သမိုင်း

Theme images by Storman. Powered by Blogger.

Text Widget

Sports

Gadgets

Blog Archive

Travel

Definition List

Friday, July 10, 2015

ထူးခြားမှုတွေနဲ့ Dell ရဲ့ Inspiron 15 5000 series Laptop

Touch Screen တစ်ခုထဲမှာ လူနှစ်ယောက် မတူညီတဲ့ function တွေကို အသုံးပြုနိုင်မယ့် Dell ရဲ့ Inspiron 15 5000 series လက်ပ်တော့နဲ့ မီးဖိုချောင်၊ ပန်းခြံ၊ ဧည့်ခန်းတွေနဲ့ လိုက်ဖက်ညီအောင် ဒီဇိုင်းရေးဆွဲထားတဲ့ Dell Series တွေကို ဇူလိုင် ၉ရက်က Park Royal ဟိုတယ်မှာ မိတ်ဆက်ခဲ့ပါတယ်။
Inspiron 15 5000 series လက်ပ်တော့ဟာ ၁၅လက်မ မျက်နှာပြင်အကျယ်ရှိပြီး အဖြူ၊ အနီ၊ အမည်း စတဲ့ အရောင် ၅မျိုးနဲ့ ထုတ်လုပ်ထားပြီး ပါးလွှားပေါ့ပါးတာမို့ သယ်ရလွယ်ကူတယ်လို့ Christopher Choong က ပြောပါတယ်။ Dell ဟာ အသုံးပြုသူတွေရဲ့ အသံကို အမြဲနားထောင်ပြီး ဆန်းသစ်တဲ့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထုတ်လုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ဆုံးပေါ် 5th Gen Intel Core Professor ၊ i5-5200U Professor တို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ ဒီဇိုင်းဆင်ထားတဲ့ ဒီလက်ပ်တော့ဟာ 2GB Graphic လုပ်ဆောင်ချက်ရှိပြီး CD Drive လည်း ပါဝင်ပါတယ်။ ဘက်ထရီသက်တမ်းဟာ ၇နာရီအထိ အားမသွင်းဘဲ အသုံးပြုနိုင်မှာ ဖြစ်လို့ အလုပ်၊ ကျောင်းနဲ့ ဂိမ်းကစားဖို့ အတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။
လက်ပ်တော့ အားသွင်းဖို့ ၆နာရီကြာ အသုံးခံတဲ့ Power Companion ၊ projector 1220s အပါအဝင် Inspiron 7000 series နဲ့ Dell က နောက်ဆုံး အသစ်ထုတ်လိုက်တဲ့ All in One (AIO PC) ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။
တက္ကသိုလ်ကျောင်းသားတွေ အပါအဝင် မြန်မာပြည်သူတွေအနေနဲ့ 5000 series ကို သုံးသင့်သလို ကိုယ်လုပ်ဆောင်ရမယ့်အရာတွေကို အားသွင်းလို့မရတဲ့ ကျောင်းပြင်ပနေရာတွေ၊ ဥယျာဉ်ပန်းခြံတွေမှာ အေးအေးဆေးဆေး သွားရောက်အသုံးပြုနိုင်တယ်လို့လည်း Christopher Choong က အကြံပေးခဲ့ပါတယ်။

Src: Kamayut Media

No comments:
Write comments