သမ္မတ ဦးသိန်းစိန်အစိုးရသည် တိုင်းရင်းသား များတောင်းဆိုနေကြသည့် “ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး” ကို လက်ခံသယောင် အလွယ်တကူပြောဆိုနေခြင်းသည် လိမ်ညာမှု ဖြစ်နိုင်၍ သတိထားကြရန် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က သတိပေးပြောဆိုလိုက်သည်။
တိုင်းရင်းသားအင်အားစုများတွင် သမ္မတ ဦးသိန်းစိန်အစိုးရ၏ ပြောဆိုချက်များအပေါ် နားယောင်နေသူ တချို့ ရှိနိုင်ပြီး နိုင်ငံရေးဆွေးနွေးပွဲအဆင့်ရောက်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်သို့ တိုင်းရင်းသားအင်အားစုများအားလုံး ဆွဲ သွင်း ခံရမည်ကို သတိထားရန် ဗိုလ်ချုပ်ကြီး အင်ဘန်လက ဇွန်လ ၃ ရက်နေ့ ၊ လော်ခီးလာ တိုင်းရင်းသား ညီလာခံတွင် ပြောဆို လိုက်ခြင်းဖြစ်သည်။
ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဥက္ကဋ္ဌလည်းဖြစ်၊ KIO ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ်ကြီး အင်ဘန်လ က “၂၀၀၈ ဥပဒေထဲမှာလည်း ဖက်ဒရယ်လိုလို ရေးဆွဲထားတာ လူကြီးမင်းတို့လည်း ရိပ်မိ ကြ မယ် လို့ ထင်ပါတယ်။ နိုင်ငံရေး ဆွေးနွေးကြတဲ့ အခါမှ ၂၀၀၈ ဥပဒေထဲကို ဆွဲထည့်သွားမှ နောင်တရတာမျိုး မဖြစ် အောင် တော့ သတိထားရမှာဖြစ်ပါတယ်” ဟု ပြောသည်။
ဗိုလ်ချုပ်ကြီး အင်ဘန်လက တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မ တော်(MNDAA)နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တို့သည် UNFC ၏ အဖွဲ့ဝင်များ ဖြစ် သကဲ့သို့ အစိုးရက တရားဝင် သက်မှတ်ထားသော မြန်မာနိုင်ငံသား တိုင်းရင်းသားများဖြစ်ကြသဖြင့် အစိုးရအနေဖြင့် ပြည်ပ ရန်သူသဖွယ် မဆက်ဆံသင့်ကြောင်းလည်း ပြောဆိုသည်။
ထို့ပြင် သမ္မတဦးသိန်းစိန်အစိုးရသည် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်လျင် တိုင်းရင်းသားများဘက်မှ တောင်းဆိုမှု များ ကို လိုက်လျော နိုင်ကြောင်း ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိုယ်တိုင်ချိုးဖောက်နေပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသော ဦးတည်ချက်များ အတွက်သာ အစိုးရက ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။
လော်ခီးလာတိုင်းရင်းသားညီလာခံ ဒုတိယနေ့တွင် ဗိုလ်ချုပ်ကြီး အင်ဘန်လ က အစည်းအဝေး သဘာပတိအဖြစ် တာဝန် ယူခဲ့ခြင်းဖြစ်ပြီး ပထမနေ့ သဘာပတိအဖြစ် တာဝန်ယူခဲ့သော KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက အစိုးရနှင့် အပစ် ရပ် ရေး ဆွေးနွေးနေသည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနိုင်းရေး အဖွဲ့ NCCT အနေဖြင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ရဲရဲတင်းတင်းလက်မှတ်ထိုးရန် အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းပြောဆိုခဲ့သည်။
ယနေ့ ဆွေးနွေးပွဲတွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် Single Text အတည်ပြု (မူကြမ်း) အပေါ် တဖွဲ့ချင်းစီ၏ သဘောထားအား တင်သွင်းခြင်းနှင့် ရှင်းလင်းခြင်း ပြုလုပ်ကြမည်ဖြစ်ပြီး သတင်းမီဒီယာများအပေါ် တင်း ကျပ် မှုများပြုလုပ်ခဲ့ကြောင်း၊ သဘာပတိ၏ မိန့်ခွန်းပြီးသည်နှင့် သတင်းမီဒီယာများကို အစည်းအဝေးခန်းမအတွင်းမှ ထွက်ခွာစေခဲ့ကြောင်း သိရှိရသည်။
Zomi Total population ca. 2,500,000 Languages Various Kuki , Mizo , Chin , Naga , Paite Religion Christianity , Animism , Buddhism , Laipian Related ethnic groups Naga , Meitei , Hmar , Mizo , Kuki Zomi [1] is the name of a major tribe found in various parts of South and South East Asia. The term Zomi meaning, Zo People [2] is derived from the generic name 'Zo', the progenitor of the Zomi. They are found in northwestern Myanmar, northeastern India and Bangladesh. Anthropologists classify them as Tibeto-Burman speaking member of the Mongoloid race. In the past they were little known by this racial nomenclature. They were known by the non-tribal plain peoples of Myanmar, Bangladesh and India as Chin, Kuki, or Lushai. Subsequently the British employed these terms to christen those 'wild hill tribes' living in the "un-admiral. They are Zomi not because they live in the highlands or hills, but are Zomi and call the...
Comments
Post a Comment