သမိုင်း

Theme images by Storman. Powered by Blogger.

Text Widget

Sports

Gadgets

Blog Archive

Travel

Definition List

Monday, May 18, 2015

IS ထိပ်တန်းခေါင်းဆောင်တစ်ဦးသေဆုံး

IS
အမေရိကန် အထူး ကွန်မန်ဒို တပ်ဖွဲ့ ဝင် တွေ ဟာ 
ဆီးရီးယား ထဲကို အီရတ် နိုင်ငံ ဘက် ကနေ ရဟတ်ယာဉ် 
တွေ နဲ့ ဝင် လာပြီး လျှို့ဝှက် စစ်ဆင်ရေး ပြုလုပ်။
ဆီးရီးယား နိုင်ငံ ထဲမှာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ကို အမေရိကန် အထူးတပ်ဖွဲ့ က သုတ်သင် နိုင်လိုက် တာ ဟာ IS အတွက် အကြီး အကျယ် ထိုးနှက် ခံ လိုက် မှု ဖြစ်တယ် လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ်တန် ကာတာ က ပြောပါတယ်။
အမေရိကန် အထူး ကွန်မန်ဒို တပ်ဖွဲ့ ဝင် တွေ ဟာ ဆီးရီးယား ထဲကို အီရတ် နိုင်ငံ ဘက် ကနေ ရဟတ်ယာဉ် တွေ နဲ့ ဝင် လာပြီး ပြုလုပ် ခဲ့တဲ့ လျှို့ဝှက် စစ်ဆင်ရေး အတွင်း IS အဖွဲ့ရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ အဘူဆာရိဖ် သေဆုံး သွားတာ ဖြစ်ပါတယ်။
အဘူဆာရိဖ် ဟာ IS အဖွဲ့ အတွက် အကျိုး အမြတ် အလွန် ရနေတဲ့ ဆီးရီးယား အရှေ့ဘက်ခြမ်း က ရေနံ မှောင်ခို စျေးကွက် ကို တာဝန်ယူ ကိုင်တွယ် ပေးနေတဲ့ သူ လို့ ဆိုပါတယ်။
အမေရိကန် ကွန်မန်ဒို တို့ရဲ့ အခု စစ်ဆင် ရေး မှာ အဘူဆာရိဖ် ရဲ့ ဇနီးသည် ကို လည်း ဖမ်းဆီး ခေါ်ဆောင် လာနိုင် ခဲ့ ပါတယ်။
အဲဒီ့ ဇနီးသည် လည်းပဲ IS အဖွဲ့ ထဲ လှုပ်ရှား နေသူ ဖြစ်ပြီး၊ အမေရိကန် တပ်ဖွဲ့ က ကယ်တင် လိုက် နိုင်တဲ့ ယာဇီဒီ လူနည်း စုဝင် အမျိုးသမီး ငယ် ကို IS အဖွဲ့ ရဲ့ ကျွန်ပြု မှု ထဲ ပူးပေါင်း ပါဝင် ခဲ့သူ လို့ ယူဆထား ပါတယ်။
တခါ၊ အီရတ် နဲ့ ဆီးရီးယား ၂ နိုင်ငံ စလုံး ထဲမှာ တော့ မဟာဗျုဟာ မြောက် မြို့ကြီး တွေ ကို ထိန်းချုပ် နိုင်ဖို့ IS အဖွဲ့ က ဆက်လက် တိုက်ခိုက် နေ ကြပါတယ်။
အီရတ် နိုင်ငံ ထဲ က ရာမာဒီ မြို့ မှာ အမေရိကန် လေကြောင်း ပစ်ကူ နဲ့ ပြန်လည် တိုက်ခိုက် လာတဲ့ အီရတ် အစိုးရ တပ်တွေ ကို IS တွေ က ပြန်လည် တွန်းလှန် နိုင်လိုက်ပြီး မြို့ ကိုလည်း ပိုမို ထိန်း ချုပ် လိုက် ကြပါတယ်။
ဆီးရီးယား နိုင်ငံ ထဲ က ယဉ်ကျေးမှု အမွအနှစ် မြို့ ဖြစ်တဲ့ ပါလ်မိုင်းယား ကို သိမ်းယူ နိုင်ဖို့ လည်းIS အဖွဲ့ တွေ တိုက်ခိုက် နေပါတယ်။

No comments:
Write comments