Pu Cin Sian Thang
ZCD Logo
၁။ ပါတီဥက္ကဋ္ဌ-ပူကျင့်ရှင်းထန်
၂။ ပါတီဝင်အရေအတွက်- ရှစ်ထောင်ကျော်
၃။ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒ နယ်-တွန်းဇံ၊ တီးတိန်၊ ကလေး၊ တမူး၊ ဖလမ်းနှင့် ဟားခါးမြို့နယ်တို့၌ အနည်းဆုံးနေရာ ၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ-ချင်းအစား ဇိုမီးဟု ခေါ်ဆိုရန်နှင့် ဒီမိုကရေစီစနစ်အရ ပြည်သူများက ရွေးချယ်သော အစိုးရပေါ်ပေါက်ရေး။
၅။ ကိုယ်စားလှယ်လောင်းသတ် မှတ်ချက်-ပညာတတ်ဖြစ်ရမည်။ အသက်အရွယ်ရင့်ကျက်သူဖြစ်ရမည်။ သို့သော် ကျား၊ မ မခွဲခြားထား။
၆။ ပါတီရန်ပုံငွေ-ပါတီဝင်များ၏ ထည့်ဝင်ငွေဖြင့် အဓိကလည်ပတ်သည်။
၇။ ပါတီနောက်ခံသမိုင်းကြောင်း- ၁၉၈၈ အရေးအခင်းပြီးနောက် ဇိုမီးအမျိုးသားကွန်ဂရက်(ZNC)အဖြစ် စတင်ဖွဲ့စည်း၊ ၁၉၉၀ ရွေးကောက်ပွဲတွင် လေးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်နေရာရွေးချယ်ခံရ၊ ၂၀၁၂ သြဂုတ်တွင် ZNC အစား ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ခဲ့။
ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲ ရောက်လို့ရှိရင် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို ဘယ်လို ဆောင်ရွက်မလဲ။
ဇိုမီးကိုတော့ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ချင်းလို့ မခေါ်ဘဲ ဇိုမီးလို့ပဲခေါ်ရန်ဆိုတာ မူရှိပြီးသား။ အခြေခံဥပဒေပြင်ဆင်ရေးက တော့ ကျွန်တော်တို့ ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ မကိုက်ညီဘူးဆိုတာ ကျွန်တော်တို့မြင်တယ်။ ပြင်ဆင်ချင်တာတင်မကဘူး။ သုံးဖို့ တစ်ခုမှ မကောင်းဘူးလို့ ကျွန်တော်တို့မြင်တယ်။ အသစ်ပြန်ရေးမှကောင်းမယ်။ ဘာလို့လဲဆိုတော့ အခွင့်ထူးခံလူတန်းစားက အခြေခံဥပဒေမှာရှိတယ်။ အခွင့်ထူးခံလူတန်းစားရှိနေသရွေ့ ကျွန်တော်တို့ပြည်ထောင် စု မြန်မာနိုင်ငံတော်ဟာ ဘယ်တော့မှ ဒီမိုကရေစီဖြစ်မလာနိုင်ဘူး။
လွှတ်တော်ထဲ ရောက်ခဲ့ရင် ပြည်တွင်းငြိမ်းချမ်းရေးမှာ ဘယ်လို ဆောင်ရွက်ဖို့ ရှိလဲ။
လွှတ်တော်ထဲ မရောက်ရင်လည်း အခု လုပ်နေတာပဲ။ တိုင်းရင်း သား အဖွဲ့တွေ သေနတ်ကိုင်ပြီး အစိုးရကို တိုက်နေတယ်။ ကျွန်တော် တို့ ပြောပါတယ်။ မလုပ်ရဘူး။ ဒါနဲ့ ဖြေရှင်းလို့မရဘူး။ အေးအေးဆေး ဆေးဆွေးနွေးဖြေရှင်း ရမယ်ဆိုတာ။
ပြည်သူတွေရဲ့ဝင်ငွေ၊ ထွက်ငွေ မျှတအောင် ဘယ်လိုကူညီဆောင်ရွက် ပေးဖို့ရှိလဲ။
စီးပွားရေးက Free market economy ပေါ့။ အစိုးရနဲ့တင် မလုံလောက်ဘူး။ ပညာတတ်တွေကအစ ငွေကြေးတတ်နိုင်တဲ့ သူတွေ အားလုံးက လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ရမယ်။
ပြည်သူတွေက ဘာကြောင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးသင့်လဲ။
ကျွန်တော်တို့ပြည်သူတွေ မဲပေးကြတာ အဓိကက တွန်းဇံ၊ ကလေး၊တီးတိန်တို့က ဇိုမီးတွေ ဒီလူတွေက ပေးတာများတာ။ နောက် ဒီမိုကရေစီလိုချင်ကြတယ်။ နောက် ဖက်ဒရယ်လည်းပဲ ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ် အရင်းခံပြီးတော့ ပြည်ထောင်စုတည်ဆောက်ရမှာဆိုတော့ ဒါကို လိုချင်လို့ ပေးကြမှာပါ။
သမ္မတရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
ဒါကတော့ စိတ်နေသဘောထားက တကယ်တမ်း ပြည်သူလူထုနဲ့တစ်တန်းတည်း ဖြစ်မယ့်လူ၊ တကယ်လည်း အရည်အချင်းရှိတဲ့သူဖြစ် သင့်ပါတယ်။
ပါတီဥက္ကဋ္ဌအသက်-(၇၇)နှစ်
ပညာအရည်အချင်း-B.A(Law) -LLB
နိုင်ငံရေးဖြတ်သန်းမှု-၁၉၈၉ တွင် ZNC ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရ၊ လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP)တွင် ပါဝင်၊ ၂၀၁၂ တွင် ZCD ဥက္ကဋ္ဌတာဝန် ယူ၊ ၁၉၇၃ မှ ယနေ့အချိန်အထိ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် (၁၁) ကြိမ်ဖမ်းဆီးထိန်း သိမ်းခြင်းခံရ။
အလုပ်အကိုင်- ရှေ့နေ၊ နိုင်ငံရေးသမား။
စံပြပုဂ္ဂိုလ်-ဦးချန်ထွန်းအောင် (ဥပဒေပညာရှင်)၊ အေဘရာဟင် လင်ကွန်း။
ဆက်သွယ်ရန်လိပ်စာ - ၀၉-၄၀၁၅၄၀၅၃၁
Src: 7days Daily
Zomi Total population ca. 2,500,000 Languages Various Kuki , Mizo , Chin , Naga , Paite Religion Christianity , Animism , Buddhism , Laipian Related ethnic groups Naga , Meitei , Hmar , Mizo , Kuki Zomi [1] is the name of a major tribe found in various parts of South and South East Asia. The term Zomi meaning, Zo People [2] is derived from the generic name 'Zo', the progenitor of the Zomi. They are found in northwestern Myanmar, northeastern India and Bangladesh. Anthropologists classify them as Tibeto-Burman speaking member of the Mongoloid race. In the past they were little known by this racial nomenclature. They were known by the non-tribal plain peoples of Myanmar, Bangladesh and India as Chin, Kuki, or Lushai. Subsequently the British employed these terms to christen those 'wild hill tribes' living in the "un-admiral. They are Zomi not because they live in the highlands or hills, but are Zomi and call the...
Comments
Post a Comment