စီစစ်ပြီး ဦးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသိန်းလှိုင်တို့က ပြုစုသော တိုင်းရင်းသားလူမျိုးများအရေးနှင့် 1947 အခြေခံဥပဒေ ပထမတွဲ- စာမျက်နှာ-270-271)
9- 5-(Ref:5- 18/3/1955 နေ့ထုတ် ကြေးမုန်သတင်းစာပါ တက္ကသိုလ်နေ၀င်း (ဗိုလ်ချုပ်အောင်ဆန်းကိုယ်ရေးအရာရှိ) ၏ နှစ်50ပြည့် ရွှေရတုတပ်မတော်နေ့အကြို "တပ်မတော်နှင့် ချင်းတိုင်းရင်းသားလူငယ်များ" ဆောင်းပါး။)
10- (မြန်မာ့သမ်ုင်းဖြစ်ရပ်မှန် ရေးသားရေးအဖွဲ့က စီစစ်ပြီး ဦးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသိန်းလှိုင်တို့က ပြုစုသော တိုင်းရင်းသားလူမျိုးများအရေးနှင့် 1947 အခြေခံဥပဒေ ပထမတွဲ- စာမျက်နှာ-281, 286-287)
10- Burma: The Struggle for Independence 1944-48, Vol: 11- Page- 461
11-(Ref:(မြန်မာ့ ဆိုရှာလစ် လမ်းစဉ်ပါတီ ဌာနချုပ်မှ ထုတ်ဝေသော တိုင်းရင်းသားလူမျိုးများ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း စာမျက်နှာ-229)
12- နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအဖွဲ့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ထုတ်ဝေသော "ဂုဏ်ပြုခံ ပင်လုံ (သို့) ပြည်ထောင်စု၏ နှလုံးသားနှင့် လက်ရွေးစင် ဆောင်းပါးများ) စာမျက်နှာ-4
13- (မြန်မာ့သမ်ုင်းဖြစ်ရပ်မှန် ရေးသားရေးအဖွဲ့က စီစစ်ပြီး ဦးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသိန်းလှိုင်တို့က ပြုစုသော တိုင်းရင်းသားလူမျိုးများအရေးနှင့် 1947 အခြေခံဥပဒေ ပထမတွဲ- စာမျက်နှာ-469-571-739-740)
14- ဦးဖေခင်၏ ကိုယ်တွေ့ ပင်လုံ- စာမျက်နှာ- 139
Ref: 15-Burma: The Struggle for Independence 1944-48, Vol: 11- (Edited by Hugh Tinker) Page- 749
16 - Profile of Burma Frontier Man - Vum Ko Hau
17 - People's Literative Committee and House မှ ထုတ်ဝေသော Who's who in Burma (1961)
Ref: 18- People's Literative Committee and House မှ ထုတ်ဝေသော Who's who in Burma (1961) page-43
Ref: 19-1969ခုနှစ် ဖေဖ၀ါရီလ (၁၂)ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ (အထူးထုတ်)
Ref: 20(Yale University, South East Asia Studies New Heaven, Connecticut 06520 မှ HARRY J. BENDA, Proffessor of History Department ၏ November 13, 1963 Personal Letter.
21-The Britist Ministerial Steering Committee for the World War II Commenmoration ၏ 3rd April 1995 invitation letter.

Vumkhohau


Src: Facebook
Download PDF File Here

Comments

Popular posts from this blog

Zomi: Who They Are

Zomi Total population ca. 2,500,000 Languages Various Kuki , Mizo , Chin , Naga , Paite Religion Christianity , Animism , Buddhism , Laipian Related ethnic groups Naga , Meitei , Hmar , Mizo , Kuki Zomi [1] is the name of a major tribe found in various parts of South and South East Asia. The term Zomi meaning, Zo People [2] is derived from the generic name 'Zo', the progenitor of the Zomi. They are found in northwestern Myanmar, northeastern India and Bangladesh. Anthropologists classify them as Tibeto-Burman speaking member of the Mongoloid race. In the past they were little known by this racial nomenclature. They were known by the non-tribal plain peoples of Myanmar, Bangladesh and India as Chin, Kuki, or Lushai. Subsequently the British employed these terms to christen those 'wild hill tribes' living in the "un-admiral. They are Zomi not because they live in the highlands or hills, but are Zomi and call the...

Proxy for Myanmar

Address ah 79.125.28.242 leh Port ah 443 194.12.240.149 443 87.120.58.129 8080 141.24.249.129 3124 128.59.20.227 3124 212.93.193.83 443 212.93.193.82 443 212.93.193.84 443 212.93.193.72 443 70.20.10.30 80 70.20.10.40 80 203.81.166.6 > 8080 124.30.27.20>8080 121.243.32.138>3128 82.75.182.22>9000 190.146.127.152>444 71.235.209.187>8080 203.81.166.20 > 8080 203.81.166.21 > 8080 203.81.163.66 > 80 70.20.10.30 > 80 70.60.20.30 > 80 72.52.96.31 > 80 203.163.81.66:80 70.85.16.16 :80 က usa proxy 203.81.1...

Zawgyi KeyBoard Installer For Windows 7

Zawgyi Font for Bit 64 1. Firstly, install the file. The File is Zawgyi Font for Windows 7 . 2. Download this software, its a keyboard for  Zawgyi. 3. Go to "Text Services and Input Language" in Control Panel >>Fonts; and Select "Zawgyi Myanmar Unicode L" Then all will be ok! If you still have some problems on Bit 64, you can run Alpha Zawgyi and then, run the given file from Mediafire . That is "ZawGyil_amd64.msi, ZawGyil_i386.msi and ZawGyi_ia64.msi". Among all these three, you can choose whatever u wanna install, which of them is ok, that means you run one ".msi" file from the downloaded file. It will solve your problems. If you still have problem on installing Zawgyi keyboard on Windows 7, You add this IEZawgyiGtalkFont . Download this and run it. There will be ok! Zawgyi Keyboard Installer for Bit 32. Zawgyi Keyboard Installer for Bit 32 is to run Alphazawgyi only. If you run Alpha Zawgyi , everything is ok.