သမိုင်း

Theme images by Storman. Powered by Blogger.

Text Widget

Sports

Gadgets

Blog Archive

Travel

Definition List

Tuesday, June 16, 2015

နှစ်လကြာထိန်းသိမ်းထားသော မီဇိုလူငယ်၁၈ဦးကို မြန်မာက ပြန်လွတ်

အမှတ် (၁) အိနိ္ဒယ-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ သွားရောက်ကြမည့် မီဇိုးလူမျိုး ၁၈ ဦးကို မြန်မာအစိုးရက တမူးမြို့တွင် ဖမ်းဆီးခဲ့ရာ နှစ်လကြာ ထိန်းသိမ်းပြီးနောက် ဇွန်လ ၁ ရက်နေ့က မီဇိုရမ်ပြည်နယ် အစိုးရထံ ပြန်လည်အပ်နှံလိုက်သည်။
၎င်းတို့သည် အိနိ္ဒယအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်၊ Tlangsam ကျေးရွာမှ ကလေးငယ်များ အပါအဝင် လူဦးရေ ၁၉ ဦးအဖွဲ့သည် မတ်လ ၁၅ ရက်နေ့က  စတင်ထွက်ခွာလာခဲ့ရာ မီဇိုရမ်ပြည်နယ်မှ မဏိပူရ်ပြည်နယ်ကိုဖြတ်ကျော် ကာ မြန်မာဘက်ခြမ်း Khawzimkai ကျေးရွာအကျော်တွင် မြန်မာရဲများက မတ်လ ၂၄ ရက်နေ့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့အဖမ်းခံရပြီး တမူးမြို့တွင် ထိန်းသိမ်းခံရစဥ်တွင် ယင်းအဖွဲ့ကို ဦးဆောင်လာသူ Lawmzuali ၏ အမျိူးသား Zonghinglova သည် နာမကျန်းဖြစ်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု သိရသည်။

ယင်း ကိစ္စကို ကြားသိသော တမူးမြို့ရှိ မီဇိုးလူငယ် အဖွဲ့အစည်းများက သွားရောက်ကြည့်ရှုခဲ့ရာ စားစရာများ ထောက်ပ့ ပေးခဲ့ကြပြီး၊ ၎င်းတို့ လွတ်မြောက်ရေးအတွက် ကြိုးပမ်းပေးခဲ့ကြရာ နေရပ် မီဇိုရမ်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ပေးရန် သက်ဆိုင်ရာ အာဏာပိုင်များက သဘောတူခဲ့ကြသည်။
ထို့နောက် ဇွန်လ ၁ ရက်နေ့ညတွင် ထိန်းသိမ်းခံ ၁၈ ဦးကို တမူးမီဇိုးလူငယ်အဖွဲ့အစည်းအပါအဝင် မြန်မာ (immigration official) လဝက နှင့် ပြည်သူ့ရဲတို့မှ ကလေးမြို့တာဟန်းသို့ ပို့ဆောင်ပေးခဲ့ကြသည်။ ထိုမှတဆင့် တာဟန်းရှိ မီဇိုးလူငယ် အဖွဲ့အစည်းများက တာဝန်ယူ၍ အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် နယ်စပ် Zokhawthar ကျေးရွာအထိ လိုက်ပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လူ ၁၉ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားချိန်ကစပြီး မီဇိုရမ်ပြည်နယ် အထိရောက်လာအောင် ငွေရေးကြေးရေး အားဖြင့်သော်လည်းကောင်း အစစအရာရာ ကူညီပေးခဲ့ကြသော တမူးမီဇိုလူငယ်နှင့် တာဟန်းမီဇိုး လူငယ်အဖွဲ့အစည်း တို့အပေါ် အထူးကျေးဇူးတင် ရှိကြောင်း မီဇိုရမ်ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။ 
SRC: KNT

No comments:
Write comments