€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€€
ဖေဖော်ဝါရီလ (၁၆)ရက်နေ့ ကွာလာလမ်ပူ မြို့ ပူချုန်းရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှာ ခလုပ်တိုက်မိတာ မဟုတ်ပဲ ဖန်ရန်ဖန်ကာ တမင်သက်သက် တိတိကျကျ အကွက်ဆင် သတ်ဖြတ် မှုဖြစ်ကြောင်း ပေါ်လွန် ထင်းရှားခဲ့ပါတယ်။ ထောင့်စုံမှကြည့်လျှင် ထောက်ပြ စရာ အများကြီးရှိတယ် ဆိုတာတော့ ထပ်ပြီးတော့ ပြောစရာ လိုမယ် မထင်ပါဘူး။
ဇန္နဝါရီလ (၂၅) ရက်နေ့က မောင် သက်ဝေ ဆိုသူ ၏ ပိုက်ဆံ မလေးရှားရိန်းဂစ် ၅ထောင် လောက် ပျောက်သွား တယ်လို့သိရပါတယ်။ ဤအကြောင်းနင့် ပတ်သက် ပြီးတော့ မောင် သက်ဝေ က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေတင် မက အခန်းဖော် ဖြစ်သည့် မြန်မာနိုင်ငံ သားတွေကို တစ်ယောက်ပြီးတစ် ယောက် ခိုးသူဟု စွပ်စွဲ အပြစ်ဆိုခဲ့သည်။
ထိုအပြစ်တင် ဆူပူ ခြင်းကို သူ၏ အလုပ်ရှင်(သူဌေး) သိတော့ မောင် သက်ဝေအား ပျောက်သွားတဲ့ ပိုက်ဆံ အတွက် ရိန်ဂစ် ၂ထောင် ပေးပြီး မင်းဒီလောက်နဲ ကျေနပ် လိုက်ပါ၊ နောက်လို့ထပ် ပြဿ နာ မရှာနဲ့တော့ လို့ ပြောခဲ့ပေမဲ့မောင် သက်ဝေ မှာ သူ့ရဲ့ ဒီလို ဖြစ်ရပ် ကြံစည် မှုကို လက်မလွတ်နိင်ဘူး ဖြစ်နေသည်။
သူတို့ အိမ်ခန်း မှာ တဆိုင်တမှာည်းမှာပဲ အလုပ် လုပ်ကိုင် သည့် ဗမာ နှစ်ဦး မောင် အောင်စုဦး နင့် သူငယ်ချင်း ၊ မွန် လူမျိုး လင်မယား နှစ်ဦး ရေ ပြီးတော့ သေဆုံးသူ မထန်ရှင်းဒိမ်း နဲ့ သူ့ အမျိုးသား ဦး ခိုင်ရှင်းခမ် တို့ လင်မယားရေ.. သူ့ မောင်လေး ပြောင်ဒိတ်ရှင်းမွမ်း တို့ အတူတူ နေရကြောင်း သိရှိရပါတယ်။
ဤ ကိစ္စ နင့် ပတ်သက်ြပီးတော့ ထို မွန်အမျိုးသမီးက မောင် သက်ဝေ အား သွေးထိုးကာ ပြောဆိုနေတဲ့အတွက် မောင် သက်ဝေ မှာလဲ သံသယ က ကြီးမား လာတယ် ပေါ့။
ပြီးတော့ မထန်ရှင်းဒိမ်း တို့ အိမ်ခန်း နံရံ မှာ လူတစ်ယောက်စာ လောက် အပေါက်ရှိတယ် လို့လည်း သိရပါတယ်။ ထို အပေါက် ဟာ အစကတည်း က ရြှိပီးသား မဟုတ်ပါဘူး ။ ဒီလို အခြေအနေရောက်ခါနီး မှ ခိုးသူ ဟု စွပ်စွဲ ကောင်းအောင် မောင်သက်ဝေ ဖက်မှ တမင် ဖောက်ထားတာ ဖြစ်ပါ တယ်။
ဒီလိုနဲ သူတို့ ကိစ္စ က အတော်လေးကို ကြီးမား လာပြီး ဖေဖဝါရီ ၁၆, ၂၀၁၆ , မနက် ၀၆:၀၀နာရီ လောက်မှာ သေဆုံးသူ ၏ ခင်ပွန်း ဖြစ်သော ဦး ခိုင် ရှမ်း ခမ် ၊ မောင် သက်ဝေ နင့် သေဆုံးသူ မ ဒီဒိမ်း ရဲ့ မောင်လေး မောင် ပြောင် ဒိပ် ရှမ်း မွမ်း တို့ အတူ အလုပ်အတူတူဆင်း ကြတာဖြစ်တယ်။ ပြီးတော့ အဲဒီနေ့ နေ့ မနက် ၀၈း၀၀ နာရီ လောက်မှာ မောင် သက်ဝေ က ဆိုင်ရဲ့ အနောက်ဘက် ကနေ ခိုးထွက် ကာ အိမ်ခန်းသို့ ပြန်သွားပြီး ယခုလို လူသတ်မှု ကျူးလွန် ခဲ့တယ် လို့ သိရပါတယ်။ ဤ အကြောင်းကို ဦးခိုင်ရှမ်းခမ် က သူ့ဘေးကလူတွေ ဖုန်းပြောနေတာကို မသင်္ကာ လို့ ချက်ချင်း အိမ်သို့ လိုက်သွား သော်လည်း မ ဒီဒိမ်း ရဲ့ ဒဏ်ရာက ပြင်းထန်လွန်း သည့်အတွက် သူမရဲ့ အသက်ကိုပါ ဆုံးရှုံး သွားပါတယ်။
လူသတ်မှု ဖြစ်ပွားခဲ့တဲ့ အခင်းမှာ သူတို့နင့် အတူ ဗမာ နှစ်ယောက်ရေ၊ ထားဝယ် သားအမိ နစ်ယေက်ရေ ရှိနေတယ် လို့လဲ သိရပါတယ်။ အကယ်လို့ ဒီလို လူသတ်မှု ဖြစ်စဉ်မှာ သူတို့က တားဆီး ပိတ်ပင် လိုက်ရင်တော့ ဒီလို ရက်ရက်စက်စက် လူသတ်မှု မျိုးဖြစ်ချင်မှ ဖြစ်မယ် ထင်ပါတယ်။ ပြီးတာနဲ မောင်သက်ဝေ အား ဘေးမှာရှိနေတဲ့ သူတွေက ထွက်ပြေးခိုင်း တယ် လို့လည်း သိရပါသည်။
သေဆုံးသူ မ ထန်ရှင်း ဒိမ်းရဲ့ ဒဏ်ရာ ကတော့ ဗိုက်နှင့် လည်ပင်း မှာ ဓားဒါဏ်ရာ ကြီးကြီးကျယ်ကျယ်ရ ရှိထားတယ်ရလို့ သိရပါတယ်။
ဒါတွေမက သူမကို သင်္ချိုင်းကုန်းမှာသွား သူဂြိုလ် တုန်း က သူ့ဆံပင်တွေ တစ်စည်းစာလောက် ကျွက်ကျနေတယ် လို့လဲ မျက်မြင် သက်သေ တွေကပြောပါတယ်။ ထို့ကြောင့် ဤသို့သတ်ဖြတ်မှုမှာ ဓားနဲ့ တစ်ခါတည်း ဝင်ထိုးတာ မဟုတ်ဘဲ ခွန်အားဗလ နင့် အနိင်အထက် ကျင့်နေမယ် လို့ ထင်မြင် ယူဆ ရပါတယ်။ သေဆုံးသူ မထန်ရှင်းဒိမ်း ရဲ့အလောင်းဘေးမှာ ဓားနှစ်လက် ရှိနေတယ် လို့လည်း သိရပါတယ်။ ဘေးက ရှိနေတဲ့ လူတွေကလဲ တားဆီး ပိတ်ပင် မယ့် အစား မောင်သက်ဝေနင့်အတူ လူသတ်မှုကျူးလွန်မှာ မဟုတ်ဘူး လို့ ဘယ်သူမှမပြော နိင်ပါဘူး ။
ဒီလိုရက်ရက် စက်စက် သတ်ဖြတ် မှုကြောင့် ကျွန်တော်တို့ အတိုင်းအဝိုင်း၊ ဆွေမျိုး တွေတောင်မက အနီးအနား ရှိ မိတ်ဆွေ သိင်္ဂဟများလည်း ယုံကျုံး မရ နာကျင် ကြေကွဲ ခဲ့ရပါသည်။ မြန်မာ တနိင်ငံလုံးရဲ့ ဂုဏ် သိက္ခာ ကို လည်း ထိပါး စော်ကား ခဲ့ပါတယ်။
ဒီအဖြစ်အပျက် နဲ့ ပတ်သက်ပြီး မလေးရှားရဲ ကို တိုင်တန်း ခဲ့သော်လည်း အခုထိ အမှု လိုက် စစ်ဆေးပေးတာ မျိုး၊ လူသတ်မှုကျူးလွန်သူ မောင်သက်ဝေ ကိုကော ဖမ်းဆီးထိန်းသိမ်းတဲ့ သတင်း ဘာမှ မကြာရသေးပါဘူး။
ဒီမှုခင်းက အဓိကလူသတ် တရားခံမှာ ဘာမှ စာရွက်စာတမ်း အထောက်အထား မရှိထားဘူး လို့လဲ သိရှိရပါတယ်။ ဒီ လို ရက်ရက်စွာ သတ်ဖြတ်တဲ့ မှုခင်းကို ပြန်လည် စမ်းစစ်ကြည့်လိုက်သော် တိုင်းရင်းသားတွေကို အကြမ်းဖက်သော တိုက်ခိုက်မှု ဟုလည်း တစ်ဖက်နင်း မစောင်းသောအမြင်ဖြင့်တွေ့မြင်နေရ ပါတယ်။
ပေးပို့သူ
သေဆုံးသူ အတိုင်းအဝိုင်းမှ
မှတ်ချက်။ ။ ဤအမှုနဲ့ ပတ်သက်ပြီး အကြောင်းတစ်ခုခု ထူးခဲ့လျှင်တတ်နိုင်သလောက် ပြန်လည် တင်ဆက်ပေးမည်ဖြစ်ကြောင်း။
Unicode Version
မလေးရှား ကွာလာလမ်ပူ မြို့, ပူချွန်း ရပ်ကွက် မှာလူသတ်မှု ဖြစ်ပွား
Tuesday, February 16, 2016
မလေးရှား ကွာလာလမ်ပူ မြို့, ပူချွန်း ရပ်ကွက် မှာလူသတ်မှု ဖြစ်ပွား
Subscribe to:
Post Comments (Atom)
No comments:
Write comments