သမိုင်း

Theme images by Storman. Powered by Blogger.

Text Widget

Sports

Gadgets

Blog Archive

Travel

Definition List

Sunday, June 14, 2015

Microsoft Office အား Google Chrome တွင် ထည့်သွင်း အသုံးပြုခြင်း

Office in Google



Microsoft Office အသုံးပြုသူများ အနေနှင့် Chrome Browser ကို အသုံးပြုနေချိန်တွင် Browser မှ တစ်ဆင့် Microsoft Word ကို တစ်ခါတည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Chrome Browser မှ Microsoft Office ကို အသုံးပြုဖို့အတွက် Word Online ဆိုတဲ့ Chrome Extension ကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Extension ဟာ Chrome Browser ပေါ်မှာတင် Microsoft Word ကို အသုံးပြုနိုင်စေရန် အတွက် အထောက်အပံ့ပေးနိုင်တဲ့ Extension တစ်ခုပဲဖြစ်ပါတယ်။
Word Online ကို အသုံးပြုဖို့အတွက် Chrome Browser ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် https://goo.gl/li1Nhr ဖော်ပြပါ ဝက်ဘ်ဆိုက်လိပ်စာကို Chrome Browser ရဲ့ Address Bar မှာ ရိုက်ထည့် လိုက်ပါ။ ဖော်ပြပါ Chrome Web Store ကို ရောက်သွားပြီဆိုရင် Add to Chrome ဆိုတဲ့ Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။ Add to Chrome Button ကို နှိပ်ပြီးရင် Confirm Box တစ်ခုကျလာမှာဖြစ်ပြီး Add ဆိုတဲ့ Button ကို ထပ်မံ နှိပ်ရမှာဖြစ်ပါတယ်။
ဒါဆိုရင် သက်ဆိုင်ရာ Extension ကို Chrome Browser မှာ ထည့်သွင်းသွားမှာဖြစ်ပါတယ်။ အဆိုပါ Word Online Extension ကို အသုံးပြုဖို့အတွက် Chrome Browser ရဲ့ ဘယ်ဘက်အပေါ်ထောင့်နားလေးမှာ Apps ဆိုတဲ့ Button လေးကိုတွေ့ရမှာဖြစ်ပါတယ်။ အဆိုပါ Button လေးကို နှိပ်လိုက်ရင် ကိုယ်သွင်းထားတဲ့ Chrome Browser App တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။
အဆိုပါ App နေရာမှ Word Online ကို ရွေးချယ်လိုက်ပါ။ ဒီအဆင့်မှာ Microsoft Account နဲ့ Sing in ပြုလုပ်မလား ဒါမှမဟုတ် အလုပ် သို့မဟုတ် ကျောင်းရဲ့ Email ကို အသုံးပြုပြီး Sing in ပြုလုပ်မလားဆိုတာ ကို မေးပါလိမ့်မယ်။ နှစ်သက်ရာ နဲ့ Sign in ပြုလုပ်ပြီး Microsoft Word ဖိုင်ကို Chrome Browser ပေါ်မှာ စတင် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

No comments:
Write comments