သမိုင်း

Theme images by Storman. Powered by Blogger.

Text Widget

Sports

Gadgets

Blog Archive

Travel

Definition List

Thursday, May 12, 2016

ပြည်ထောင်စုရဲ့ သူရဲကောင်း သီဟသူရ ဒုတပ်ကြပ် Za Kaia

By: Salai Van Cung Lian (UK)

Lance corporal Za kaia

ဗမာ့တပ်မတော်သမိုင်းတစ်လျှောက်တွင် သူရသတ္တိဆိုင်ရာ စွမ်းရည်ဘွဲ့တံဆိပ်များထဲ၌ ဒုတိယ အမြင့်မားဆုံးတံဆိပ်ဖြစ်သည့် သီဟသူရ ဘွဲ့တံဆိပ်ဖြင့် ဂုဏ်ပြု၊ ချီးမြှင့်ခြင်းခံရသူ ၄၆ ဦးထဲတွင် ချင်းအမျိုးသား မျိုးချစ်သူရဲကောင်း ဒုတပ်ကြပ် Za Kaia (ကိုယ်ပိုင်အမှတ် ၅၀၉၉၆) သည်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ ခြင်္သေ့ကဲ့သို့ ရဲရင်ခြင်းဂုဏ်ပုဒ်ဆောင် သီဟသူရဘွဲ့သည် မိမိအသက်အန္တရယ် ကိုမငဲ့ကွက်ပဲ၊ ကျရောက်သည့်တာဝန်ကို အထူးကျေပွန်စွာ ထမ်းဆောင်သော တပ်မတော်သားများ နှင့် အရပ်သူအရပ်သားများအား ချီးမြှင့်ခြင်းဖြစ်သည်။ Za Kaia သည်ဟွာလ်းငိုးမျိုးနွယ်စုမှဖြစ်ပြီး Pu Ngaih Thula နှင့် Pi Thang Ngovi တို့၏သားဖြစ်သည်။ ၁၉၂၆ ခုနှစ်တွင် ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်ခရိုင်၊ ဇိမ်းသဲ (Zimte) ရွာတွင်ဖွားမြင်သည်။ သူအရွယ်ရောက်ပြီး အသက် ၂၀ ပြည့်သောအခါ အခြားချင်းအမျိုးသားများနည်းတူ စစ်တပ်ထဲသို့ဝင်ရောက်ခဲ့သည်။ ထိုအချိန်ကမူ ချင်းပြည်နယ်တွင်(ဗြိတိသျှအစိုးရ၀န်ထမ်းမှအပ) လယ်ယာလုပ်ငန်းမှလွဲ၍ အခြားလုပ်ကိုင်ရန် လုပ်ငန်းများ မရှိခဲ့ပေ။ ဗြိတိသျှတပ်မတော်မှ လစာကောင်းကောင်းပေးသည့်အပြင်၊ တပ်မတော်သည် ချင်းမျိုးသားတို့အတွက် အကောင်းဆုံးပညာရေး ရရှိနိုင်သည့်နေရာဖြစ်သည်။ နောက်ပြီး ချင်းတောင်တန်း ပြင်ပသို့ စွန့်စားနိုင်သော အခွင့်အရေးများသည်း ရရှိနိုင်ခဲ့သည်။ သူသည် မေမြို့ (ပြင်ဦးလွင်) ရှိ အမှတ် (၂) ဗမာ့သေနတ်ကိုင်တိုင်းရင်းသားတပ် တွင် စတင် အမှုထမ်းခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဒုတပ်ကြပ်အဖြစ် ရာထူးတိုးခြင်းခံရပြီး တပ်စိတ် (တပ်သား ၁၀ ဦး)တပ်မှူးဖြစ်လာခဲ့သည်။ လွတ်လပ်ရေးရကာစတွင် မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းမှုမရှိဘဲ အခက်အခဲများ၊ ပဋိပက္ခပေါင်း စုံများနှင့် ပြည့်နှက်နေခဲ့ရာ ပြည်တွင်းစစ်ကြီးနဲ့ ရင်ဆိုင်ခဲ့ရသည်။ ၁၉၄၉ ခုနှစ် ဒီဇင်ဘာလတွင် ဒုတပ်ကြပ် Za Kaia ပါဝင်သည့် အမှတ် (၂) ဗမာသေနတ်ကိုင်တပ်ရင်းမှ၊ တပ်ခွဲ”ဂ” (အင်အား ၁၅၀ ခန့်) သည်ကယားပြည်နယ်သို့ ချီတက်ခဲ့ကြသည်။ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် “ဂ” တပ်ခွဲနှင့် Karen National Defence Organization (KNDO) တပ်ဖွဲ့မှ အင်အား ၈၀၀ ခန့်တို့သည် လွိုင်ကော်မြို့အနောက်ဖက်ရှိနန်းမိခုံရွာအနီး၌ ပြင်းထန်စွာ တိုက်ပွဲဆင်နွဲခဲ့ကြသည်။ ဒုတပ်ကြပ် Za Kaia နှင့် တပ်ခွဲသည် လူအင်အား၊ လက်နက်အင်အားချင်းမမျှ၍ အကျပ်တွေ့ခဲ့ရသည်။ ဒုတပ်ကြပ် Za Kaia နှင့် သူ့တပ်စိပ်သည် ခံတပ်လိုင်းတစ်ခုမှ KNDO တပ်သားများအား ပြန်လည်ခုခံခဲ့ကြသည်။ တပ်ခွဲတစ်ခွဲလုံးသည် KNDO တပ်သားများ၏ ပိညပ်ခြင်းကိုခံရသဖြင့် ရှေ့မတိုးနိုင်ဖြစ်ခဲ့ရသည်။ ဒီလိုနဲ့ ဒုတပ်ကြပ် Za Kaia ကတပ်ခွဲမှူးထံတွင် “ဗိုလ်ကြီး ငါတို့ဒီတိုင်းဆက်သွားရင်တော့ မဖြစ်တော့ဘူး ငါတို့အားလုံးသေကုန်ကြလိမ့်မယ်။ နောက်ပြန်ဆုတ်မှဖြစ်တော့မယ်။ တပ်ခွဲတစ်ခွဲလုံး နောက်ဆုတ်ပါ။ ငါနဲ့ငါ့တပ်စိတ်က ငါတို့အသက်ကိုစတေးပြီး ဒီခံတပ်လိုင်းမှာကျန်ရစ်ခဲ့မယ်။ တပ်ခွဲတစ်ခွဲလုံး ဆုတ်ခွာနိုင်ရန် ခံပစ်ပေးမယ်” ဟုပြောကြားခဲ့ပြီးနောက်တပ်ခွဲမှူးသည် ဆုတ်မိန့်ပေးခဲ့ရတော့သည်။ ဒုတပ်ကြပ် Za Kaia နှင့် သူတပ်စိတ်သည် နောက်ဆုံးခံတပ်တွင် ကျန်ရစ်ပြီး တိုးလာသော KNDO တပ်သားများအား အရှုံးမပေးဘဲ ဆက်လက်ခုခံခဲ့ကြသည်။ KNDO တပ်သားများမှ လက်နက်ချရန် အကြိမ်ကြိမ်လှမ်းအော်သော်လည်း လက်နက်မချ၊ သူ့ဘေး၌ကျဆုံးခဲ့သော ရဲဘော်တို့ထံမှ ကျီများဆက်ယူရင်း တိုင်းပြည်အတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့ရသည်။ ဒုတပ်ကြပ် Za Kaia နှင့် သူ့တပ်စိတ်သည် အမှတ် (၂) ဗမာ့သေနတ်ကိုင်တပ်ရင်း မှ တပ်ခွဲ “ဂ” တစ်တပ်ခွဲလုံး စနစ်တကျ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ရန် ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုးပမ်း ကာကွယ်တိုက် ခိုက်ခဲ့သောကြောင့် ဒုတပ်ကြပ် Za Kaia အား ပြည်ထောင်စုဗမာနိုင်ငံတော်မှ ၁၉၅၁ ခုနှစ်တွင် အမိန့်အာဏာ – ၄/အထူး/၅၁ အရ သီဟသူရဘွဲ့တံဆိပ်အား ချီးမြှင့်ခံရခြင်းဖြစ်သည်။ ထိုအချိန်က ၀န်ကြီးချုပ်ဦးနု ချင်းဝိဒေသတိုင်းမြို့တော် (နောက်ချင်းပြည်နယ်) ဖလမ်းမြို့သို့လာရောက်ခဲ့စဉ်က ၀န်ကြီးချုပ်ကိုယ်တိုင် သီဟသူရ ဒုတပ်ကြပ် ၏မိခင်ထံသို့ သီဟသူရ ရွှေတံဆိပ်နှင့် ငွေသား ၅၀၀၀ ကျပ်ချီးမြှင်ခဲ့သည်။ နောက်ပြီး သူမိခင်အား သူ့သားမှခံစားရမည် ပင်စင်လစာတစ်လ ၄၀ ကျပ်လည်း ရရှိစေခဲ့သည်။ 
Reference: http://www.myanmartatmadaw.net/2014/02/blog-post.html
Za Kaia story as written in “MI HUAISENTE CHAWIMAWINA” magazine pages 69, 70. blished by W.O II Khuangliankhama, Tahan-sanmyo. Many thanks to Pu Ro Dinga. +++++++++++++++++++++++++++ သူ့အကြောင်းအား Wikipedia တွင်လည်းဖတ်ရှုနိုင်ပြီဖြစ်သည်။ Pleae Click >>>>>>>>> https://en.wikipedia.org/wiki/Za_Kaia

Ref: Chin World Media

No comments:
Write comments