Skip to main content

Hacking Google (အင်တာနက်မှရှာဖွေနည်းများ)

Hacking Google (အင်တာနက်မှရှာဖွေနည်းများ)

Chapter (1)


Search Engine Technology
What is Search Engine?
Search Engine (SE) ဆိုတာ Computer Program တစ်ခုကိုသုံးပြီး Web page များကို စုစည်းထားသော ကြီးမားသည့် database ကြီးတစ်ခုပဲဖြစ်ပါတယ်။ ဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုတော့ စာကြည့်တိုက်များမှာ Card Catalogue အသုံးပြုပုံ နှင့် ဆင်တူပါတယ်။ ဆိုရရင် စာကြည့်တိုက်သွားပြီး ကိုယ်သိချင်တဲ့ အကြောင်းအရာ၊ သတင်းအချက်အလက်များကို ရှာဖွေတဲ့ အခါမှာ စာကြည့်တိုက်ထဲက ရှိသမျှစာအုပ်အားလုံးကို လိုက်ဖတ်ပြီး ရှာမယ်ဆိုရင် လက်တွေ့အားဖြင့် မဖြစ်နိုင်ပါဘူး။ Card Catalogue ကို အသုံးပြုပြီး ရှာမှသာလျှင် ကိုယ်သိချင်တဲ့ အကြောင်းအရာ၊ သတင်းအချက်အလက်များကို လွယ်ကူလျင်မြန်စွာ ရရှိပါလိမ့်မယ်။ဒီသဘောအတိုင်းပါပဲ Internet ပေါ်မှာ Web Page ပေါင်းသန်းနဲ့ချီပြီးရှိပါတယ်။ မိနစ်တိုင်းမှာ ထပ်တိုးလာတဲ့ web page များရှိသလို ရှိပြီးသား page များဟာလည်း Update လုပ်ပြီး ပြောင်းလဲနေတတ်ပါတယ်။ ဒါကြောင့် manually ရှာမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် Search Engine များကို သုံးပြီးရှာမယ်ဆိုရင်တော့ ကိုယ်ရချင်တဲ့အကြောင်းအရာ၊ သတင်းအချက်အလက်များကို စက္ကန့်ပိုင်းအတွင်း ရရှိပါလိမ့်မယ်။ ဒါကြောင့် အလွယ်ကူဆုံးနှင့် အရှင်းဆုံးပြောရရင် Search Engine ဆိုတာ Web Page များကို ရှာဖွေပေးတဲ့ Service တစ်ခုပဲဖြစ်ပါတယ်။ဒီနေရာမှာ Search Engine (SE) များနှင့်ပါတ်သက်ပြီး သိထားသင့်သော အရေးကြီးဆုံး အချက်တစ်ချက်ကို ပထမဦးစွာ ဖော်ပြလိုပါတယ်။ အဲဒါကတော့ SE များကို အသုံးပြု၍ မိမိအလိုရှိသော web page များ၊ website များကို ရှာဖွေခြင်းသည် အင်တာနက်ပေါ်တွင် တိုက်ရိုက်ရှာဖွေခြင်းမဟုတ်ပဲ SE များမှ ဖွဲ့စည်းတည်ဆောက်ထားသော database ထဲတွင် ရှာဖွေခြင်း ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုပါတယ်။

Functions of Search Engine
SE အားလုံးတို့၏ လုပ်ဆောင်မှုများသည် အခြေခံသဘောတရားအားဖြင့် အတူတူပင်ဖြစ်ကြပါတယ်။ ဆိုရရင် မည်သည့် SE မဆို Collecting, Organizing, Indexing နှင့် Serving Result ဟူသော လုပ်ငန်းစဉ်လေးခုကို အခြေခံပါတယ်။ သို့သော် အဲဒီလုပ်ငန်းစဉ်လေးခုကို ဖော်ဆောင်တဲ့အခါမှာတော့ SE တစ်ခုနှင့်တစ်ခု မတူညီသော ကိုယ်ပိုင် Technic များ၊ Algorithm များကို အသုံးပြုကြပြီး ထိုနည်းပညာသဘောတရားများကို တင်းတင်းကြပ်ကြပ် လျှို့ဝှက်ထားလေ့ရှိပါတယ်။အကျဉ်းချုပ်အားဖြင့် SE များရဲ့ လုပ်ဆောင်ပုံများကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ်နိုင်ပါတယ်။(1) Crawling the internet for web contents(2) Indexing we web contents(3) Storing the web contents(4) Search algorithm and results

Crawling the Web
webpage တိုင်းမှာ အခြားသော webpage (သို့) website တစ်ခုဆီသို့ ကူးပြောင်းနိုင်တဲ့ Link များရှိတယ်ဆိုတာကို သိကြ ပြီးဖြစ်ပါလိမ့်မယ်။ Crawling လုပ်တယ်ဆိုတာကတော့ အဲဒီ Link များမှတဆင့် Website တစ်ခုမှ တစ်ခုသို့ ကူးပြောင်းပြီး ထို Website များအတွင်းတွင်ရှိသော information များ (ပုံများ၊ စာသားများ) ကို Search Engine ၏ Database ထဲတွင် သိုလှောင်သိမ်းဆည်းထားဖို့ရန်အတွက် Program တစ်ခုအသုံးပြုပြီး ရယူစုဆောင်းလေ့ရှိသော နည်းစနစ်တစ်ခုပင် ဖြစ်ပါ တယ်။ ထို Program ကို Crawler, Spider, Robot, Harvest အစရှိသဖြင့် အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်သုံးစွဲလေ့ရှိပါတယ်။Crawler program သည် website တစ်ခုမှတစ်ခုဆီသို့ hyperlink များမှတဆင့် ကူးပြောင်းသွားလာပြီး သူဖြတ်သန်းခဲ့ သမျှသော webpage များကို မိတ္တူကူးယူစုဆောင်း၍ ဌာနေ Search Engine ဆီသို့ ပြန်ပို့ပေးနိုင်သော software program တစ်ခုပင်ဖြစ်ပါတယ်။Search Engine များတွင် Crawler ရဲ့ အခန်းကဏ္ဍသည်လည်း လွန်စွာမှ အရေးပါလှပါတယ်။ Crawler များကို တပြိုင်နက် တည်း website ပေါင်းများစွာကို ချိတ်ဆက် Crawl လုပ်နိုင်စေရန် ဖန်တီးထားပါတယ်။Google မှာဆိုရင် Googlebot လို့ခေါ်တဲ့ ချိတ်ဆက်မှုပေါင်း 300 ခန့်ကို တပြိုင်နက်ပြုလုပ်နိုင်သည့် Crawler program လေးခုကို အသုံးပြုပြီး တစ်စက္ကန့်အတွင်းမှာ Web Page ပေါင်း 100 ခန့်ကို download လုပ်နိုင်ပါတယ်။ သို့မှသာ အင်တာနက်ပေါ်ရှိ ဘီလီယံနှင့်ချီသော website များအတွင်းပါဝင်သော အကြောင်း အရာများကို မြန်နိုင်သမျှ မြန်မြန် မကြာခဏ ပြန်လည် crawl လုပ်နိုင်ခြင်းအားဖြင့် update ဖြစ်သော result များကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။အထူးသဖြင့်တော့ ကမ္ဘာအရပ်ရပ်မှ နောက်ဆုံးသတင်းများကို result များတွင် ဖော်ပြနိုင်စေရန် သတင်း မီဒီယာ website များ (CNN, BBC) ကိုတော့ နာရီပိုင်းအတွင်း ပြန်လည် crawl လုပ်လေ့ရှိပါတယ်။Crawler များသည် website များအတွင်းရှိ သတင်းအချက်အလက်များကို ရယူစုဆောင်းတဲ့နေရာမှာ ထို website ပိုင်ရှင်များမှ သတ်မှတ်ထားသော တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ရပါတယ်။ ဆိုရရင် website ပိုင်ရှင်များသည် မိမိတို့ website အတွင်းမှ crawl မလုပ်စေလိုသော File အမည်များ၊ Folder အမည် များကို ထည့်သွင်းဖော်ပြထားတဲ့ "robot.txt" ဆိုတဲ့ file ကို ရေးဖွဲ့ပြီး website ၏ root directory အောက်တွင် ထည့်သွင်းထားလေ့ရှိပါတယ်။http://www.w3.org/robot.txthttp://www.mit.edit/robot.txt Crawler များသည် website တစ်ခုသို့ ရောက်လာတဲ့အခါမှာ ပထမဦးဆုံး robot.txt ကို သွားရောက်ဖတ်ရှု့ ပြီး ထို file အတွင်းပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရပါတယ်။

Indexing the Web Content
Search Engine များသည် crawler များမှ မိတ္တူကူးယူလာခဲ့သော webpage တစ်ခုစီတွင် ပါရှိသည့် စကားလုံးများကို ရွေးချယ်ထုတ်နုတ်ပြီး index တစ်ခုတည်ဆောက်ရပါတယ်။ ထို index များသည် စာအုပ်များ၏ နောက်တွင်ပါလေ့ရှိသော အညွှန်း index များနှင့် ဆင်တူပြီး SE အသုံးပြုသူ User များမှ keyword များကို အသုံးပြု၍ webpage များကို ရှာဖွေနိုင်စေရန်အတွက် ဖြစ်ပါတယ်။Index တစ်ခုတည်ဆောက်မှုကောင်းလျှင် ကောင်းသလို ပိုမိုပြည့်စုံသော result page များကို ဖော်ပြနိုင်ခြင်း ၊ အချိန်အနည်းငယ်အတွင်း result များကို ထုတ်ပေးနိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများကို ရရှိစေမှာ ဖြစ်သည့်အတွက်ကြောင့် SE တစ်ခုရဲ့အောင်မြင်မှုသည် index ကို ဘယ်လိုတည်ဆောက်အသုံးပြုသလဲ ဆိုတဲ့ အချက်အပေါ်မှာလည်း များစွာမူတည်ပါတယ်။Search Engine များသည် Indexing ပြုလုပ်နိုင်ရန်အတွက် Parser လို့ခေါ်တဲ့ program ကို အသုံးပြု၍ စကားလုံးများကို ရွေးချယ်ထုတ်နုတ်လေ့ရှိပါတယ်။ ဆိုရရင် parser program သည် webpage များထဲမှ stop words လို့ခေါ်သည့် a, an, the, by ... အစရှိသော အသုံးများသည့် စကားလုံးများ၊ Meta tags များ၊ Javascripts များကို ဖယ်ရှားပြီး webpage အတွင်းရှိ အကြောင်းအရာကို ကိုယ်စားပြုနိုင်မည့် စကားလုံးများကို သာ Index တည်ဆောက်ရန် ရွေးချယ်ထုတ်ယူပေးနိုင်ပါတယ်။Google အခြားသော SE များကဲ့သို့ SE များကဲ့သို့ title များသာ၊ webpage ရဲ့ အစပိုင်းမျှသာ index လုပ်ခြင်းမျိုးမဟုတ်ပဲ webpage တစ်ခုလုံးကို index လုပ်ထားသော full-text search engine အမျိုးအစား ဖြစ် ပါတယ်။World Wide Web သည် အမြဲတမ်းပြောင်းလဲနေတတ်သည့် အတွက်ကြောင့် crawler များမှ ယနေ့ရယူ စုဆောင်းခဲ့သော webpage များသည် မနက်ဖြန်မှာ ရှိနေဖို့ရန် မသေချာသလို၊ ယနေ့မရှိသေးသော်လည်း မနက်ဖြန်တိုင်းမှာ အသစ်သစ်သော webpage များ ထွက်ပေါ်လာလေ့ရှိပါတယ်။ ဒါကြောင့် Google ကဲ့သို့သော SE များတွင် တစ်ခါ claw လုပ်ပြီးတိုင်း update ဖြစ်သော result များကို ထုတ်ပြန်နိုင်ရန်အတွက် index တွေကိုလည်း update လုပ်လေ့ရှိပါတယ်။

Storing the Web Content
SE များ၏ database ထဲတွင် index အပြင် webpage တစ်ခုချင်းအလိုက်ကိုလည်း သိုလှောင်သိမ်းဆည်း ထားပါတယ်။ ဒါကြောင့် ဘီလီယံနှင့်ချီသော webpage များကို သိုလှောင်သိမ်းဆည်းထားရသည့်အတွက် ကြောင့် SE တစ်ခု၏ storage ပမာဏ သည် လွန်စွာကြီးမားလှပြီး tetrabyte ( 10 12 =1000GB ) ပေါင်းများစွာ အထိရှိတတ်ပါတယ်။ အဲဒီလို data ပမာဏပိုမိုသိုလှောင်ထားနိုင်လေ အသုံးပြုသူများအား ပိုမိုပြည့်စုံသော result များကို ထုတ်ပေးနိုင်လေ ဖြစ်ပါလိမ့်မယ်။ 
Search and Rank Algorithm
အသုံးပြုသူများသည် မိမိတို့ရှာဖွေလိုသော အကြောင်းအရာနှင့် သက်ဆိုင်သည့် စကားလုံးများကို keyword အဖြစ် ထည့်သွင်းရှာဖွေလိုက်တဲ့အခါမှာ SE သည် ထို keyword များနှင့် တစ်ထပ်တည်းတူညီသောစကားလုံး များကို index ဖြင့် တိုက်ဆိုင်စစ်ဆေးရှာဖွေ၍ ရရှိလာသည့် အထဲကမှ ဘယ် webpage များသည် ရှာဖွေမှုနှင့် လိုက်ဖက်မှု အရှိဆုံးလဲ ဆိုတာကို ဆုံးဖြတ်ပြီး ထို webpage များကို ဦးစားပေးရှေ့မှာထားပြီး တန်းစီဖော်ပြမှာ ဖြစ်ပါတယ်။
အဲဒီလို မှန်ကန်သော result များကို ဖော်ပြနိုင်စေရန်အတွက် SE တိုင်းတွင် အခြားမည်သည့် SE နှင့်မှ မတူ ညီနိုင်သော algorithm လို့ခေါ်တဲ့ ကိုယ်ပိုင်နည်းစနစ်များကို သတ်မှတ်အသုံးပြုလေ့ရှိပါတယ်။ ထို algorithm များ မတူညီမှုကြောင့် keyword တူသော်လည်း SE မတူပါက ရလာမည့် result များသည်လည်း မတူညီပဲ ကွဲပြားတာကို တွေ့ရပါလိမ့်မယ်။
SE တစ်ခု၏အောင်မြင်မှုသည် အသုံးပြုသော algorithm များသည် ရှာဖွေမှုနှင့် လိုက်ဖက်မှုရှိသော result page များကို ရှာဖွေဖော်ပြနိုင်စွမ်းရှိမရှိပေါ်တွင် များစွာမူတည်ပါတယ်။ ဒါကြောင့် အင်တာနက်ပေါ်တွင် SE ပေါင်း များစွာရှိသည့်အနက် တိကျသော result များကို ရှာဖွေဖော်ပြပေးနိုင်သော algorithm ကြောင့် Google သည် လူသုံးအများဆုံးနှင့် အောင်မြင်မှုအရှိဆုံး SE အဖြစ် ရပ်တည်လျှက် ရှိခြင်းပင်ဖြစ်ပါတယ်။
Google သည် result များ အစီအစဉ်တကျဖော်ပြနိုင်စေရန်အတွက် "PageRank" algorithm အပါအ၀င် အခြားသော ရာနှင့်ချီသည့် အခြေခံအကြောင်းအရင်းများပေါ်တွင် အလိုလျှောက်တွက်ချက် ဆုံးဖြတ်ပါတယ်။ ထိုရာနှင့်ချီသော အခြေခံအကြောင်းအရင်းများစွာတို့ထဲမှ အဓိကအရေးပါသော အချက်နှစ်ချက်ဖြစ်သည့် content analysis နှင့် Link Popularity တို့ကို အနည်းငယ် ရှင်းပြလိုပါတယ်..။ 
Content Analysis
Webpage တစ်ခုစီတွင် ပါဝင်သော အကြောင်းအရာသည် ရှာဖွေမှုနှင့် ဘယ်လောက်အတိုင်းအတာထိ လိုက်ဖက်မှု ရှိမရှိ ဆိုတာကို မိမိထည့်သွင်းရှာဖွေခိုင်းလိုက်သော keyword များအား တွေ့ရှိရမှု အကြိမ်အရေ အတွက်၊ တွေ့ရှိရသောနေရာ (title, heading) ၊ font size နှင့် keyword များအကြား တစ်ခုနှင့်တစ်ခု တည်ရှိ မှု အကွာအဝေးတို့ပေါ်တွင် မူတည်၍ တွက်ထုတ်ပါသည်။ 
Link Popularity
Webpage တစ်ခုရဲ့အရေးပါ အရာရောက်မှုကို ထို webpage ကို အခြား webpage ဘယ်လောက်များများမှ လာရောက်ချိတ်ဆက်ထားသလဲပေါ်မှာ မူတည်ဆုံးဖြတ်ပါတယ်။ အဲဒီ Link တွေထဲမှာ နာမည်ကျော်လူသုံးများ သော website နှင့် ချိတ်ဆက်ထားသော link များ ပါရှိပါကလည်း ပိုပြီး ဦးစားပေးဖော်ပြခံရမှာ ဖြစ်ပါတယ်။ 
Life of a Google Query


Type of Search Engine
Search engine မှာ အဓိကအားဖြင့် (၂)မျိုးရှိပါတယ်။ individual search engine နဲ့ metasearch engine တို့ဖြစ်ပါတယ်။ ထို search engine (၂)မျိုးအပြင် search လုပ်နိုင်သော နောက်တစ်မျိုးရှိပါသေးတယ်။ အဲဒါက တော့ subject directory ပဲ ဖြစ်ပါတယ်။

Individual Search Engine
Web ပေါ်မှာ ကိုယ်ပိုင် database ရှိသော search engine များကို individual search engine လို့ ခေါ်ပါ တယ်။ Individual search engine တွေဟာ user များက ထည့်သွင်းရှာဖွေခိုင်းလိုက်တဲ့ keyword များကို အခြား သူတို့၏ database ထဲမှာ ရှာဖွေခြင်း မရှိပါဘူး။ မိမိရဲ့ကိုယ်ပိုင် database တစ်ခုထဲမှာသာ ရှာဖွေပြီး အဲဒီ keyword များပါရှိတဲ့ web page များကိုသာ result အဖြစ်ထုတ်ပေးပါတယ်။ အသုံးများသော individual search engine အချို့မှာ-
www.google.com
www.altavista.com
www.gigablast.com
www.wisenut.com
www.askjeeves.com
www.teoma.com တို့ဖြစ်ပါတယ်။

Metasearch Engine
Metasearch engine များသည် ကိုယ်ပိုင် database များတည်ဆောက်ထားခြင်း မရှိပါဘူး။ user များက ထည့်သွင်းရှာဖွေခိုင်းလိုက်တဲ့ keyword များကို အခြား individual search engine များ၏ database ထဲမှာ တစ်ပြိုင်နက်ဝင်ရောက်ရှာဖွေပြီး အဲဒီ keyword များပါတဲ့ web page များကို result အဖြစ်ထုတ်ပေးပါတယ်။ database ပေါင်းများစွာကို အသုံးပြုပြီး ရှာဖွေသောကြောင့် ရလာသည့် result များကလည်း ပိုပြီးများပါလိမ့် မယ်။ အသုံးများသော metasearch engine အချို့မှာ-
www.metacrawler.com
www.webcrawler.com
www.qbsearch.com
www.vivisimo.com
www.dogpile.com တို့ဖြစ်ပါတယ်။

Subject Directory
Subject Directory များသည် သာမန်အသုံးပြုနေကြ SE များနှင့် မတူပါဘူး SE များဟာ သူတို့ရဲ့ database များကို ကွန်ပျူတာ program များဖြစ်သော robot (သို့) spider တို့ကို အသုံးပြုပြီး တည်ဆောက်ထားပါတယ်။ Subject Directory များမှာတော့ ကွန်ပျူတာ program များကိုမသုံးပဲ ကျွမ်းကျင်သောပညာရှင်များဖြင့် အချိန် များစွာသုံးပြီး web page များကို subject များအလိုက် manually တည်ဆောက်ထားပါတယ်။ ဒါကြောင့် subject directory များ၏ database များဟာ SE များနှင့်ယှဉ်လိုက်လျှင် အလွန်သေးငယ်ပါတယ်။ သို့သော် လည်း လူများဖြင့် ရွေးချယ်စုစည်းထားသည့်အတွက်ကြောင့် ပိုမိုတိကျသော result များကို ရှာဖွေဖော်ပြပေးနိုင် ပါတယ်။ အသုံးများသော subject directory အချို့မှာ-
directory.google.com
directory.yahoo.com
www.dmoz.org တို့ဖြစ်ပါတယ်။

Basic Searching Method
ယခုဆက်လက်ပြီးတော့ ပိုမိုတိကျသော result များ ရရှိအောင် ရှာဖွေနိုင်သည့် အခြေခံနည်းစနစ်များကို ဖော်ပြလိုပါတယ်။ ထိုနည်းစနစ်များသည် search engine အများစုတို့တွင် အသုံးပြုနိုင်မည့် အခြေခံအကျဆုံး သော နည်းစနစ်များပင်ဖြစ်ပါတယ်။ ၎င်းတို့မှာ-
(1) Search Engine Math
(2) Boolean Searching
(3) Field Searching တို့ပဲဖြစ်ပါတယ်။

Search Engine Math
ပိုမို၍ တိကျကောင်းမွန်သော result များ ရရှိအောင် keyword များနှင့် အပေါင်း (+)၊ အနှုတ် (-)လက္ခဏာ များ တွဲဖက်အသုံးပြုပုံကို ဖော်ပြပေးသွားပါမယ်။ ယခုအောက်မှာဖော်ပြသွားမယ့် tip များဟာ search engine အများစုမှာသုံးနိုင်မည့် အခြေခံအကျဆုံးသော tip များပဲဖြစ်ပါတယ်။
Tip 1 ) "+" ကို ကိုယ်အဓိကလိုချင်တဲ့ အရေးကြီးဆုံးဖြစ်တဲ့ keyword ရဲ့ရှေ့မှာ ထည့်ပေးရပါတယ်။ သဘော ကတော့ search engine ကို web page တိုင်းမှာ အဲဒီ keyword ပါရမယ်ဆိုပြီး ရှာခိုင်းလိုက်တာဖြစ်ပါတယ်။
ဥပမာ - +challenger columbia
(+နှင့် keyword ကြားမှာ Space မခြားရပါ) result အနေနဲ့ကတော့ search engine က ရှာပေးလိုက်တဲ့ web page တိုင်းမှာ "challenger" ဆိုတဲ့ စကားလုံး ပါပါလိမ့်မယ်။
Tip 2 ) "-" ကို ကိုယ်မလိုချင်တဲ့ keyword ရဲ့ရှေ့မှာ ထည့်ပေးရပါတယ်။ သဘောကတော့ search engine ကို အဲဒီ keyword ပါတဲ့ web page များကို ဖယ်ထားခဲ့ဖို့ ခိုင်းလိုက်တာ ဖြစ်ပါတယ်။
ဥပမာ - +challenger -columbia
Result အနေနဲ့ကတော့ search engine ရှာပေးခိုင်းလိုက်တဲ့ web page တိုင်းမှာ "columbia" ဆိုတဲ့ စကား လုံး လုံးဝပါလိမ့်မည် မဟုတ်ပါ။
Tip 3 ) စကားလုံးတစ်လုံး မဟုတ်ပဲ စကားစုတစ်စုကို ရှာလိုတဲ့အခါမှာ double quotation " " ကို သုံးရပါ တယ်။ သဘောကတော့ search engine ကို double quotation " " အမှတ်အသားထဲမှာရှိတဲ့ စကားစုအတိုင်း အတိအကျပါတဲ့ web page များကိုသာ ရှာခိုင်းခြင်း ဖြစ်ပါတယ်။
ဥပမာ - "who moved my cheese"
result အနေနဲ့ကတော့ who moved my cheese ဆိုတဲ့ စကားစုပါတဲ့ web page များကိုသာ ဖော်ပြပါလိမ့် မယ်။
Tip 4 ) သချာင်္ပညာရပ်မှာဆိုလျှင် သင်္ကေတ "~" သည် အနီးစပ်ဆုံး approximately ဆိုတဲ့ သဘောဆောင် တယ်ဆိုတာ အများသိပြီး ဖြစ်ပါတယ်။ အဲဒီလို အများသိပြီးဖြစ်တဲ့ မှတ်သားရလွယ်တဲ့ ဒီသင်္ကေတကို Google တွင် အနီးစပ်ဆုံးအဓိပ္ပါယ်ဆင်တူသည့် စကားလုံးများကို ရှာဖွေနိုင်သည့် operator တစ်ခုအဖြစ် အသုံးပြုနိုင် ပါတယ်။
စကားလုံးတစ်လုံး၏ရှေ့မှာ Synonyms operator (~) ကို ထည့်သွင်းရှာဖွေတဲ့အခါမှာ ထိုစကားလုံးနှင့် အဓိပ္ပါယ်ဆင်တူသော အခြားစကားလုံးများကိုပါ ရှာဖွေဖော်ပြမှာဖြစ်ပါတယ်။
ဥပမာ health ~data ဟု ထည့်သွင်းရှာဖွေပါက data နှင့် အဓိပ္ပါယ်ချင်းဆင်တူသော information ၊ statistic စကာလုံးများပါဝင်သော ကျန်းမာရေးနှင့်ဆိုင်သည့် web page များကို ရရှိပါလိမ့်မည်။
အလားတူပင် ~run ဟုရှာဖွေလျှင်လည်း run စကားလုံးနှင့်ဆင်တူသော runners ၊ running ၊ marathon စကားလုံးများပါဝင်သော web page များကို ရရှိမှာဖြစ်ပါတယ်။
Tip 5 ) စကားစု (phrase) နှင့်စကားလုံးများကို +, - " " သင်္ကေတများနှင့်တွဲသုံးပုံကို လေ့လာကြည့်ရအောင်
ဥပမာ - +"white house" +clinton -lewinsky 
သဘောကတော့ search engine ကို white house ဆိုတဲ့ စကားစုပါရမယ်။ clinton ဆိုတဲ့ စကားလုံး ပါရ မယ်။ lewinsky ဆိုတဲ့စကားလုံးမပါတဲ့ web page များကို ရှာခိုင်းလိုက်တာဖြစ်ပါတယ်။
Tip 6 ) အချို့သော search engine များဟာ case sensitive ဖြစ်ပါတယ်။ စကားလုံးတစ်လုံးကို စာလုံးအသေး (lower case) နဲ့ ရှာခိုင်းရင် အသေးရော အကြီးပါ (၂)မျိုးစလုံးပါတဲ့ web page များကို ရှာပေးပါလိမ့်မယ်။
ဥပမာ - minister
result အနေနဲ့ကတော့ minister နှင့် Minister (၂)မျိုးစလုံးပါသော web page များကို ဖော်ပြပါလိမ့်မယ်။
စာလုံးအကြီး (upper case) နဲ့ ရှာခိုင်းရင်တော့ လုံးဝထပ်တူညီတဲ့ စကားလုံးပါသော web page များကိုသာ ရှာပေးပါလိမ့်မယ်။
ဥပမာ - Minister
result အနေနဲ့ကတော့ Minister ဆိုတဲ့ စကားလုံးပါသော web page များကိုသာ ဖော်ပြပါလိမ့်မယ်။
မှတ်ချက်။ ။ Google ဖြင့် ရှာဖွေပါက case sensitive မဖြစ်ပါဘူး။ ဆိုရရင် minister ဖြစ်ဖြစ်၊ Minister ဖြစ် စေ တူညီသော result ကို ရရှိစေမှာ ဖြစ်ပါတယ်။
Tip 7 ) Wild cords (*) ကို စကားလုံးတစ်လုံးတည်းကိုပဲ spelling အမျိုးမျိုးနဲ့ တစ်ကြိမ်ထဲမှာပဲ စုပေါင်းရှာခိုင်း ချင်ရင် သုံးပါတယ်။
ဥပမာ - librar*
result အနေနဲ့ကတော့ library, libraries, librarian အစရှိတဲ့ စကားလုံးပါဝင်သော web page များကို ဖော်ပြပါလိမ့်မယ်။
မှတ်ချက်။ ။ Google မှာတော့ * သည် စကားလုံးတစ်လုံးကို ကိုယ်စားပြုပါတယ်။

Boolean Searching
အင်္ဂလိပ်သချာင်္ပညာရှင်ကြီး George Boole (1815-1864) ရေးသားခဲ့သော boolean logic နှင့် boolean operator များဖြစ်သည့် AND, OR နှင့် NOT တို့ကို စကားလုံး၊ စကားစုများနှင့် တွဲဖက်၍ တိကျသော result များ ရရှိအောင် သုံးစွဲပုံများကို ဖော်ပြသွားပါမယ်။

Boolean "OR"
"OR" operator ကို အသုံးပြုပြီး search engine မှာ ရှာမယ်ဆိုရင် ကိုယ်ထည့်ရှာခိုင်းလိုက်တဲ့ keyword များ ထဲမှ အနည်းဆုံး (၁)ခု ပါတဲ့ web page တွေရော၊ (၂)ခုစလုံးပါတဲ့ web page တွေရော ဖော်ပြပေးပါလိမ့်မယ်။ ဒါကြောင့် keyword များများပိုသုံးလေ ရလာမယ့် result က များလေလေ ဖြစ်ပါလိမ့်မယ်။ "OR" operator ကို အဓိပ္ပါယ်ဆင်တူတဲ့ စကားလုံးတွေ၊ ဒါမှမဟုတ် အကျိုးအကြောင်း ဆက်စပ်မှုရှိသော စကားလုံးများနှင့် အများဆုံး တွဲသုံးလေ့ရှိပါတယ်။
(ဆက်လက်ဖော်ပြပါဦးမည်)
Ref: မျိုးသူရ (အင်တာနက်မှ ရှာဖွေနည်းများ)
2007 lai pek a hi zen ei..

Comments

Popular posts from this blog

Zomi: Who They Are

Zomi Total population ca. 2,500,000 Languages Various Kuki , Mizo , Chin , Naga , Paite Religion Christianity , Animism , Buddhism , Laipian Related ethnic groups Naga , Meitei , Hmar , Mizo , Kuki Zomi [1] is the name of a major tribe found in various parts of South and South East Asia. The term Zomi meaning, Zo People [2] is derived from the generic name 'Zo', the progenitor of the Zomi. They are found in northwestern Myanmar, northeastern India and Bangladesh. Anthropologists classify them as Tibeto-Burman speaking member of the Mongoloid race. In the past they were little known by this racial nomenclature. They were known by the non-tribal plain peoples of Myanmar, Bangladesh and India as Chin, Kuki, or Lushai. Subsequently the British employed these terms to christen those 'wild hill tribes' living in the "un-admiral. They are Zomi not because they live in the highlands or hills, but are Zomi and call the...

CHIN, ZOMI, MIZO, ZO cihtawh kisai Debate

CHIN, ZOMI, MIZO, ZO cih minvai tawh kisai India gam aom ih mipihte kikupna, Debate bawlna hi. Sausimsim in alunglut velvelte bekin atawpdong simzo bekding hi. This is the outcome of the debate about our nomenclatures like Chin-Kuki-Mizo-Zomi on FaceBook – Zolengthe Group. The debate Vaphual shows that every one of us clearly know who we are – We are Zo, but some opined that Kuki nomenclature should be used as it is recognised nationaly and internationally. This is the starting point of the debate: Dear friends, MIZO=ZOMI, then is it something like both side of a coin? If it is so, then there is no chance of sitting under one administrative umbrella. Another Point: Mizo or Zomi ~ Which one should be the right word? I know You will say both. But according to Pu T. Gougin, Founder President of Zomi National Congress, “The land come first and then the people” therefore, it should be Zo… Mi….. that means Zo = Land and Mi = People. He further argued that MIZO is a wrong word; ...

Dr. Chin Do Kham Tangthu

Dr. Chin Do Kham Biography Education     Scholar in Residence for Ph.D. Educational Studies Program at Trinity International University, Chicago, USA, May 2003-August 2005.D., Intercultural Studies, Trinity Evangelical Divinity School of Trinity International University, Chicago, 1998.Min.(Doctor of Ministry in Pastoral Leadership), Oral Roberts University, Tulsa, OK, 1994.Special Study Program at Jerusalem Center for Biblical Studies, Israel, 1996. Educational Administrative and Teaching Experiences Adjunct Professor of Missions and Leadership at Myanmar Evangelical Graduate School of Theology (MEGST), Myanmar since Fall 2008 to PresentAssociate Adjunct Professor of Graduate School of Theology at Global University, Springfield, MO, USA 1996-present.Professor and Director of M.A. Missions Program and taught Leadership and Missions courses for M.A./M.Div./D.Min. courses at Oral Roberts University (2006-2008)Dean of Students and Professor of Missions/Leadership at Asia Pacific T...